အပိုင်း(၁၃)

5.5K 378 10
                                    

တိတ်ဆိတ်သောညရဲ့အလယ်တွင် ဥယျာဉ်မှအပင်ရိုက်ခတ်သံတို့မှအပ အရာအားလုံးက ငြိမ်သက်လို့နေ၏။ မာန်၀င့်ထည်က သူ့အထပ်ရှိလေသာဆောင်တွင် ထိုင်ခုံတစ်လုံးပေါ်ထိုင်ကာ‌ကောင်းကင်ထပ်သို့ငေးကြည့်နေမိခဲ့သည်။

ပြည့်၀န်းနေသောလ၀န်းဟာ ငွေသော်တာဆိုသော သော်လေးကို အာရုံမှာလာငြိတွယ်စေ၏။ အဖေတို့ သော်လေးကိုပေးခဲ့တဲ့ မာန်သော်တာဆိုသောနာမည်ထပ် လသော်တာဆိုသောနာမည်လေးကို သူပိုနှစ်သက်၏။

ရေရွတ်မိတိုင်း ရင်ထဲအေးချမ်းသွားရသည်မို့..။

ရှေ့ကစားပွဲပေါ်တွင်တော့ Cigarette တစ်ဘူးနဲ့ မူးယစ်ဆေးတစ်ချို့ ပျံ့ကျဲလို့နေ၏။ စိုင်းအစွယ်ကောင်းလို့ ယူထားမိပေမဲ့ သူဒါတွေကိုသေချာမသုံးဖြစ်ခဲ့ပါ။ ဘယ်လောက်ဆိုးဆိုး မူးယစ်ဆေးဝါးရဲ့သားကောင်တော့မဖြစ်ချင်ခဲ့..။

တစ်ခါတော့သုံးဖြစ်ခဲ့၏။ သော်လေးရေကန်ထဲပြုတ်ကျတဲ့နေ့ကပင်။ ဒီနေ့ည ဒုတိယအကြိမ်မြောက်သုံးဖို့ ကြံရွယ်မိ၏။ အဆမတန်ရှုပ်ထွေးနေသောစိတ်တွေကြောင့်မို့။

မနက်ကပြောသွားသော ရှိန်းထူးစကားတွေသည် သူ့နားထဲကမထွက်။ အထူးသဖြင့် သော်လေးအရမ်းလှလာတယ် ဆိုသောစကား...။

ထွေပြာလာသောစိတ်ကြောင့် မျက်ခွံတွေကိုပိတ်ချမိတော့ သော်လေးရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကနေရာယူကြ၏။ သူ့ကိုအမြဲမော့ကြည့်လေ့ရှိသော မျက်ဆံနက်နက်‌လေးတွေ။

26နှစ်ရှိပြီဖြစ်သော သူ့ဘ၀တွင် အိပ်ရေးပျက်စေလောက်အောင် အတွေးများစေခဲ့ရသောမိန်းမတစ်ယောက်ပင်မရှိခဲ့။

ဒါပေမဲ့ ယခုတော့ သော်လေးကြောင့် အိပ်မပျော်နိုင်ဖြစ်ခဲ့ရပြီ...။ ဘာလို့ဒီလိုဖြစ်နေတာလဲ လို့အဖြေမရှာချင်ပါ ထွက်လာမဲ့အဖြေကို လက်မခံချင်ခဲ့တာမို့ ပြီးတော့ မဖြစ်သင့်တာမို့...။

နောက်ကျိလာသောစိတ်တို့၏အဆုံးသတ်ရာအတွက် လက်တို့သည် ‌ဆေးထုပ်လေးဆီသို့။

တစ်ခဏဘဲဖြစ်ဖြစ် အရာရာကို မေ့ဖျောက်ထားချင်ခဲ့မိသည်။ အထူးသဖြင့်သော်လေးကို...။

အမုန်းတရားတို့၏မာယာ (Completed)Unde poveștirile trăiesc. Descoperă acum