အပြင်မှာ မိုးတွေကသည်းနေတယ်။ ရီပေါ်ကစိတ်ပူတာပေါ့။
ရီပေါ်ဖုန်းဆက်ဖို့ အောက်ထပ်ကိုဆင်းသွားတုန်းပဲရှိသေး တိုက်တိုက်ဆိုင်
ဆိုင် ကားသံ ကြားလိုက်ရသည်။သူထီးလေးယူကာ တံခါးသွားဖွင့်ပေးမယ်အလုပ်မှာပဲ ကားကခြံထဲရောက်
နေချေပြီ။ ပြီးတော့ ကားထဲက ထွက်လာတာက ကျန့်ကောမဟုတ်ပဲ အကို
ခိုင်ဖြစ်နေသည်။ အကိုခိုင်က ကားပေါ်ကဆင်းကာ ကားနောက်ခန်းတံခါး
ကိုဆွဲဖွင့်လိုက်တော့ အကိုပိုင်လီက ကျန့်ကောကို တွဲကာ ဆင်းလာသည်။
ကျန့်ကောက တော်တော်လေးကို မူးနေသည်။ သူ့ကိုလည်းမပြောမဆိုနဲ့
သောက်ထားတယ်။"အကိုပိုင်လီ ရတယ် နေ နေ ။ကျွန်တော်တွဲသွားလိုက်ပါ့မယ် အားနာလိုက်
တာ အကိုတို့ မိုးတွေသည်းနေတာ ဒီမှာပဲ အိပ်ရင်အိပ်သွားပါလား အခန်းပို
တွေရှိပါတယ်"အားခိုင်က အမှန်တော့ သူ့အကြံအစည်နဲ့ သူ ပိုင်လီကို ဟိုတယ်ဆွဲခေါ်
သွားဖို့ စဉ်းစားထားတာ ။ အခုတော့ သူ့အကြံကို ဖျက်လိုဖျက်ဆီးလုပ်မယ့်
လူတစ်ယောက် ပေါ်လာပြီ ။"နေပါစေရတယ် မအိပ်တော့ဘူး"
အားခိုင်က အရင်ပြောလိုက်တာဖြစ်သည်
"ရီပေါ် နေမကောင်းဘူးဆို သက်သာလား အကိုတို့က ရတယ် ကားနဲ့ပြန်
ရင် သိပ်မဝေးပါဘူး""သက်သာတယ် အကို ဘာမှမဖြစ်တော့ဘူး ... ကျန့်ကောက "
ပိုင်လီက ရီပေါ်မေးချင်တဲ့ မေးခွန်းကို သိသည့်အလား ဖြေလိုက်သည်။
"အာ ဒီနေ့ နိုင်ငံခြားက ပရောဂျက်လေသိတယ်မလား သူဌေးက ချက်ချင်း
ကြီးရောက်ချလာတာ ပြီးတော့ အလုပ်ကိစ္စပြောရင်း သောက်မယ်ဆိုတာနဲ့
နည်းနည်းများသွားတာ ""ကောင်မလေးတွေလည်းပါတယ် ရီပေါ် ။ ရှောင်းကျန့်ကို ကြည့်ထိန်းနော်
ဒီကောင် ဗီဇကဖျောက်လို့ရတာမဟုတ်ဖူး "*ဒိုင်း!!!!!!!"
အားခိုင်စကားအဆုံး မိုးကြိုးပစ်ချလိုက်ခြင်းဖြစ်သည်။
မိုးကြိုးသံနဲ့ ပြိုင်တူ ပိုင်လီကလည်း ဗိုက်ခေါက်ကိုဆွဲလိမ်လိုက်သည်။
အားခိုင်က တမင်ကြပ်ပေးလိုက်တာဖြစ်သည်။ သူ့ကိုခေါ်အိပ်နေတာ
တော်သေးတယ် သူ့အစီအစဉ်လေးပျက်တော့မလို့။
~Special Chapter~
Start from the beginning