23~//မောင်မင်းကိုခေါင်းဖြတ်မယ်။သင်းကွပ်မယ်//

Start from the beginning
                                    

အမလေး ကြောက်ရပါချည်ရဲ့။ ရှောင်းကျန့် ၀ဋ်တွေပြန်လည်နေတာ။အရင်
ကဆို ရီပေါ်ကို ပညာပေးချင်လို့ ဓာတ်လှေကားကိုတမင်ဖျက်ပြီး လှေကားက
နေ တက်လိုက်ဆင်းလိုက် ခေါက်တုံ့ခေါက်ပြန် ခိုင်းဖူးသည်။အခုသူ၀ဋ်လှလှ
လေးလည်နေလေပြီ။ ဒီနေ့ကျမှ ဆေးရုံဓာတ်လှေကားက ပြုပြင်နေဆဲပါတဲ့
ရီပေါ်အခန်းက လေးလွှာမှာမို့ ရှောင်းကျန့်မှာ တက်လိုက်ဆင်းလိုက်နှင့်ပင်ပန်းတော့တာပေါ့ ။

ဒီကြားထဲ ကိုယ်တော်လေးက milk teaသောက်ချင်သည်တဲ့လေ။ မှတ်
ညဏ်ကသာ အတိတ်ကိုပြန်ရောက်သွားတာ milk teaတွေဘာတွေတော့
သိသေးလို့တော်သေးသည်။ နောက်ပြီး သူရောက်နေတဲ့ ပတ်၀န်းကျင်ကို
ထူးဆန်းသလိုမျိုး မမေးမြန်းပဲ ပုံမှန်ပဲ။ ပြီးတော့ အ၀တ်အစားနဲ့ပတ်သတ်
ပြီးတော့လည်း မေးလာတာမျိုးမရှိဘူး။ ဒီအတိုင်း မှတ်ညဏ်တစ်ချို့ပဲပြန်ရ
နေတာ‌ဆိုတော့ သူ့ကိုမြန်မြန် မှတ်မိလာပါစေဟု ဆုတောင်းနေမိသည်။

ရှောင်းကျန့် ပြန်ရောက်တာနဲ့ ကုတင်ပေါ်မှာ ပေါက်စီကိုပလုတ်ပလောင်း
စားရင်း လက်ထဲကလည်း မစ်တီးခွက်ကိုမချ ပိုက်နဲ့တပြွတ်ပြွတ်စုပ်သောက်
နေသည်။ နဂိုကတည်းကဖောင်းနေတဲ့ပါးလေးတွေက အစားစားနေတော့ပို
ဖောင်းနေပြီး မစ်တီးကို‌ပိုက်နဲ့စုပ်သောက်နေတဲ့ နှုတ်ခမ်းလေးတွေကိုဆူလို့
ရှောင်းကျန့် ဒီနေ့မှ ပိုနမ်းချင်နေမိသည်။

စားလို့ဗိုက်၀သွားတော့မှ ဗိုက်ပြည့်ပြီး အိပ်ပျော်သွားတော့သည်။ ရှောင်း
ကျန့် အိပ်ပျော်နေတဲ့ ရီပေါ်ကို စောင်သေချာ ခြုံပေးလိုက်ပြီး ဆံပင်လေး
တွေသပ်တင်ပေးလိုက်သည်။

ချစ်ဖို့ကောင်းလိုက်တာ ။ အခုပုံစံလေးနဲ့လည်းတစ်မျိုးချစ်ဖို့ကောင်းနေ
တယ်။ အရင်ကဆို အမြဲခေါင်းလေးငုံ့ကာ သူ့စကားကိုအမြဲနားထောင်
တဲ့ကောင်လေး ။ နုံတုံတုံအတတလေးနဲ့ သူညှပ်ချလို့‌ကောင်းခဲ့တဲ့ကောင်
လေးက အခုကျတော့ စွာစိလန်ပြီး အရမ်းလည်း အာဏာပြလွန်းသည်။
လုံး၀ကိုဆန့်ကျင်ဘက်ပေ။ သူ့အတွက်တော့ ‌ချစ်ဖို့ကောင်းနေတာပါပဲ။
အိပ်နေတဲ့ ကောင်လေးရဲ့ ဖောင်းနေတဲ့ပါးကြီးထဲ နှာခေါင်းနစ်၀င်အောင်
ထိနမ်းပစ်လိုက်တာတောင် ရီပေါ်ကမနိုးပေ။ အိပ်ကောင်းနေတယ်ထင်
သည်။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now