အပိုင်း(၃၁)

5.2K 311 16
                                    

မင်္ဂလာဆောင်ဖို့ သုံးရက်အလို...။

ဒေါက်... ဒေါက်။

အိတ်ထုတ်တစ်ထုတ်ကို လက်မှာကိုင်ထား‌ခဲ့သော ယုယ။

ယုယက လက်ထဲမှအိတ်ကို သော်လေးထဲ ရိုသေစွာကမ်းပေး၏။

"ဘာကြီးလဲဗျ"

"မင်္ဂလာပွဲတတ်ဖို့တဲ့... အကိုလေးပို့ခိုင်းလိုက်တာ"

သော်လေးရင်ထဲမှာ နင့်ခနဲ။ နှုတ်ခမ်းတွေကတော့ လျော့ရဲရဲပြုံးမိသည်။

"အော်... ကိုကိုပြန်ရောက်ပြီလား"

"ဟုတ်ကဲ့ရှင့်... အပေါ်တက်သွားပြီ"

သော်လေးက ခေါင်းဘဲညိတ်ပြရင်း ပြတင်းဘက်ငေးလိုက်တော့ ယုယကလဲအလိုက်တသိထွက်သွား၏။

အိတ်ကိုဖွင့်ကြည့်တော့ ခပ်ကြီးကြီးဘူးတစ်ဘူးထဲမှ အနောက်တိုင်း၀တ်စုံလေးက ခန့်ထည်စွာ။ ကိုကိုက အရွေးတော်တာ‌ဘဲ။ မဟုတ်ပါဘူး ယွန်းရွေးပေးတာလဲ ဖြစ်မှာပေါ့။

ကိုကို့သတို့သမီးလောင်းက အ‌ရွေးတော်တယ်။ ကျွန်တော့်ရဲ့နှလုံးသား အစိတ်စိတ်အမွှာမွှာကွဲကြေရတယ်။

အသစ်စက်စက် Suit လေးပေါ့ မျက်ရည်တစ်ပေါက်က ခုန်ဆင်းမိတ်ဆက်သွား၏။

ဒီညသော်လေးအိပ်လို့ရပါတော့မလား ကိုကိုရယ်။ ဒီ၀တ်စုံက တစ်ညလုံး သော်လေးကို ခြောက်လှန့်‌နေတော့မှာဘဲ။

... 🖤 ...

နောက်တစ်နေ့မနက်စာစားချိန်မှာ သော်လေးဟာ ဆင်းမလာခဲ့။ ယုယကို သွားခေါ်ခိုင်းရင် မာန်၀င့်ထည်က ငြိမ်သက်စွာစောင့်ဆိုင်းနေခဲ့၏။ သော်လေးကြိုက်တဲ့ခရေပန်းအနံ့ဟာ အိမ်ထဲထိ၀င်ရောက်ထုံ့မွှမ်းနေခဲ့သည်။

"အကိုလေး... အကိုလေး"

ယုယက အမြန်ပြေးဆင်းလာရင်း မာန်၀င့်ထည်ကို တရစပ်အော်ခေါ်၏။ မာန်၀င့်ထည်ရင်ထဲ ထိတ်ခနဲဖြစ်သွားကာ လှေကားရင်းဆီအမြန်ရောက်သွားမိ၏။

"ဘာလဲ... ဘာဖြစ်တာလဲ"

"သခင်လေးကို ခေါ်လို့မရဘူး... သတိလစ်နေတာလားမသိဘူး။ ကိုယ်တွေလဲပူခြစ်တောက်နေတာဘဲ"

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now