အပိုင်း(၈)

5.9K 414 9
                                    

သော်လေးတို့ကျောင်းရှေ့တွင် မာန်၀င့်ထည်က ကားကိုကျောမှီရင်းသော်လေးကို ရပ်စောင့်နေ၏။ သော်လေးတို့ကျောင်းဟာ အထက်တန်းနှင့်အလယ်တန်းရောထားသောကျောင်းမို့ အတန်းကြီးကောင်မလေးတွေရဲ့အကြည့်‌များသည် မာန်၀င့်ထည်ထံတွင်ဝေ့လည်နေကြသည်။

မာန်၀င့်ထည်ကတော့ ဒါတွေဂရုမစိုက်အား။တော်တော်များများထွက်လာသည့်တိုင်း အရိပ်အယောင်တောင်မပေါ်လာသေးသော သော်လေးကိုသာ စိတ်တိုနေမိ၏။

လူတွေကုန်သလောက်ရှိမှပင် ‌ထမင်းချိုင့်လေးကိုင်ကာထွက်လာသော သော်လေးကိုတွေ့ရ၏။ သော်လေးက ဘေးဘီဝဲယာမကြည့်ဘဲ ခေါင်းကိုသာငုံ့လျှောက်လာတာမို့ သူ့ကိုတွေ့ပုံမရပေ။

၆တန်းကျောင်းသားဖြစ်နေပြီဖြစ်သော သော်လေးမှာ အရပ်ပင်အတော်ရှည်လာတာမို့ ‌မာန်ဝင့်ထည်ရဲ့ ရင်ဘတ်နားပင်ရောက်လုရှိခဲ့ပြီ။ အရပ်ကရှည်လာပေမဲ့ လူကောင်လေးကသေးသေးမို့ ကလေးသဏ္ဍန်ကတော့မပျောက်သွားပါ။

ချစ်ဖို့ကောင်းဆဲ..။ ပိုပြီးတောင်ချစ်ဖို့ကောင်းလာသလို..။ မာန်၀င့်ထည်၏ နှုတ်ခမ်းတွင် ပြုံးရိပ်တို့ပင်ထင်လာရ၏။

"သော်လေး..."

"ကိုကို.."

မာန်၀င့်ထည်က လှမ်းခေါ်ပြီး လက်လှမ်းပြ‌မှပင် မြင်သွားဟန်ဖြင့် အနားသို့ပြေးလာလေသည်။

"ကိုကို လာကြိုတာလား"

"အင်း ဦးဘနေမကောင်းလို့တဲ့"

သော်လေးမျက်လုံးတို့တွင် စိုးရိမ်မှုတို့က အတိုင်းသားပေါ်လာတာမို့...။

"အရမ်းစိုးရိမ်စရာမရှိပါဘူး ဖျားရုံဘဲ... ဆေးခန်းပြပြီးပြီ"

ရှင်းပြသံကြားမှပင် စိတ်သက်သာရာရသွားသလို ခေါင်းလေးညိတ်ပြရှာ၏။

ကားထဲရောက်တော့ သော်လေးကခါးပတ်ကြိုးစတပ်လေ့မရှိတာမို့ မာန်၀င့်ထည်ကပင်ကူတပ်ပေးလိုက်တော့ သော်လေးထံမှ မွှေးရနံ့လေးခပ်သင်းသင်းရ၏။

"ကိုကိုပေးတဲ့ရေမွှေး မစွတ်ဘူးလား.. သော်လေး"

ကိုကိုက ကျွန်တော့်အတွက် အမြဲတမ်းရေမွှေးလက်ဆောင်ပေးလေ့ရှိ၏။ ကိုကိုဝယ်တာနဲ့ကြုံတိုင်းပေါ့။

အမုန်းတရားတို့၏မာယာ (Completed)Unde poveștirile trăiesc. Descoperă acum