အပိုင်း(၁၀)

6.1K 399 3
                                    

သော်လေးတို့ကျောင်း၀ရှိ စိန်ပန်းပင်ကြီးသည် ရဲရဲဆွေးလို့နေ၏။ သော်လေးက အနီရောင်ကိုကြိုက်သူမဟုတ်ပေမဲ့ ဒီပန်းပင်ကြီးရဲ့အရောင်ကိုတော့ သဘောကျမိသည်။

"သခင်လေး"

ဦးဘက သော်လေးထံမှ ထမင်းချိုင့်နှင့်လွယ်အိတ်လေးကို လာဆွဲဖြုတ်ယူကာ သယ်ပေး၏။ သော်လေးဖေဖေသာ အသက်ရှိနေခဲ့သေးရင်ရော ဦးဘအသက်လောက်ရှိနေလေမလား..။

‌"သခင်လေး"

"‌ဗျာ...

ကားပြတင်းဘက်ခေါင်းလေးတိုးထွက်နေရာမှ ပြန်၀င်ကာဦးဘထံ လှမ်းကြည့်မိလိုက်၏။

"ဒီနေ့ သူဌေးကြီးတို့တွေ နေပြည်တော်တက်သွားတယ် တဲ့"

"အော် ဟုတ်.."

ဖေဖေတို့က နေပြည်တော်ဘက်ကို မသွားဘူးဆိုရင်တောင် တစ်လတွင် တစ်ခါလောက်တော့သွားတတ်တာမို့ အဆန်းမဟုတ်လှ။ မေမေက သော်လေးကို ခေါ်သွားချင်ပေမဲ့ ဖေဖေက အပျော်သွားတာမဟုတ်ဘူး လို့ ပြတ်သားစွာငြင်းခဲ့သည်မို့ ကိုကိုကနေပြည်တော်ရောက်ဖူးပေမဲ့ သော်လေးက တခါမှမရောက်ဖူးခဲ့..။

"အဲ့တာ အကိုလေးကို ဖုန်းဆက်တာဆက်လို့မရလို့ သခင်လေးဘဲပြောလိုက်ပါဦး တဲ့"

"အော် ဟုတ် ပြောလိုက်ပါ့မယ်ဗျ"

ကိုကို့ကို စကားမပြောချင်ပေမဲ့ မပြောပေးလို့်မရပါ။ ကိုကိုက အိမ်ကအစေခံတို့နဲ့အရောမ၀င်တတ်သူမို့ အကုန်လုံးက ကိုကို့ကိုဆိုရှိန်ကြသည်။ ကိုကို့ကို မဖြစ်မနေပြောရမဲ့စကားဆို သော်လေးကိုသာ အပူကပ်ကြမြဲ...။

... 🖤 ...

သော်လေးတို့ကားလေး အိမ်ကြီး၏ဆင်၀င်ရှေ့သို့ရောက်ချိန်တွင် ရေကူးကန်ဘက်က မာန်၀င့်ထည်တို့၏ သူငယ်ချင်းအုပ်စုတို့ရဲ့အသံက အတိုင်းသားကြားနေရ၏။

ကိုယ့်အခန်းဆီသာ တန်းတက်လာပြီး အဝတ်အစားအရင်လဲလိုက်၏။ ကိုကို့အပေါင်းအသင်းတွေရှေ့မသွားချင်ပေမဲ့လဲ ကိုကို့ကို ဟိုနေ့က ကတိပေးပြီးပြီမို့ ထုံပေစွာဘဲ စိတ်တို့ကိုတင်းကာအောက်သို့ပြန်ဆင်းလာလိုက်၏။

ရေကူးကန်ဘက်လျှောက်သွားမိတော့ ကိုကို့သူငယ်ချင်းတွေကိုသာ တွေ့တာမို့..။

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now