အပိုင်း(၁၄)

5.2K 380 3
                                    

ကျောင်းရဲ့အ၀င်လမ်းအတိုင်းလျှောက်လာမိတော့ ကျောင်းပန်းခင်းဘက်က သရဖီပန်းရနံ့တို့က ဆောင်းနှင်းလေနဲ့အတူ ကျောင်းတစ်ကျောင်းလုံးကိုဖြန့်ကျက်မွှေးစေ၏။

ကျောင်းရဲ့မြက်ခင်းပြင်တွင် စက်ဘီးတို့ရပ်ထားသည်မှာအစီအရီ။ သော်လေးတို့ကျောင်းတွင် ဆိုင်ကယ်တော့စီးလာခွင့်မရှိ။

သူတို့ကျောင်းဆောင်သည် ဆယ်တန်းဆောင်နှင့်ကပ်လျက်ဖြစ်ကာ နှစ်ထပ်‌အဆောက်အဦးဖြစ်၏။ ကိုးတန်းတွေက အပေါ်ထပ်တွင်ရှိပြီး သူတို့ရှစ်တန်းတွေက အောက်ထပ်တွင်ဖြစ်သည်။

ကျောင်းခန်းထဲတွင် စောသေးတာမို့ လူတွေကကျိုးတို့ကျဲတဲ။ သော်လေးက သူ့နေရာဖြစ်သော အုတ်နံရံနှင့်ကပ်လျက်နောက်ဆုံးခုံတွင် ၀င်ထိုင်လိုက်၏။ အတန်းပိုင်းက သော်လေးကိုစာတော်တာမို့ ရှေ့ဆုံးခုံသို့ပို့လေ့ရှိသော်လည်း လစ်တာနဲ့နောက်ဆုံးတန်းဆီပြေးသော သော်လေးကိုလက်မြှောက်လိုက်ရခြင်း...။

ဒါတောင် ကျောင်းသို့ လူကြီးလာပြီဆို သော်လေးက ရှေ့ဆုံးသို့ပြန်တတ်ရမြဲ။

သော်လေးက ခုံပေါ်မှထိုင်ချရင်း စာရေးခုံပေါ်လွယ်အိတ်တင်လိုက်သည်။ ကိုကို့ကားပေါ်ကဆင်းကတည်းက ပြုံးချင်ချင်ဖြစ်နေတာမို့ လွယ်အိတ်ပေါ်မှောက်အိပ်ရင်း ရီမောပစ်လိုက်မိ၏။

ခုဏက သွေးပျက်နေတဲ့ကိုကို့မျက်နှာလေးကိုပြန်မြင်ယောင်မိတော့ အထပ်ထပ်ကျေနပ်ရပြန်သည်။ သူရေနစ်တဲ့ညက သူ့ကိုကြည့်ပြီးစိတ်ရှုပ်ထွေးသွားတဲ့ကိုကို့မျက်နှာလေးကြောင့် ကိုကို့ကို သူဘယ်လိုလက်စားချေရမလဲဆိုတာကို သိခဲ့ရခြင်းပင်...။

"ဟေ့ရောင်... ဘာဖြစ်နေတာလဲ"

သူ့ပုခုံးကိုလှမ်းထိရင်းပြောလိုက်သော သူရကြောင့် ပြန်ထိုင်လိုက်ရ၏။

"ဟင်... မင်းငိုထားတာလား"

မို့အစ်နေသော သူ့မျက်ခွံတွေကိုကြည့်ရင်း သူရက စိုးရိမ်သွားဟန်။ သူရဟာ အပေါင်းအသင်းနည်းတဲ့သူ့အတွက် တစ်ဦးတည်းသောသူငယ်ချင်း။

"အော်... အဟက် မငိုပါဘူး"

"မငိုဘူးသာပြောတယ် မင်းမျက်လုံး မင်းပြန်ကြည့်ဦး... မို့နေတာဘဲ"

အမုန်းတရားတို့၏မာယာ (Completed)Tahanan ng mga kuwento. Tumuklas ngayon