26~//ရှက်ကိုးရှက်ကန်းဖြစ်နေတုန်းပဲ//

Start from the beginning
                                    

"ရီပေါ်က မပျော်ဘူးလား ကလေးလေးလာမှာကို"

"အင့် ... အဲ့လိုတော့မဟုတ်ပေမယ့် ကြောက်တယ်... ကျွန်တော်မှ
တစ်ခါမှမမွေးဖူးတာ .. ကြောက်တယ် ဟင့်"

၀မ်ရိပေါ်က ထို့နောက် အားရပါးရငိုချတော့ သူ့မှာရင်ခွင်ထဲထည့်
ပေးထားရသည်။ အင်းပေါ့ အားငယ်စိတ် ကြောက်စိတ်တော့၀င်မိ
မှာပေါ့ ။ ဒါပေမယ့် သူပြောတာမသိရင် ရှောင်းကျန့်က‌ကျမွေးဖူးတာ
ကျနေတာပဲ။ ထားပါလေ ကြောက်စိတ်ကို ရှောင်းကျန့်နားလည်ပါတယ်။ ကလေးလေးကို ရီပေါ်ကမလိုချင်ဘူးဆိုတာတော့မဖြစ်နိုင်ဘူး။ ရီပေါ်ကြင်နာတတ်တယ် ပြီးတော့ သူ့အပေါ်ကိုလည်းသိပ်ချစ်
ပေးတာလေ။

"ဟင့် ကျွန်တော်ပြောသားပဲ ကျန့်ကောကို အကာအကွယ်သုံးပါလို့"

ရှိုက်ကာငိုရင်းပြောတဲ့စကားက ရန်လိုစကားတော့မဟုတ်ခဲ့။စိတ်ထဲ
မကျေနပ်တာကို မရဲတရဲနဲ့ထုတ်ပြောတဲ့စကားသာဖြစ်သည်။ ရှောင်း
ကျန့်နဲ့ရီပေါ် ဘယ်လိုအပြန်အလှန်‌ချစ်နေပါစေ ဘယ်နှစ်ခါလောက်
ခန္ဓာကိုယ်ချင်းရင်းနှီးဖူးပါစေ ၀မ်ရိပေါ်ကရှောင်းကျန့်အပေါ်ရှိန်နေ
တုန်းပဲဖြစ်သည်။ ရှိန်နေတာထက်သူ့အပေါ်ဆိုလေးစားသမှုနဲ့အမြဲ
ဆက်ဆံသည်။

"အကာအကွယ်မသုံးမိတာက အခုလိုဖြစ်လာမယ်မထင်လို့ပါကွာ
ပြီးတော့ အလွှာခြားရင် ကမ္ဘာခြားသလို....."

"ကျန့်ကော!! မပြောနဲ့ဆို ဟင့်"

ရီပေါ်က ငိုခါနီးစဲစဲဖြစ်နေတာကြောင့် ရှောင်းကျန့်ဆက်မပြောတော့
ပေ။

"ဟုတ်ပါပြီကွာ မစတော့ဘူး ။ ဘာလို့အဲ့လောက်တောင်ရှက်နေရ
တာလဲအခုထိကို ဟူး နောက်ဆို ကလေးအဖေလေးတောင်ဖြစ်တော့
မယ့်ဟာကို"

"ကြောက်တယ် ဗိုက်ကြီးပူလာပြီးတော့ မွေးရင်လည်းနာမှာမလား
ကြောက်တယ် "

ကြောက်တယ်ပဲ တသွင်သွင်ပြော‌နေတဲ့ ကောင်လေးကိုကြည့်ပြီး
ရှောင်းကျန့် စိတ်မသက်သာတော့ပေ ။ သူကရှေ့လျှောက်အများ
ကြီးဂရုစိုက်ပေးမှာပေါ့ ။ ရီပေါ်ကြောက်စရာမလိုအောင်သူကနွေး
ထွေးမှုတွေအများကြီးပေးရမှာပေါ့ ။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now