အပိုင်း(၃၅)

5.3K 280 10
                                    

တစစီပြန့်ကျဲနေတဲ့ပန်းအိုးပဲ့တွေနားမှာ မာန်၀င့်ထည်က အတန်ကြာတဲ့အထိရပ်ရင်း စိတ်တို့ကိုလျော့ချနေမိ၏။ သူ့ရဲ့ဒီစိတ်နဲ့သာ သော်လေးနဲ့စကားဆက်ပြောရရင် သော်လေးကိုပါ အော်မိတော့မှာအသေအချာမို့ ကိုယ့်စိတ်ကိုပြန်ဖြေနေမိ၏။

သော်လေးဆေးရုံမှာရှိနေစဉ်ကတည်းက သူအော်ဆူမိခဲ့တာတွေကြောင့် ဒီလို‌ဖြစ်ရတယ်လို့တွေးရင်း သူ့ကိုသူအပြစ်တင်မဆုံးခဲ့။ လူနာကုတင်ပေါ်မေ့မျောနေသော သော်လေးကိုကြည့်ရင်း နောက်ဘယ်တော့မှမဆူတော့ဘူးရယ် လို့ဆုံးဖြတ်ချက်အထပ်ထပ်ချမိခဲ့၏။

တံခါးလက်ကိုင်ကိုဆွဲလှည့်ရင်း သက်ပြင်းကိုခပ်ပြင်းပြင်းချလိုက်မိ၏။ ဒီကလေးဟာ သူ့ကိုစကားတတ်စွာနဲ့ အရှိုက်ထိအောင်ပြောဦးမည်မှာ အသေအချာ။

ချလောက်...။

"ကိုကို"

အခန်းထောင့်လေးမှာ ဒူးလေးတုပ်ရင်း ကျုံ့ကျုံ့လေးထိုင်နေတဲ့သော်လေးက သူ့ကိုခေါ်ရင်းအပြေးထလာခဲ့ပေမဲ့ သူ့ကိုကျော်ပြီးတံခါးဘက်ပြေးထွက်သွား၏။ ဧည့်ခန်းထဲမှ ဖန်ကွဲစတွေကိုကြည့်လိုက်၊ ခြံ၀ကိုကြည့်လိုက်နဲ့ မငြိမ်မသက်ဖြစ်လို့နေခဲ့သည်။

သော်လေးနားထဲ ကိုကို့လက်ချက်နဲ့အသက်ဆုံးခဲ့ရသော အမေ့အသံတွေ အထပ်ထပ်ပြန်ကြားယောင်လာရသလို၊ သူနဲ့ရှိန်းထူးကိုသတ်ပစ်လိုက်မယ် ဆိုသောကိုကို့ရဲ့ခြိမ်းခြောက်စကားတွေဟာ နားထဲတွင်ရစ်ဝဲကုန်၏။

"သော်လေး"

ကိုကိုက သူ့ထံပြေးလာတာမို့ အလိုအလျောက်နောက်ဆုတ်ရပ်လိုက်မိ၏။ ကိုကိုက ခြေလှမ်းတစ်လှမ်းတိုးတိုင်းမှ သူကနောက်တစ်လှမ်းဆုတ်ကပ်လိုက်မိနေခဲ့သည်။

"သော်လေး ကိုကိုပြောတာနားထောင်ဦး"

"ကိုကို သူတို့ကိုဘာလုပ်လိုက်လဲဟင်၊ အို ... ကိုကိုသတ်ပစ်လိုက်တာလား။ ကိုကိုက သတ်ပစ်လိုက်မှာဘဲနော်"

သော်လေးရဲ့မျက်လုံးလေးတွေကနီရဲတက်လာသလို ရင်ဘတ်လေးကနိမ့်မြင့်လှိုက်ဖိုလျက် အသက်ကိုပင်ပင်ပန်းပန်းရှုနေရဟန်ဖို့ မာန်၀င့်ထည်ထိတ်လန့်လာမိ၏။

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now