အပိုင်း(၁)

40K 1.1K 7
                                    

အမုန်းတရားတို့၏မာယာ

လူတစ်‌ယောက်ဟာ သူ့ဘ၀မှာ တစ်စုံတစ်ယောက်ကို အသက်ပေးလောက်အောင်ချစ်နေနိုင်တယ် ပြီးတော့ တဆက်တည်းမှာဘဲ အဲ့လူကို အသက်နဲ့ရင်းရလောက်အောင် မုန်းနေတတ်ပြန်ပါသတဲ့။

... 💔 ...

ကိုကိုက အရမ်းတော်တာဘဲ ကျွန်တော့်ဘ၀ရဲ့အရေးကြီးဆုံးနေရာနှစ်ခုလုံးကို ပိုင်စိုးထားနိုင်တယ် ဘယ်‌နေရာ‌တွေလဲသိလားကိုကို ကျွန်တော့်ဘ၀ရဲ့ အချစ်ရဆုံးလူ နဲ့ အမုန်းရဆုံးလူ‌ဆိုတဲ့ နေရာတွေပေါ့ ကိုကိုရ

-မာန်သော်တာ

...

မင်းငါ့ကိုချစ်နေရင်းနဲ့ အဲ့လောက်တောင်မုန်းခဲ့ရသလား သော် မင်းရဲ့အမုန်းတွေကိုခံယူရတာ ငါပင်ပန်းပါတယ် ဒါပေမဲ့ အဲ့ထက်ပိုပင်ပန်းတာက ငါ့ကိုမုန်းရလွန်းလို့ နွမ်းနယ်နေတဲ့မင်းကိုကြည့်ရတာဘဲ သော်ရဲ့

-မာန်၀င့်ထည်

...

အပိုင်း(၁)

"အမိန့်။ အဘဦးကျော်လှ၏သား မောင်ဇော်မြင့်သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄အရ အပြစ်ရှိကြောင်းပေါ်ပေါက်သ‌ဖြင့် အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်တိတိ ကျခံစေ။"

အနက်ရောင်အပေါ်၀တ်ရုံ၀တ်ထားသော တရားသူကြီးရဲ့အမိန့်ချမှတ်သံအဆုံးမှာတော့ ခြောက်ကပ်ကပ်တရားရုံးထဲမှာ သင်ပြင်းချသံတချို့ထွက်ပေါ်လာလေ၏။

တရားရုံးလေးရဲ့၀န်းကျင်မှာ လူတွေဟာ ကျိုးတို့ကျဲတဲ။

အကြော်သည်မတစ်ယောက်ရဲ့ ကားတိုက်မှုကို ဘယ်သူ့မှစိတ်၀င်တစားနားမထောင်ခဲ့ကြ။ လာရောက်ကြားနာသောလူတွေရဲ့မျက်နှာဟာလဲ ဗလာမျက်လုံးနဲ့ စိတ်မ၀င်စားဟန်တွေသာ ပြည့်နှက်နေခဲ့ကြ၏။

"သား အဲ့လူနားသွားချင်တယ်"

ခြောက်နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့ တိုးရှရှအသံလေး။ ထိုကလေးရဲ့လက်သေးသေးလေးတွေက ဘေးနားကအမျိုးသမီးကြီးရဲ့အင်္ကျီစ‌ကို တင်းကပ်နေအောင်ဆုပ်ကိုင်ထား‌၏။

တရားခံရှိရာဘက်သို့ လှမ်းကြည့်နေခဲ့သော ကလေးရဲ့မျက်၀န်းတစ်ဝိုက်တွင် ခြောက်ကပ်ကပ်မျက်ရည်စီးကြောင်းများ။ သို့သော် မျက်လုံးအိမ်လေးတွေကတော့ ခံစားချက်မဲ့နေသူကဲ့သို့ ဗလာသက်သက်သာ။

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now