~Special Chapter~

Start from the beginning
                                    

ရီပေါ်ကတော့ ခုနကထက် မျက်နှာလေးနည်းနည်း ပျက်ယွင်းသွားတာကို
အားခိုင်ကသိသည်။ ပိုင်လီကလည်း သိတော့ အားခိုင်ကို ပြီးမှပညာပေးရ
မည်ဟု တေးထားလိုက်သည်။ သူများအတွဲကို သွားကြပ်နေတယ် ။နဂိုက
တည်းမှ ငိုချင်ရက်လက်တို့ အခုငိုတောင်ငိုချတော့မယ်ထင်တယ်။

"အလကား လျှောက်ပြောနေတာရီပေါ်ရေ ဘာကောင်မလေးမှမပါဘူး"

"ကောင်မလေးတွေ ပါလည်း ဘာမှမဖြစ်ပါဘူး အကိုပိုင်လီရယ် "

ရီပေါ်ကအောင့်သက်သက်နဲ့ပြောလိုက်သောစကားဖြစ်သည်။

"ရတယ် အကို ခြံတံခါးထားခဲ့ ပြီးမှ ကျွန်တော် ဆင်းပိတ်လိုက်မယ်"

"ရတယ်ရတယ် အကိုတစ်ခါတည်း ပိတ်သွားပေးမယ် နေ‌လည်းကောင်းသေး
တာမဟုတ်ပဲနဲ့ မိုးရေထဲဆင်းဦးမယ် ရှောင်းကျန့်ကိုသာခေါ်သွားတော့"

ပိုင်လီတံခါးတွေသေချာပိတ်ပေးပြီး အားခိုင်နှင့်တူတူထွက်သွားတော့သည်။
ရီပေါ်ကတော့ ရှောင်းကျန့်ကိုယ်အလေးကြီးကို တွဲကာ အပေါ်ထပ်သို့မနည်း
တက်ခဲ့ရသည်။

ကျန့်ကော ပါးစပ်ကနေ ဝူးတူးဝါးတားနဲ့ ဘာတွေပြောနေမှန်းမသိပေ။
မူးနေတာမို့ ရီပေါ်ကတွေးလိုက်ပါတယ် ။

ရှောင်းကျန့်ကို အခန်းထဲထိတွဲခေါ်လာပြီး ကုတင်ပေါ် အသာလေးချပေး
လိုက်တယ် ။ ကိုယ်တွေလက်တွေနာနေပါတယ်ဆို မလွယ်ပါဘူး။ အပေါ်
ကုတ်အကျီကြီးကို အရင်ချွတ်ပေးပြီး ခြေအိတ်တွေပါ ချွတ်ပေးနေတုန်း
မိုးတွေက အားနဲ့မာန်နဲ့ကို ခြိမ်းတယ် ။ မိုးတွေကလည်း သည်းလို့

ရီပေါ်တို့ အခန်းက ဝါးရံတာဘက်အခြမ်းက နံရံတစ်၀က်က အုတ်ဖြစ်ပြီး
အပေါ်ပိုင်းက မှန်တွေနဲ့ကာရံထားတာဖြစ်သည်။ အဲ့တာကိုမှလိုက်ကာ
ထပ်ပြီး ဆွဲထားတာဖြစ်သည်။ ရီပေါ်က မိုးရွာတာကို ကြိုက်တာကြောင့်
လိုက်ကာကိုဖွင့်ထားဖြစ်သည် ။ မှန်ကနေ လှမ်းကြည့်ရင် ခြံထဲက ပန်းပင်
စိမ်းစိမ်းစိုစိုလေးနဲ့ မိုးရေးကို တွဲမြင်ရတာ ပနံသင့်လို့ စိတ်အေးချမ်းတယ်
လေ။

ရီပေါ် ကျန့်ကောကို ရေပက်တိုက်ပေးချင်သောကြောင့် ရေချိုးခန်းထဲ၀င်ကာ
ရေဇလုံကိုယူပြီး ကုတင်ပေါ် ရေဇလုံကိုအသာချကာ ကျန့်ကောအကျီအဖြူ
ရောင်ရှပ်ကို ကြယ်သီးချွတ်ပေး‌လိုက်သည် ။ တစ်ခါတော့ ခန္ဓာကိုယ်ချင်းရင်း
နှီးဖူးကြပေမယ့် လက်တော့နည်းနည်းတုန်သည်။ ဘာလို့ဆို ကြယ်သီးတစ်
လုံးဖြုတ်လိုက်တိုင်း ပေါ်လာတဲ့ ရင်အုပ်ကျယ်ကျယ်နဲ့ ရင်အုပ်ပေါ်ကအမွှေး
အမျှင်တွေ ။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now