အပိုင်း(၁၂)

5.8K 383 10
                                    

လှုပ်ခတ်မှုအလျှင်းကင်းမဲ့ကာ ငြိမ်သက်နေသောရေကူးကန်ကို မာန်၀င့်ထည်ထိုင်ကြည့်နေတာ နှစ်နာရီ နီးပါးရှိခဲ့ပြီ။ ခဏခဏကြည့်မိနေ‌သော နာရီဒိုင်ခွက်ကိုထပ်ကြည့်မိပြန်တော့ 5:25AM..။

ညက တံခါးကိုဘယ်လိုဝုန်းဒိုင်းကြဲထုပေမဲ့ မဖွင့်ပေးသော သော်လေးကြောင့် သူ့မှာအိပ်လို့ပင်မရလောက်အောင် ဒီမနက်မှာရှင်းပြဖို့စိတ်စောနေမိ၏။ ဆောင်းနှောင်းပိုင်းကာလမို့ အတိုးချတိုက်ခတ်နေသောလေတို့ကိုပင် ချမ်းတယ်လို့မခံစားရလောက်အောင် ရင်ကပူလောင်လို့နေရသည်။

နာရီထပ်ကြည့်ရင်းမှ မစောင့်နိုင်စွာ အောက်ထပ်သို့ဆင်းလာလိုက်၏။ သော်လေးအခန်းတံခါးရှေ့တွင် တစ်ခေါက်နှစ်ခေါက်လျှောက်နေရင်းမှ မငြိမ်သက်လှသောစိတ်ကြောင့် လေသာဆောင်ဘက်သို့ထွက်လာလိုက်သည်။

လူကုံတန်တို့၏ဆိတ်ငြိမ်ရပ်ကွက်မို့ခြံ၀န်း၏အပြင်ဘက်တွင်လဲ လူခြေနည်းနေတုန်းပင်။ လမ်းလျှောက်ထွက်သောလူကြီးသူမတစ်ချို့လောက်သာတွေ့ရသည်။ လူငယ်အများစုက အင်းလျားဘက်ကို တကူးတကသွားတတ်ကြတာမို့...။

"ကိုကို"

နောက်ပါးမှခေါ်သံကြားလို့ လှည့်ကြည့်မိတော့ Pajamaလေးပေါ်မှာ ဆွယ်တာခပ်ပါးပါးလေးထပ်၀တ်ထားရှာသော သော်လေးဟာ အိပ်ချင်မပြေသေးဟန်ဖြင့် မျက်လုံးများကိုပွတ်သပ်နေတုန်း...။

မာန်၀င့်ထည်က ကမန်းကတန်းနောက်ပြန်လှည့်ကာ သော်လေးနှင့်မျက်နှာချင်းဆိုင်လိုက်၏။ သူ့ကို ဟိုတ‌စ်နေ့ကလို စကားမပြောတော့ဘူး လို့ထင်နေမိခဲ့တာ။

"သော်လေး မနေ့ညက ကိုကို"

"ကိုကို အစောကြီးဘာထလုပ်နေတာလဲ"

စကားလမ်းကြောင်းလွှဲဟန်မေးသော သော်လေးမျက်နှာကိုကြည့်လိုက်တော့ မျက်ခွံလေးတွေမို့တက်နေတာမို့ ညကငိုထားသည်မှာ အသေအချာပင်။

"ကိုကို သော်လေးကိုတောင်းပန်မို့"

"အော်"

သော်လေးက နှုတ်ခမ်းလေးလှုပ်သွားရုံသာ ပြုံး၏။ ဒါပေမဲ့ ထိုအပြုံးဟာ သူ့ရင်ကိုဝုန်းဒိုင်းကျဲစေတာအမှန်။ မြင်နေကျဒီအပြုံးတွေကို ခုမှသူ့ရင်ဘတ်က ထူးဆန်းစွာတုံ့ပြန်နေတာကို မာန်၀င့်ထည်သတိထားမိ၏။

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now