ဇာတ်သိမ်းပိုင်း

17.1K 493 117
                                    

သော်လေးရဲ့ဈာပနကိစ္စအ၀၀ပြီးဆုံးချိန်မှစ၍ မာန်၀င့်ထည်ဟာ သူ့ရဲ့အခန်းပြင်သို့ခြေတစ်လှမ်းမှထွက်မလာတော့။ နေ့နေ့၊ ညည အခန်းအောင်းရင်း ငိုရှိုက်နေ၏။ တခါတရံအရူးလိုအော်ဟစ်နေခဲ့လေသည်။

သူ့အခန်းတွင် ကွဲရှနေသောပစ္စည်းတို့ဟာ ဟိုတစ်စ၊ ဒီတစ်စ။ သူသေချင်၏ ဒါပေမယ့် သေမရပါ။ သူ့မှာသေခွင့်မရှိ၊ ထိုကလေး... သူ့ရင်ကိုစွန့်ခွာပြေးသောကလေးသည် သူ့ကိုသတ်သေခွင့်မပြု။ အပြစ်ကြွေးဆပ်ပါတဲ့လေ ဟား ဟား အသက်ရှင်ကျန်ပြီး အပြစ်ကြွေးဆပ်ပါ လို့ဆိုခဲ့၏။

ကုတင်ပေါ်မှာ ငူငူကြီးထိုင်နေခဲ့သော သူ့ပုံရိပ်ဟာ ရူးသွပ်သူတစ်ယောက်လို။ ထူထဲရှည်လျားသောဆံပင်၊ မရိတ်သိမ်းခဲ့သော ပါးသိုင်းမွှေးများ၊ မျက်ကွင်းညိုများ။ အကျည်းတန်လွန်းလှပါ၏။ တန်ပါလေ့စေလေ။

ကိုကို ဆိုတဲ့လူဟာ ဒီလောကတွင် ပျောက်ရှသွားခဲ့လေပြီ။ ထိုလူ့ရဲ့စိတ်ဝိညာဉ်သည် သော်လေးဆိုတဲ့ကလေးငယ်နှင့်အတူ လွင့်ပါးခဲ့လေပြီ။ ပျောက်ကွယ်သွားလေပြီ။ မာန်၀င့်ထည်က ခေါင်းအုံးနဘေးမှ စာရွက်ခေါက်လေးကိုလှမ်းယူရင်း ဘယ်နှကြိမ်မြောက်မသိသောဖတ်ရှုခြင်းကို စတင်မိ၏။

သို့/ ကိုကို

ဒီစာကိုဖတ်တဲ့အချိန် ကိုကိုငိုနေလိမ့်မှာပေါ့။ မငိုပါနဲ့လေ... ပျော်ပါ။ ကိုကို့အတွက် မပျော်ရင်တောင် သော်လေးအတွက်ပျော်ပေးပါ။ သော်လေးလွတ်မြောက်သွားခဲ့ရပြီ။ နေ့နေ့၊ ညညငိုနေရတဲ့မျက်ရည်တွေကြားက၊ မချစ်သင့်တဲ့လူကိုမှ ရွေးချစ်မိခဲ့တဲ့ပူလောင်ခြင်းတွေကြားက ထာ၀ရလွတ်မြောက်သွားခဲ့ရပြီ။

အသေစောရလေခြင်း လို့ ကိုကို၀မ်းမနည်းနေပါနဲ့။ ဒီရှင်သန်ခွင့်ရတဲ့ ဆယ့်ရှစ်နှစ်မှာ ရင်နင့်ရအောင်နာကျင်ခဲ့ရသလို ထိုက်သင့်တဲ့ပျော်ရွင်မှုတွေကိုလဲ အချိုးကျပိုင်ဆိုင်ခဲ့ရတာမို့ ကိုကိုက သော်လေးကို မနှမြောနေပါနဲ့။ လူဖြစ်ရတာ လုံလောက်သွားရှာပြီဘဲ လို့တွေးပြီး ဂုဏ်ယူပေးပါ။

လူဆိုတာ အမုန်းတရားကင်းလေး အေးချမ်းလေတဲ့ ကိုကိုရဲ့။ သော်လေးလေ ဒီအချိန်ရောက်တဲ့အထိ ဘယ်သူ့ကိုမှမမုန်းခဲ့ဖူးဘူး သိလား။ လောကမှာ သော်လေးအမုန်းသင့်ဆုံးကိုကို့ကိုတောင် သော်လေးကမမုန်းနိုင်မှတော့ ဘယ်သူ့ကိုများ သော်လေးက မုန်းနိုင်ပါ့မလဲလေ။

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now