အပိုင်း(၁၈)

5.5K 363 4
                                    

အိမ်ကြီးရဲ့ဆင်၀င်အောက်ဘက်မှတဆင့် အကြောင်းပြချက်မရှိဘဲ သော်လေးက အုတ်တံတိုင်းဘက်တွေကိုငေးမောနေခဲ့မိ၏။ နှစ်တွေကြာလာတာနဲ့အမျှ ခြံကြီးကအိုဟောင်းမသွားဘဲ အထပ်ထပ်ပြင်ဆင်မှုကြောင့် ပို၍ပင်ခမ်းနားလာခဲ့သည်သာ...။

အိမ်ကြီးကထည်ဝါလှ၏။ ဥယျာဉ်ဘက်က ပန်းမျိုးစုံကရင်အေးစေပါသည်။ ရေကန်ကြီးက ပြာလဲ့လို့နေလေပုံမှာ ရှုမောစရာ။

မျက်လုံးထဲ၀င်ရောက်လာသော ဖြူလျလျကောင်လေးက ထိရက်စရာမရှိလောက်အောင် ငေးမောပစ်ချင်စရာသာကောင်းနေခဲ့လေ၏။

မာန်ဝင့်ထည်က အိမ်ကြီးရဲ့တံခါး၀ကရပ်ကာ သော်လေးကို အကြည့်မလွှဲတမ်းကြည့်နေမိခဲ့သည်။

ဒီကလေးငယ်ကို ပိုင်ဆိုင်ရသူသည် ကမ္ဘာပေါ်မှာကံအကောင်းဆုံးသူသာဖြစ်မည်ဟု မှတ်ချက်ပြုမိတော့ သူကံကောင်းချင်သွားမိသည်။ ဒါပေမဲ့ သူတို့နှစ်ယောက်က မဆုံစည်းနိုင်တဲ့ အခြားတစ်ဖက်စီကို ရပ်မိလျက်သားဖြစ်ခဲ့ကြရလေပြီ။

နှုတ်ခမ်းဖူးဖူးလေးစီ အကြည့်ရောက်မိတော့ တဖွဖွလှုပ်နေတာတွေ့ရ၏။ ဘုရားဂုဏ်တော်တွေပွားများနေမှန်းသေချာလှသော ထိုနှုတ်ခမ်းလေးကိုကြည့်ရင်း ညတစ်ညဆီအာရုံရောက်သွားရပြန်သည်။

ဒီကလေးနဲ့ပက်သက်သမျှဟာ ငရဲလားဖို့အသေအချာပင်...။

ကားမီးခိုးရောင်စိုစိုလေးက ခြံထဲသို့ကျင်လည်စွာ ၀င်ရောက်လာလေသည်။ ကားပေါ်က ဆင်းလာသူက ရှိန်းထူး။ ခုတလော ရှိန်းထူးအိမ်ကိုလာတာ အလာစိတ်လွန်းတာကို မာန်၀င့်ထည်တကယ်သဘောမကျပါ။

"ဘာ‌တွေငေးနေတာလဲ...သော်လေး"

ရောက်တာနဲ့ကားပေါ်ကဆင်းလာသောရှိန်းထူးအကြည့်တို့သည် သော်လေးထံသို့သာ...။

ဒါဟာ သူသဘောမကျသည့်အကြောင်းအရင်းပင်။ ယောင်္ကျားချင်း ဘယ်ခြေလှမ်းလှမ်းမည်ကိုသိတာမို့ ရင်မောရသည်။ ဟိုကလေးကရော တကယ်မရိပ်မိတာဘဲလားလို့ မချင့်မရဲဖြစ်ရ၏။

"‌အော်... ဒီလိုပါဘဲဗျ"

ရှိန်းထူးတစ်ချက်ပြုံးလိုက်မိ၏။ အပြုံးအရယ်နည်းတဲ့သူသည် ဒီကလေးရှေ့ရောက်တာနဲ့ ဖောဖောသီသီပြုံးတတ်လာခဲ့ခြင်းကို သူကိုယ်တိုင်ရိပ်မိနေခဲ့ပြီ။

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now