အပိုင်း(၃၀)

5.2K 307 5
                                    

ကဆုန်လဖြစ်၍ ရာသီပန်းဖြစ်သော အဝါရောင်စကားဝါပန်းလေးတွေက ဥယျာဉ်ထဲတွင်လှိုင်လှိုင်ပွင့်လို့နေခဲ့၏။ မာန်၀င့်ထည်က သော်လေးတို့ပန်းစိုက်သည့်နားတွင် Laptop တစ်လုံးနှင့် အလုပ်ရှုပ်လို့နေခဲ့၏။

"ဒါဆို ကဆုန်လရဲ့ပန်းက စကားဝါပေါ့နော် သခင်လေး"

"ဟုတ်တယ် သော်လေးဖတ်ဖူးတဲ့စာအုပ်ထဲမှာဆိုလေ စကားဝါပန်းက ပုပ္ပားရဲ့ပြယုပ်တွေထဲကတစ်ခုဘဲ တဲ့"

အလုပ်ရှုပ်နေပေမဲ့ သော်လေးရဲ့စကားသံလေးဟာ မာန်၀င့်ထည်နားထဲအတိုင်းသားရောက်တာမို့ ပြုံးမိရ၏။ အပြင်ဆို ပုဂံကလွဲ မရောက်ဖူးတဲ့ကလေးငယ်ဟာ စာအုပ်ဖတ်တဲ့အကျိုးကြောင့်လားမသိ၊ နေရာစုံသိ၏။

"‌သော်လေးတို့ဥယျာဉ်ထဲမှာ ဘာပင်လိုသေးတယ်လို့ထင်လဲ ကိုဖိုးထူး"

"စုံနေပါပြီ သခင်လေးရာ... သခင်လေးလျှောက်၀ယ်နေတာနဲ့ ပန်းဆိုင်ထက်ကိုစုံနေပြီ။ နောက်ဆို သခင်လေး၀ယ်နေကျဆိုင်တွေက ဒီကနေ ပျိုးပင်ပြန်လာ၀ယ်နေရတော့မှာဗျ"

"ဟီး... ဟုတ်လား"

"ဟုတ်ပါ့ဗျာ"

ပန်းအိုးအသစ်စိုက်ဖို့မြေအိုးကို လက်တွေနဲ့ပါထိုးဆွနေတဲ့ကလေးဟာ မာန်၀င့်ထည်အမြင်မှာတော့ ဥယျာဉ်မှူးနဲ့မတူဘဲ ဆော့နေတဲ့ကလေးလေးလိုသာ..။ ရှပ်အင်္ကျီဖြူဖြူလေးပေါ် အညစ်အကြေးတချို့တောင် ပေနေခဲ့သေးသည်။

"ကိုကို သော်လေးကို ပျိုးပင်ဆိုင်လိုက်ပို့ပေးဦးနော်"

ငေးကြည့်နေမိသောမျက်၀န်းတို့ကို ကမန်းကတန်း Laptopစီအမှီပို့ရင်း မသိချင်ယောင်ဆောင်နေမိ၏။

"ကိုကို ကြားလားလို့"

"ကိုကို အလုပ်ရှုပ်နေတယ်လေကွာ"

မာန်၀င့်ထည်ရဲ့ခပ်ဆတ်ဆတ်စကားသံကြောင့် လှည့်မကြည့်လဲ နှုတ်ခမ်းလွှာပါးပါးလေး ရှေ့ကိုစူထော်နေတာမှာကို အသေအချာသိ၏။

"သခင်လေးကလဲ ပန်းပင်တွေစုံနေပါပြီဆို"

"အားဆေးသွားဝယ်ချင်လို့ပါဆို"

ဖိုးထူးကို သံယောင်လိုက်ပြီးပြောသောအသံဟာ ဖိုးထူးလိုမာဆတ်ဆတ်ဖြစ်မနေဘဲ ဆူအောင့်အောင့်အသွင်။ ခုတလော ဒီကလေး လူတအားကပ်၏။ ပြီးတော့ ခပ်ချွဲချွဲရှိတတ်သေးသည်။

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now