အပိုင်း(၂၇)

4.8K 299 6
                                    

မီးဆိုင်း၊ မီးပန်းတို့ဖြင့် လင်းထိန်နေသောအိမ်ကြီးသည် သော်လေးရဲ့စိတ်ထဲတွင်တော့ မှုန်မှိုင်းလို့နေခဲ့၏။ ကိုကို့စိတ်ထဲတွင်လည်း ထိုသို့ပင်ဖြစ်‌နေရှာလိမ့်မည်။

နဂိုကတည်းက ထမင်းသေချာမစားသောကိုကိုသည် ဒီရက်တွေမှာဘယ်လိုမှထမင်းကျွေးမရတော့။ သတင်းလာမေးတဲ့လူကြီးသူမတွေကို သော်လေးကပါ ဝင်ဧည့်ခံနေရတာမို့ ကိုကို့နားကပ်ချိန်မရှိခဲ့။

အရာမယွင်းပြန်ရောက်လာတတ်သော အပေါ်ထပ်မှကိုကို့ထမင်းပန်းကန်တွေကို ကြည့်ရင်းသက်ပြင်းအခါခါချမိသည်။ ကလေးဆန်ခွင့်မရခဲ့သူ သော်လေးဟာရင့်ကျက်သလောက် ကိုကိုဟာ အမေချစ်သားပီပီကလေးဆန်တုန်းပင်။

ပြောလဲ အရာမထင်ဖြစ်မှာမို့၊ ဒီရက်တွေအတွင်းတော့ ကိုကို့ကိုစိတ်တွေလွှတ်ထားခွင့်ပေးထားလိုက်ဦးမည်။ မေမေ့အလောင်း မြေကျပြီးမှ ကိုကို့ကိုပိုဂရုစိုက်ရမယ် လို့ တေးမှတ်ထားလိုက်၏။

"မာန်ရော သားရယ်"

မေမေ့အသိ အန်တီကြီး၏ မေးမြန်းသံကြောင့် အတွေးစတို့ကိုပြန်ရုတ်သိမ်းရင်း စကားဆက်ရသည်။

"ကိုကို အပေါ်ထပ်မှာဗျ... အောက်မဆင်းလာချင်ဘူးထင်ပါရဲ့"

"အေးပေါ့ကွယ်... အေးပေါ့။ အမေဆိုတော့လဲ ပိုခံစားရရှာမှာပေါ့လေ... ဖြစ်ပျက်တာတွေကလဲ မြန်ဆန်လွန်းရှာတာကိုး...သနားပါတယ် ကလေးတွေနှယ်ကွယ်"

အန်တီကြီးက စိတ်မချမ်းမြေ့စွာ ကျွတ်သပ်၏။ သော်လေးက နွမ်းလျစွာပြုံးပြမိသည်။

စိတ်တွေဟာ အပေါ်ထပ်က ကိုကို့ဆီသို့သာ တဝဲလည်လည် ရစ်ဝဲပျံလျက်...။

... 🖤 ...

မေမေ့အလောင်းကို ဂူသွင်းသဂြိုဟ်ဖြစ်ခဲ့ကြ၏။ မေမေ့ဓာတ်ပုံကို ရင်မှာပိုက်ရင်း ရပ်ကြည့်နေခဲ့သောကိုကိုဟာ အံ့ကြိတ်ထား၍ထင်၊ မေးရိုးလေးတွေထင်းနေခဲ့သည်။ မေမေသေဆုံးချိန်တွင်ငိုယိုနေခဲ့သောကိုကိုသည် ယခုချိန်မှာ‌တော့ ပကတိငြိမ်သက်နေခဲ့၏။

ဂူသွင်းခြင်းကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသောကိုကို့တွင် အသိစိတ်တို့ကရှိမနေရှာတော့သလို။ လက်ထဲကဓာတ်ပုံဘောင်လေးမှ ကိုကို့လက်သွယ်သွယ်လေးတွင် အကြောစိမ်းလေး‌တွေ‌ပင် ထောင်နေခဲ့၏။

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now