အပိုင်း(၄)

8.3K 540 5
                                    

သော်လေးမေ့လဲပြီးတဲ့နောက်ပိုင်းကတည်းက ဖေဖေသည် သော်လေးနဲ့ကျွန်တော့်ကိုမိတ်ဆက်ပေးဖို့မကြိုးစားတော့ချေ။ ဒါပေမဲ့ အဲ့အတွက်တခုခုကိုတွေးတောနေတတ်တာကိုတော့ ကျွန်တော်ရိပ်မိ၏။

Kitchenခန်းထဲသို့ Green Teaယူရန်၀င်လာမိခိုက် နွားနို့ခွက်ကိုင်ထားသောကြည်ပြာနဲ့တည့်တည့်တိုးရလေသည်။

"အော် အကိုလေးဘာယူမို့လဲရှင့်.."

"Green Tea.. နွားနို့က ဟိုကလေးအတွက်လား"

"ဟုတ်ကဲ့.."

"ကျွန်တော့်ကိုပေး"

ကြည်ပြာက တချက်အကဲခတ်သလိုကြည့်ရင်း မာန်၀င့်ထည် လက်ထဲသို့ နွားနို့ခွက်ထည့်ပေးလိုက်၏။ သူသောက်မယ့်ဟာတောင်မယူ‌တော့ဘဲ သူ့ညီလေးအတွက်စိတ်ပူရှာတာလို့တွေးရင်း ပြုံးမိရပြန်သည်။

သော်လေးကလဲ တကယ့်ချစ်စရာလေးမဟုတ်လေလား..။ ‌ကလေးသာဆိုတယ် ဂျီမတိုက်ဘဲ လူကြီးလေးလို အေးတိအေးစက်နေတတ်လှသည်။ တခါတရံဆို ငေးငေးငိုင်ငိုင်ရှိတတ်သေး၏။

ချောက်..။

တံခါးသံကြားတော့ သော်လေးကတံခါးဘက်သို့အကြည့်ပို့မိလိုက်သည်။ အန်တီကြည်ပြာထင်ပါရဲ့။

တဖြေးဖြေးနီးကပ်လာ‌တဲ့ခြေလှမ်းသဲ့သဲ့ရဲ့နောက်မှာတော့ သော်လေးမမေ့နိုင်တဲ့အနံ့က နှာခေါင်းထဲသို့ တိုး၀င်လာပြန်တာမို့ ပေါင်ပေါ်တင်ထားမိသောလက်တို့ကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ရင်းမှ ထိုလူရှိမယ့်နေရာကိုမှန်းဆကာ ခပ်စူးစူးလေးကြည့်ပစ်လိုက်မိသည်။

မာန်၀င့်ထည်က နွားနို့ခွက်ချပေးပြီးတဲ့နောက် သော်လေးရဲ့ခပ်စူးစူးမျက်၀န်းတွေနဲ့စုံလိုက်ရတာမို့ ခြေတစ်လှမ်းပင် လန့်ဖြန့်ကာဆုတ်လိုက်မိလေ၏။

‌လက်ဖျားတို့အေးစက်တုန်ယင်လာတာမို့ ‌အခန်းဘက်သို့ချက်ချင်းခြေဦးလှည့်မိလိုက်တော့ ကုတင်ပေါ်မှာခြေလေးဆင်းရင်း သူ့ကိုလှမ်းကြည့်နေသောကလေးက တချက်လှုပ်ရှားလာကာ

"ကိုကိုလား.."

မာန်၀င့်ထည် လက်သီးကိုပင် ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိ၏။ ဒါပေမဲ့ ခေါင်းကတော့ငုံ့ထားမိဆဲ။ သော်လေးရဲ့မျက်၀န်းတွေကို ကျွန်တော်တကယ်မရင်ဆိုင်ရဲပါ။

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now