အပိုင်း(၁၁)

5.8K 386 14
                                    

"သော်လေး သော်လေး"

ကိုကို့ရဲ့ခေါ်သံကြောင့် သော်လေးရဲ့မျက်လုံးတို့ဖွင့်မလာခင်မှာဘဲ နဖူးပြင်ပေါ်သို့လက်နွေးနွေးတစ်ခုလာထိကပ်တာကို ခံစားမိရ၏။

မျက်လုံးတွေကို ခပ်ဖြေးဖြေးဖွင့်ချမိသော အုပ်မိုးထားသော ကိုကို့မျက်၀န်းညိုညိုတွေ...။

သော်လေးက ကဗျာကယာခေါင်းကိုနေရာရွေ့လိုက်မိ၏။

"ကိုယ်တွေ နွေးနေတာဘဲ မနေ့ကအအေးမိသွားလို့လားမသိဘူး"

ကိုကိုကတော့ မျက်ခုံးတန်းတန်းလေးတွေကို တွန့်ချိုးရင်းပြော၏။

"ကျောင်းမသွားနဲ့တော့"

"မသွားလို့မရဘူး ကိုကို စာမေးပွဲကနီးလာပြီ"

သော်လေးက ကုတင်ပေါ်ကနေဆင်းသွားလေပြီ။ 7တန်းကအရေးမကြီးဘူးဆိုပေမဲ့ အတန်းထဲတွင် အဆင့်တစ်ကို အမြဲဗိုလ်ဆွဲလေ့ရှိသော သော်လေးက ကျောင်းစာကိုအလေးထားလွန်းသည်ကို မာန်၀င့်ထည်ကလက်ခံတာမို့ ဘာမှထပ်ပြောမနေတော့။

‌‌မိဘတွေမရှိကြပေမဲ့ အစဉ်အလာအရ နှစ်ယောက်အတူ မနက်စာစားကြ၏။

"ဒီနေ့ ကိုကိုလိုက်ပို့ပေးမယ်"

"ဟုတ်ကဲ့ ကျေးဇူးပါဗျ"

‌ကားပေါ်တက်ခါနီးမှ အနွေးထည်မ၀တ်ထားသော သော်လေးကို မာန်ကအနွေးထည်သွားပြန်၀တ်ခိုင်းရသေးသည်။

... 🖤 ...

ကျောင်းရှေ့ရောက်တော့ သော်လေးနှင့်အတူ သူကပါ ကားပေါ်ကဆင်းတော့ ကျောင်းသူလေးတွေက ကွက်ကြည့်ကွက်ကြည့်။

"ညနေကျလဲ ကိုကိုဘဲလာကြိုမယ် သော်လေး"

"ဟုတ်ကဲ့ပါဗျ သော်လေး၀င်တော့မယ် ကိုကို"

"အင်း"

‌သူ့ကို တစ်ချက်ကလေးတောင် လှည့်မကြည့်ဘဲ ကျောင်းထဲ၀င်သွားသော သော်လေးဟာ တည်တည်ငြိမ်ငြိမ်...။ သူကတော့ သော်လေး‌ကိုယ်လေး မြင်ကွင်းထဲကပျောက်သည်အထိ ကားကိုမှီရင်း ရပ်ကြည့်နေလိုက်မိသည်။

ငယ်ငယ်က ၈နှစ်ဖြစ်ပြီး သူငယ်တန်းဖြစ်နေလို့စကြတယ် ဆိုသော သော်လေးရဲ့တိုင်သံလေးကို ပြန်ကြားယောင်မိတော့ စိတ်ပူသွားရပြန်သည်။

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now