အပိုင်း(၃၉)

4.4K 268 1
                                    

"နော် အန်တီကြည်ပြာကလဲ သုပ်ပေးပါလို့"

သော်လေးက Kitchen ရဲ့ ခါးပန်းဆင့်နားလေးတွင် ‌ဒူးပေါ်လက်လေးနှစ်ဖက်ထောက်ရင်း ကုပ်ကုပ်လေးထိုင်နေ၏။ ဒီနေ့မှ လက်ဖက်သုပ်မစားရရင် လုံး၀မထတော့မည့်ဟန်။

"သခင်လေးနဲ့မတည့်ပါဘူးကွယ်။ သခင်လေးအကိုက သောင်းကျန်းနေပါ့မယ်"

တစ်လောက သော်လေးကို လက်ဖက်သုပ်အကျွေးကောင်းပြီး ညကျလေအောင့်တော့ မာန်၀င့်ထည်က ယုယကိုခေါ်ဆူလို့မပြီး‌တော့။ ကြည်ပြာသုပ်ပေးတာမှန်း သိသော်လည်း သူမကိုတော့ စကားမပြောချင်တာမို့ ယုယကိုအစားခေါ်ဆူခြင်း ဖြစ်လေသည်။

"သူများကလေးတွေ ဆယ်တန်းဖြေခါနီးဆို အိမ်မှာဘုရင်ဘဲတဲ့။ ဘာလုပ်လုပ်၊ ဘာစားချင်ချင် အဲ့ကလေးသဘောဘဲတဲ့"

သော်လေးက ပါကေးခင်းထားသောကြမ်းပြင်ကို စူးစိုက်ကြည့်ရင်း ဆူပုတ်ပုတ်လေးဖြင့် စကားနာထိုး၏။ ဒီတစ်အိမ်လုံးတွင် သော်လေးကလေးအဆန်မိဆုံးနဲ့အချွဲမိဆုံးလူက ကြည်ပြာဘဲဖြစ်လေသည်။

"သခင်လေးရယ် ... ခုဘဲ သခင်လေးစားချင်လှချည်ရဲ့ဆိုလို့ ပြည်ကြီးငါးသုပ်ပေးမလို့လေကွယ်။ လက်ဖက်သုပ်ကတော့ မစားပါနဲ့နော်"

"ဟင့်အင်း ... မသိဘူး သော်လေးခု အဲ့တာဘဲစားချင်တာ"

ကလေးလေးလိုဂျစ်တိုက်ကာ ငုတ်တုပ်လေးထိုင်နေသော သော်လေးကိုကြည့်ရင်း ကြည်ပြာစဉ်းစားရခက်နေမိ၏။

"ဒီလိုဆို ခရမ်းချဉ်သီးအစာသွပ်စားကြည့်ပါလား"

"ဟင်"

သော်လေးက ခေါင်းငုံ့ရာမှ မျက်လုံးဝိုင်းလေးဖြင့် မော့ကြည့်လာ၏။

"မစားဖူးဘူးမလား ... ဒီနေ့လုပ်ကျွေးမယ်။ ထ... ထ ဒီမှာဂျစ်တိုက်မနေဘဲ ဧည့်ခန်းထဲမှာစောင့်‌နေ သွား။ သခင်လေးက လိမ္မာပါတယ်"

သော်လေးက ခေတ္တမျှ မျက်လုံးလေးထောင့်ကပ်ရင်း စဉ်းစားဟန်ပြုနေသေး၏။ နောက်မှ ထရပ်လိုက်ရင်း

"စားကြည့်လို့ကောင်းမှနော် အန်တီကြည်ပြာ ... မကောင်းရင် သော်လေးက လက်ဖက်သုပ်ဘဲစားမှာဗျ"

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now