အပိုင်း(၂)

11.5K 657 3
                                    

တိတ်ဆိတ်ငြိမ်သက်လှတဲ့ မျက်မမြင်ကျောင်းလေးတစ်ခုအတွင်းရှိ ခုံတန်းလေးတခုပေါ်တွင် သော်လေးတစ်ယောက်ငြိမ်သက်စွာထိုင်နေလေသည်။

မမြင်ရသောမျက်လုံးလေးတွေကတော့ ရှေ့ကစံပယ်ပန်းရုံလေးကို ကြည့်လို့ပေါ့။ လေတချက်တိုက်တိုင်း စပယ်ပန်းနံ့‌သင်းသင်းလေးက သော်လေးထံသို့ ဝေ့လည်ကာပါလာ၏။

အမှန်တော့သော်လေးအကြိုက်ဆုံးနံ့က ခရေနံ့ပါ။ မြေပြင်ပေါ်ကိုသက်ဆင်းသွားတာတောင် အစွမ်းကုန်မွှေးပေးနိုင်တုန်းလေ။ လူတွေနဲ့ပက်သက်ရင်း အမြဲတဆင့်နှိမ်ပြီးနေတတ်တဲ့သော်လေးကလဲ ခရေပန်းတွေလိုအောက်ကျသွားတာတောင် လူတွေကိုအကျိုးပြုချင်တာမျိုးပေါ့။

တီ...တီ...တီ..။

ရုတ်တရက်ကားသံကိုကြားလိုက်ရတာမို့ နားနှစ်ဘက်ကို လက်တွေနဲ့အုပ်ထားရင်း မျက်လုံးတွေကိုဇွတ်ပိတ်ထားလိုက်မိ၏။

မရယ်ရဘူးလား။ မျက်လုံးတွေဖွင့်ထားလဲ ကျွန်တော်မြင်နိုင်တာမှ မဟုတ်ဘဲ။ ဒါပေမဲ့ ကျွန်တော်အဲ့ကားသံကို အရမ်းကြောက်နေခဲ့လို့။

အချိန်ကြာတဲ့ထိကြောက်တာမပြေသေးဘဲ တုန်ရီနေခိုက်မှာ ကျွန်တော့်ရဲ့လက်တွေကို တစုံတယောက်ကလာလှုပ်ခြင်းခံလိုက်ရတယ်။

"သား..သား သားကိုဆရာမကြီးကခေါ်ခိုင်းလိုက်တယ်."

"ဗျာ..ဟုတ် ဟုတ်"

ဆရာမကြီးဆိုတာ ဒီကျောင်းကိုတည်ထောင်သူပေါ့။ မမြင်ဖူးပေမဲ့ ဆရာမကြီးက နှင်းဆီနံ့ပါတဲ့ရေမွှေးအမြဲသုံးလေ့ရှိတာကိုတော့ ကျွန်တော်သိတယ်။ ပြီးတော့ ဆရာမကြီးရဲ့အသံက ချိုမြမြ။

အမေ့အသံနဲ့ နည်းနည်းတူတယ်..။

"လာ..လာ သား ဒီကို"

‌နှင်းဆီနံ့..။ ဆရာမကြီးလက်တွေကို ကျွန်တော်လှမ်းဆွဲလိုက်တယ်။ ဒီကျောင်းကိုရောက်တာမကြာသေးပေမဲ့ ဆရာမကြီးကိုတော့ ကျွန်တော့်အမေ့ကို ချစ်တာရဲ့ တစ်၀က်နီးပါးချစ်မိသလိုပါဘဲ။

"သား..သော်လေး သားကို ဒီအန်တီတွေကမွေးစားချင်လို့တဲ့... သားမေမေအသစ်ရတော့မယ် ကလေးရဲ့... ပြီးတော့ ဖေဖေရောပေါ့."

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now