19~//သေချာနေပြီချစ်မိနေတယ်ဆိုတာ//

Start from the beginning
                                    

ဂျပုမက သူပြောချင်ရာပြောပြီး အသံထပ်မထွက်လာတော့ပေ
ကြည့်ရတာသွားပြီထင်တယ်

ရှောင်းကျန့်ကတော့စိတ်ထဲမှာဂယက်ထနေပြီး အပြင်မှာတော့
တောင့်တောင့်ကြီးရပ်နေတော့ ရီပေါ်က ထူးဆန်းသလိုရှောင်း
ကျန့်ကိုယ်ကို အသာလေးဆွဲလှုပ်ကာ

"ကျန့်ကော~ ကျန့်ကော ဘာဖြစ်သွားတာလဲ"

ထိုအခါမှ သတိ၀င်လာတဲ့ ရှောင်းကျန့်က ရီပေါ်ကိုစိတ်ကောက်
ရမှာကိုသတိရသွားတော့တယ်။ ဟုတ်တယ် စိတ်ကောက်ရမယ်
ဒါမျိုးက ပြီးရင် အဲ့ဒီ ရှိုးယွဲ့နဲ့ ဝေးဝေးနေဖို့လည်းပြောရမယ် ။

ရှောင်းကျန့်က နည်းနည်း ဟန်လုပ်ကာ ချောင်းဟန့်ပြီး ရီပေါ်ဆီ
ကမျက်နှာလွှဲကာ ကိုယ့်ခုံမှာသေချာနေရာတကျပြန်ထိုင်ပြီးရှေ့
တည့်တည့်လှည့်ကာ လက်ပိုက်ပြီး မျက်လုံးကိုမှိတ်ချလိုက်တယ်
သဘောက စိတ်ကောက်တယ်ပေါ့။

အဲ့ဒါကို ဘာဖြစ်သွားမှန်းမသိတဲ့ ရီပေါ်က

"ကျန့်ကော ဘာဖြစ်သွားတာလဲဟင် ‌ကျန့်ကောရော ခေါင်းမူး
လို့လား"

ရှောင်းကျန့် သူ့ဘေးက မထုံတတ်တေးလေးကို ဆွဲဆတ်ဆောင့်
ပြီးစိတ်ရှိတိုင်းလုပ်ပစ်ချင်တော့တာပဲ။ စိတ်ကောက်နေတာလေ
ဘာကိုခေါင်းမူးရမှာလဲ

ရှောင်းကျန့်က ဘာမှပြန်မပြောပဲ မျက်လုံးကိုစွတ်မှိတ်ထားသည်
ဒါကို သတိမေ့သွားတယ်ထင်တဲ့ ရီပေါ်က

"ကျန့်ကော ကျန့်ကော ဘာဖြစ်သွားတာလဲ...ကျွန်တော် ဆရာ၀န်
သွားခေါ်လာပေးမယ် "

ရီပေါ်က ပြာသလဲလဲနဲ့ ထကာ ဆရာ၀န်သွားခေါ်ဖို့လုပ်သည်။
နောက်ဆုံးတော့ရှောင်းကျန့်ပဲလက်လျှော့လိုက်ရသည် ။ထသွား
တဲ့ရီပေါ်ကို လက်ကနေကိုင်ကာ မြန်မြန်ပြန်ဆွဲချလိုက်ပြီး

"ဘာမှမဖြစ်ဘူး!!ဘာမှမဖြစ်ဖူး ပင်ပန်းလို့ အနားယူနေတာလေ
ဒါလေးတောင် အလိုက်ကန်းဆိုး မသိဘူးလား!!"

ရှောင်းကျန့်က ဆူဆောင့်အောင့်ကာအော်ပစ်လိုက်သည်။
ရီပေါ်ကတော့ ရုတ်တရက်အခြေအနေကိုနားမလည်နိုင်ဖြစ်
နေတော့သည်။ ခုနကလေးတင်ကျန့်ကောနဲ့စကားပြောနေတာ
အကောင်းကြီးကို ရုတ်တရက်ကြီး ထပြီးဘာလို့သူ့ကိုစိတ်တိုနေ
ရတာလဲ။ ရီပေါ်စဉ်းစားလို့မရတော့ပေ။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now