အပိုင်း(၂၈)

5.2K 303 3
                                    

ညပိုင်းရောက်ပြီဖြစ်၍ တချို့လမ်းတို့ဟာ မှောင်ရိပ်ပင်ထင်နေခဲ့၏။ တချို့လမ်းတို့ကျပြန်တော့လဲ ခပ်လင်းလင်းရှိပြန်တာမို့ ကားမောင်းနေသော ကိုကို့မျက်နှာလေးကို မီးရောင်အားကိုးနှင့် စူးစိုက်ကြည့်မိ၏။

မျက်ခုံးလေးတွေခပ်တန်းတန်းနှင့်ကိုကိုဟာ ထင်းနေသောမေးရိုးကြောင့် ယောင်္ကျားပီသလွန်းလှပြန်သည်။ သော်လေးက ကြာကြာစိုက်ကြည့်နေမိတော့ ကိုကို့ရဲ့နှုတ်ခမ်း‌လေး‌စွန်းလေးတွေ တွန့်ကွေးလာတာမို့ မလုံမလဲမျက်နှာလွှဲလိုက်မိသည်။

လူရှုပ်တဲ့နေရာမသွားချင်ဘူး ဆိုသော ကိုကို့ရဲ့အဆိုအရ မြစ်ကမ်းနဖူးဘက်နားရှိ Restaurant တခုစီရောက်ခဲ့ကြသည်။ ညဘက်လည်းဖြစ်ကာ၊ လူလဲပါးတာမို့ မျက်စိအေးရသည်။

အစားအစာတွေမှာပြီး ရောက်ရှိလာချိန်တိုင်း ကိုကို့ရဲ့အကြည့်တွေဟာ မြစ်ပြင်ကျယ်ကိုပင် အဓိပ္ပာယ်မဲ့ငေးမောနေပြန်တာမို့...။

"ကိုကို အစားလဲစားဦး"

မာန်၀င့်ထည် တကယ်ပင်ဘာမှမစားချင်ပေမယ့် သူမစားသမျှ ရှေ့က ကလေးငယ်ကလဲ ဘယ်အရာကိုမှ မတို့မထိလုပ်နေတာမို့ စိတ်ချမ်းသာအောင် အရင်စားပြရသေးသည်။ သို့မှသာ ထိုကလေးကလဲ စိတ်ချသွားဟန်ဖြင့် အစားစားရှာတော့သည်။

သူ့အတွက် စိုးရိမ်နေရှာတာမြင်ရတော့လဲ ရင်ထဲနွေးရပြန်ပါ၏။

... 🖤 ...

ကမ်းနဖူးဘေး နှစ်ယောက်အတူယှဉ်လျှောက်လာပြန်တော့ တိုက်ခတ်‌လာသောလေတို့ကြောင့် အေးမြနေသယောင်။

"ကိုကို သော်လေးကိုပြောစရာရှိလို့လားဗျ"

သူ့မျက်နှာထံသို့ မကြာခဏဝေ့ဝိုက်လာသော ကိုကို့အကြည့်တွေကြောင့် သော်လေးကခပ်ဆဆမေးမိ၏။

"သော်လေး မနက်ဖြန်ကျောင်းကို ပြန်သွားရမယ်နော်"

"သော်လေး ကျောင်းမသွားတော့ဘူးဗျ ...ကိုကို့နားမှာဘဲနေမှာ"

"ကျောင်းသွားရမယ် သော်... ကိုကို့စကားနားထောင်ပါကွာ"

"ဟိုတလောကမှ အိမ်ပြန်လာဖို့ခေါ်တာ ကိုကိုမှတ်လား။ ကိုကိုဘာလို့အဲ့လောက်အပြောင်းအလဲမြန်ရတာလဲ"

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now