© ကျွန်တော့်မိန်းမကကျွန်တော်သ...

By xena-bb

1.1M 187K 6.1K

Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozh... More

Story Intro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13.1
Chapter 13.2
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25.1
Chapter 25.2
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34 - 1
Chapter 34 - 2
Chapter 35
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38
Chapter 39
Chapter 40.1
Chapter 40.2
Chapter 41
Chapter 42.1
Chapter 42.2
Chapter 42.3
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63.1
Chapter 63.2
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70 (Ending)
ကျေးဇူးတင်လွှာ

Chapter 55

7.2K 1.4K 89
By xena-bb

[Unicode]

B မြို့သည် မကြာသေးမီနှစ်များအတွင်းမှာပဲ အလွန်လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ တစ်ချိန်က မြို့လယ်ခေါင်နှင့် အဝေးမှမြင်နိုင်သော လူနေအိမ်လေးများသည် ယခုအခါ အထပ်မြင့်တိုက်ကြီးများဖြင့် အစားထိုးနေခဲ့လေပြီ။

သူ့ဆဲလ်ဖုန်း နှစ်ကြိမ်လောက်မြည်လာသည့်အချိန်တွင် ကျိုးတုသည် သူ့ကုမ္မဏီရုံးခန်းထဲတွင် စာရွက်စာတမ်းများ ဖတ်နေသည့်အချိန်ဖြစ်၏။

သူကစိုက်ကြည့်လိုက်သော်လည်း စိတ်မသက်မသာဖြစ်စွာဖြင့် သူ့အလုပ်သူဆက်လုပ်နေဆဲပင်။ ဖုန်းကအချိန်ခဏလောက်တိတ်ဆိတ်နေပြီးနောက် ချစ်သူကောင်မလေးမှ သူမကိုလျစ်လှူရှူထား၍ဂျီကျသလိုမျိုး နောက်ထပ်တစ်ဖန် ဆူညံသံများပြုလုပ်လာခဲ့ပြန်သည်။

ကျိုးတုက စိတ်ရှုပ်စွာဖြင့် ထိုဇွဲကောင်းကောင်းဖြင့်မြည်နေသောဖုန်းကို နောက်ဆုံးမှာတော့ ကိုင်လိုက်ရတော့သည်။

" ဘာလဲ? " သူကမကျေနပ်သောအသံဖြင့်မေးလိုက်သည်။

ကျိုးတုအသံကိုလည်းကြားရော အခြားတစ်ဖက်မှ ယောကျ်ားသံက ချက်ချင်းအော်ဟစ်ထွက်လာသည် " ဟုတ်ပါပြီ ခေါင်းဆောင်ကျိုးကြီးရဲ့ နောက်ဆုံးတော့မင်းရဲ့ များပြားလှတဲ့အလုပ်အချိန်ဇယားတွေထဲကနေ ဖောက်ထွက်လာပြီး ငါ့ကိုစကားပြောဖို့အခွင့်အရေးလေး ပေးသနားလာပြီပေါ့လေ! "

ကျိုးတုကသူ့ဖုန်းကိုလက်တစ်ဖက်ဖြင့်ကိုင်ထားပေမယ့်လည်း သူ့မျက်လုံးများကတော့ desktop ပေါ်ရှိ စာရွက်စာတမ်းများကိုကြည့်နေသည်။

" မင်းပြောချင်တာကိုပဲ တန်းပြော "

ထိုလူကတော့ ဝမ်ဟောင်ပင်ဖြစ်သည်။ သူကအခုမှ US မှပြန်လာခါစဖြစ်လေ၏။ သူက သူ့မွေးရပ်မြေဖြစ်တဲ့ H မြို့လေးမှာ နှစ်ရက်လောက်နေပြီးနောက် B မြို့သို့အလျင်အမြန်လာခဲ့တာဖြစ်သည်။

ထူးဆန်းသည်မှာ သူနိုင်ငံခြားသို့အပို့ခံရပြီးနောက် ထိုငပျင်းကျောင်းသားဟောင်းလေးသည် မျက်စိပွင့်နားပွင့်ဖြစ်လာပုံရပြီး သူ၏မွေးရပ်မြေမြို့လေးသို့ ဘွဲ့လွန်ဒီဂရီဘွဲ့ဖြင့်ပြန်ရောက်လာခဲ့သည်။ အကယ်၍ ဝမ်ဟောင်သာ စာသင်ရခြင်းကပျော်စရာတစ်ခုဟုသာရှာဖွေတွေ့ရှိခဲ့လျှင် သူသည် ဘွဲ့လွန်ဒီဂရီလေးတစ်ခုလောက်ဖြင့်ရပ်တန့်လိုက်မည်မဟုတ်ဘဲ PbD ဘွဲ့အထိတောင်မှလေ့လာချင်သွားလောက်ပေမည်။

ဝမ်ဟောင့် မိဘများကတော့ သူတို့၏ဆုတောင်းများပြည့်လာပြီဟု တွေးလာကြပြီး သူတို့၏သားလေးဟာ နောက်ဆုံးတော့ သူတို့မျက်လုံးထဲ သင့်တော်သူတစ်ယောက်ဖြစ်လာခဲ့လေပြီ။

" ငါအခု B မြို့ရောက်နေတယ် သွားသောက်ကြမလား? " ဝမ်ဟောင်၏တက်ကြွနေသည့်အသံက ကျိုးတုနားထဲဝင်ရောက်လာသည်။

ကျိုးတုက အံ့သြတကြီးမေးလာသည် " မင်းဘယ်တုန်းကပြန်ရောက်တာလဲ? "

" သိပ်မကြာသေးဘူး ငါ H မြို့မှာရက်နည်းနည်းလောက်နေလိုက်သေးတယ်။ အဲ့တာကြောင့် မင်းရဲ့အကိုကြီးအတွက် ကြိုဆိုပွဲပါတီလုပ်ပေးဖို့ဂရုစိုက်လိုက်ပါအုံး "

ကျိုးတုကသူ့ဖုန်းကို နားရွက်နဲ့ပခုံးကြားညှပ်လိုက်ပြီး သူ့ဘောပင်ကိုအဖုံးပြန်စွပ်လိုက်သည်။ သူက သူ့ရဲ့ကုတ်အင်္ကျီအပေါ်ထပ်ကိုကောက်ယူလိုက်ပြီး ဝမ်ဟောင်ကိုပြန်ပြောလိုက်သည် " ဘာအဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ သေချာပေါက် ငါလာမှာပေါ့ ဒီညဘယ်မှာတွေ့ချင်လဲ? "

ဝမ်ဟောင်ကချက်ချင်းပဲလိပ်စာကိုပြောလိုက်သည်။ ကျိုးတုကဖုန်းချလိုက်ပြီး သူ့ကုတ်အင်္ကျီအိတ်ထဲထည့်လိုက်၍ အလုပ်မှစောစောဆင်းရန်ပြင်ဆင်လိုက်သည်။

သူရုံးမှမထွက်ခွာခင် အတွင်းရေးမှူးကအပြင်မှတံခါးခေါက်၍ သူ့ရုံးခန်းထဲဝင်လာခဲ့သည်။

အတွင်းရေးမှူးမလေး၏နာမည်က ကျိုးထုံဖြစ်ပြီး ကျိုးတု၏မျိုးရိုးနာမည်နှင့်တူညီသည်။ သူမကလှပသောရုပ်လေးရှိပြီး လှပသောခြေထောက်လေးများနှင့်ရင်ဘတ်ပြားပြားရှိသည့် ရင်းနှီးဖော်ရွေသောအမျိုးသမီးတစ်ယောက်ဖြစ်သည်။ ကျိုးတုရုံးဆင်းတော့မည့်အကြောင်း သတိထားလိုက်မိသောအခါ သူမကအနည်းငယ်အံ့သြသွားပြီး ခပ်မြန်မြန်ပြောလိုက်သည် " ခေါင်းဆောင်ကျိုး ကျွန်မတင်ပြချင်တဲ့ကိစ္စလေးနည်းနည်းရှိလို့ပါ "

ကျိုးတုကမျက်မှောင်ကြုတ်လိုက်သည်။ သူက သူ့ခုံမှာပြန်ထိုင်လိုက်ပြီး ကျိုးထုံကိုဆက်ပြောဖို့အချက်ပြလိုက်သည်။

ကျိုးထုံကချက်ချင်းပဲစာရွက်စာတမ်းတွေကို ကျိုးတုခုံပေါ်တင်ပြီး ပြောလိုက်သည် " ဘာသာပြန်ဖို့လိုအပ်တဲ့ စာရွက်စာတမ်းတွေရှိနေပေမယ့်လည်း ကျွန်မတို့ကုမ္မဏီနဲ့အလုပ်တွဲလုပ်နေတဲ့ ဘာသာပြန်သူလီက အချိန်ခဏလောက်အလုပ်များနေတာ​မို့ သူ့ကျောင်းက သူ့ရဲ့ဂျူနီယာတစ်ယောက်ကို ထောက်ခံပေးထားပါတယ်။ ခေါင်းဆောင်ကျိုး တစ်ချက်ကြည့်ပေးလို့ရမလား? "

ကျိုးတုက ကျိုးထုံကိုကြည့်လိုက်သည်။ သူကတစ်ဖန်မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်၏ " ဘာသာပြန်သူလီကထောက်ခံပေးထားတယ်ဆိုမှတော့ အဲ့လူကိုဆက်သွယ်ဖို့ကြိုးစားသင့်တယ်။ သူ့ကို စစ်ဆေးနဲ့အနေနဲ့စာပိုဒ်အနည်းငယ်ပေးပြီးလုပ်ခိုင်းလိုက် သူသာအရည်အချင်းပြည့်မှီတယ်ဆိုရင် ငါတို့ရဲ့ပူးပေါင်းမှုကိုဆက်လုပ်နိုင်တယ် "

" ဟုတ်ကဲ့ပါ ဆရာ " သူမဘော့၏ခွင့်ပြုချက်ရပြီးတာနှင့် စာရွက်စာတမ်းတွေကိုပြန်ယူလိုက်ပြီး ခေါင်းကိုငုံ့၍အခန်းထဲကထွက်သွားတော့သည်။

သူက အနည်းငယ်နောက်ကျနေရုံသာရှိပြီး လမ်းမပေါ်သို့ရောက်ရှိနေခဲ့ပြီးဖြစ်သည်။ မြို့ပြရဲ့ကောင်းကင်က ပို၍ ပို၍ မှောင်လာခဲ့လေပြီ နီယွန်မီးများနှင့် လမ်းမီးတွေကစတင်ပြီးတောက်ပလာကြ၏။ ကောင်းကင်ကြီး လုံးဝမှောင်မဲမသွားခင်မှာပဲ ကျိုးတုက ဝမ်ဟောင်ပြောသည့် ဘားသို့ရောက်ရှိလာခဲ့သည်။

သူဘားထဲသို့ခြေမလှမ်းခင်မှာပဲ ဖုန်းကနောက်တစ်ကြိမ်မြည်လာသည်။ ကျိုးတုကတစ်ချက်တောင်မကြည့်ဘဲ ဖုန်းကိုချလိုက်ပြီးနောက် ဘားထဲသို့လျှော​က်ဝင်သွားလိုက်သည်။

နေရာကရိုးရှင်းသော အရက်ဘားလေးတစ်ခုသာဖြစ်ပြီး အလွန်တောက်ပနေတာမျိုးလည်းမရှိ မျက်စိကျိန်းလောက်သည့်မီးရောင်တွေ ဒါမှမဟုတ် အရူးအမူးကနေကြသည့်လူတွေလည်းမရှိပေ။

ကျိုးတုရောက်ရှိပြီးနောက် သူ့မျက်လုံးကဘားကိုဖြတ်ကြည့်လိုက်ပြီး ထောင့်နားလေးကဆိုဖာပေါ်မှာထိုင်နေသည့် ဝမ်ဟောင်ကိုတွေ့လိုက်သည်။

ဝမ်ဟောင်က လက်ထဲမှာဖုန်းကိုကိုင်ထားပြီး ကျိုးတုကိုထပ်ခေါ်ဖို့လုပ်နေသည်။ ဘာကြောင့်ဆို ကျိုးတုကသူ့ဖုန်းကိုချပစ်ခဲ့သည်ကြောင့်ပေ။

ကျိုးတုကဝမ်ဟောင်ကို နှုတ်ဆက်ရန်ပြင်လိုက်ချိန်တွင် ရုတ်တရက်ဝမ်ဟောင်ဘေးနားက အရပ်ရှည်ရှည်ယောကျ်ားတစ်ယောက်ကိုသတိထားလိုက်မိသည်။ ထိုလူက လက်ထဲတွင်လည်း ကာလာစုံဝိုင်နှစ်ခွက်ကိုကိုင်ထားခဲ့သေးသည်။

ကျန်းယန်ကဖန်ခွက်တစ်ခွက်ကို ဝမ်ဟောင်ရှေ့ချထားလိုက်ပြီး သူ့ကိုကြည့်လိုက်၏ " မင်းကဘာလို့အရမ်းအလျင်လိုနေတာလဲ? သူလည်း ကားလမ်းတွေပိတ်တာနဲ့ကြုံနေလို့နေမှာပေါ့ "

ကျန်းယန်ပြောတာလည်းကြားရော ဝမ်ဟောင်ကသူ့ဖုန်းကိုအဝေးမှာချထားလိုက်ပေမယ့်လည်း ပွစိပွစိကတော့ပြောနေဆဲပင် " ခရုကတောင် သူ့ထက်မြန်အုံးမယ် "

" ဒါဆိုလည်းသွားပြီး ခရုတစ်ကောင်ရှာလာခဲ့ " ကျိုးတုကရုတ်တရက်သူ့ပါးစပ်ကိုဖွင့်လိုက်၏။ ဝမ်ဟောင်က အံ့အားသင့်စွာဖြင့်ခေါင်းထောင်လာပြီး ခပ်မြန်မြန်မတ်တပ်ရပ်လာသည်။ သူက ကျိုးတုနောက်ကျောပေါ်သို့ခုံတက်လိုက်ပြီး ကျိုးတုပခုံးကိုရိုက်၍ ပြောလိုက်သည် " နောက်ဆုံးတော့ မင်းရောက်လာပြီ "

ကျန်းယန်ကသူ့ရဲ့ရှည်လျားလှသည့်လက်မောင်းကြီးကိုဆန့်ပြီး ဝမ်ဟောင်ခါးလေးကိုဆွဲဖက်လိုက်၍ သူ့ဘေးနားသို့ပြန်ထိုင်ခိုင်းလိုက်သည်။

ကျိုးတုကသူတို့ကိုကြည့်လိုက်ပြီး ဘာမှမမြင်သလိုဟန်ဆောင်နေလိုက်သည်။ သူကသူတို့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်၏။

ဝမ်ဟောင်ကအနည်းငယ်ကို့ယို့ကားယားနိုင်သလိုခံစားရပေမယ့်လည်း ကျန်းယန်ဘေးနားကနေရာကိုစွန့်ပြီး သူ့ရဲ့နဂိုနေရာလေးသို့ပြန်မထိုင်ဝံ့ပေ။ ထို့ကြောင့်ပဲ သူ့ပါးစပ်လေးကိုဖွင့်၍ ကျိုးတုဘက်ကိုလှည့်လိုက်ပြီး " ပြောပါအုံး ဘာလို့မင်းက ပျက်စီးနေတဲ့သဌေးသားလေးအဖြစ်နေဖို့မရွေးချယ်ခဲ့ရတာလဲ? ရှောင်ပြေးဖို့မစဥ်းစားနဲ့နော် ငါမင်းအမေဆီကနေကြားပြီးပြီ မင်းက သူတို့ဆီကိုတစ်နှစ်မှာ နှစ်ကြိမ်ထက်ပိုမလာဘူးတဲ့ မင်းဘာလို့အဲ့လောက်အလုပ်တွေလုပ်နေရတာလဲဟမ်? မိသားစုဂုဏ်အတွက် မင်းရဲ့ညီမလေးနဲ့အပြိုင်လုပ်နေရတဲ့ပုံလည်းမပေါ်ပါဘူး "

ကျန်းယန်က သူ့အချစ်လေး၏စကားကိုဖြတ်ပြောလိုက်၏ " ပေါက်ကရတွေလျှောက်ပြောနေတာ တော်တော့ "

ကျိုးတုကသူ့မျက်လုံးများကို ပင့်မလိုက်သည် " ဟုတ်တယ် မင်းမှန်တယ် ငါ့မယ်တော်ကြီးက မင်းသမီးလေးကို တုန်နေအောင်ချစ်တာလေ
အဲ့တော့ ငါလည်း ငါ့အနာဂတ်အတွက် ကြိုပြင်ဆင်ရတော့တာပေါ့ "

" ဟုတ်ပါပြီ ဟုတ်ပါပြီ " ဝမ်ဟောင်က သူ့ရှေ့ကဖန်ခွက်ထဲကဝိုင်ကိုပါးစပ်အပြည့်သောက်ချလိုက်ပေမယ့်လည်း သူကိုင်ထားသည့်ခွက်က ကျန်းယန်၏ဝိုင်ခွက်ဖြစ်မှန်း သိလိုက်ရသည်။ နီရဲနေသောနားရွက်လေးများဖြင့် ဝမ်ဟောင်က ဘာမှမဖြစ်ခဲ့သလိုမျိုးဟန်ဆောင်ရင်း ဖန်ခွက်ကို ကျန်းယန်ရှေ့သို့ပြန်ထားပေးလို​က်၏။

မထင်မှတ်ထားစွာပဲ ကျန်းယန်က ထိုဖန်ခွက်ကို တိုက်ရိုက်ကိုင်လိုက်ပြီး ဝမ်ဟောင်နှုတ်ခမ်းဖြင့်ထိထားသည့်နေရာအတိအကျကိုထိ၍ တစ်ငုံသောက်လိုက်သည်။

ဝမ်ဟောင်၏နားရွက်တင်မကတော့ပဲ သူ့မျက်နှာတစ်ခုလုံးကပါ စတင်ပူလာသလိုခံစားလာရသည်။

ကျိုးတုက ဘာတစ်ခုမှသတိမထားမိသလိုပြုမူနေတုန်းပင်။ သူကအနောက်ကိုမှီလိုက်ပြီး သူ့လက်ကိုမြှောက်၍ နှာခေါင်းကိုပွတ်လိုက်သည် " မင်းတိုနှစ်ယောက် စားပြီးပြီလား? " သူက သူ့ရှေ့ကလူနှစ်ယောက်ကိုမေးလိုက်ပြီး သူ့လက်များကိုပြန်ချထားလိုက်သည်။

ဝမ်ဟောင်က ' မစားရသေးဘူး ' ဟုပြောရန်ကြံလိုက်သော်လည်း ကျန်းယန်ပါးစပ်ကအရင်ပွင့်လာခဲ့သည် " ငါတို့စားပြီးပြီ ငါမြင်တာတော့ မင်းအခုအရမ်းပင်ပန်းနေတဲ့ပုံပဲ အိမ်ပြန်ပြီး အနားယူလိုက်မလား? "

သူ့ကိုယ်ပိုင်လုပ်ငန်းစတင်ခဲ့သည့် လွန်ခဲ့သောနှစ်အနည်းငယ်ထဲက ကျိုးတု၏အိပ်ချိန်များသည် လျော့နည်းသထက် လျော့နည်းလာခဲ့သည်။ သူအလုပ်ရှုပ်နေသည့်အချိန်ဆိုလျှင် အိပ်ဖို့မပြောနှင့်် မနက်စာ နေ့လည်စာ ညစာ ၃ခုလုံးကိုတောင် တခါတည်းနဲ့ပေါင်းစားရဖို့တောင် ဆန္ဒရှိ​နေခဲ့တာဖြစ်၏။ နောက်ဆုံးသူ့ကုမ္မဏီအခြေခိုင်ပြီးနောက် ယခုနှစ်တွေအတွင်း အလုပ်အရမ်းလုပ်ဖို့ မလိုတော့ပေမယ့်လည်း သူ့လို အသက်သုံးဆယ်ပြည့်ပြီးခါစယောကျ်ားတစ်ယောက်အနေနဲ့ အိပ်မပျော်တဲ့ရောဂါကြီး စွဲကပ်ခံရလိမ့်မယ်လို့ တစ်ခါမှ တွေးမထားခဲ့ဖူးပေ။

" Ok " ကျိုးတုကသူတို့ကိုခေါင်းညိတ်ပြလိုက်သည် " မင်းက ဒီညပြီးတာနဲ့ ဒီမြို့ထဲကနေ ထွက်သွားမှာမှ မဟုတ်တာ ဒီအပတ်ပိတ်ရက်ကျမှပဲသွားသောက်ကြတာပေါ့ "

" Ok " နွမ်းနယ်နေသည့်ကျိုးတု၏မျက်နှာကိုမြင်တော့ ဝမ်ဟောင်ကပြောလိုက်သည် " ငါ B မြို့မှာအချိန်တစ်ခုလောက်အထိနေမှာ ပြီးတော့ ငါအခုအလုပ်လည်းမရှိသေးဘူး အချိန်အများကြီးရှိပါသေးတယ် မင်းအားတဲ့အချိန်သာ ငါ့ကိုခေါ်လိုက် "

ကျိုးတုကတိတ်တဆိတ်သဘောတူညီချက်လေးပေးလိုက်ပြီးနောက် မတ်တပ်ရပ်ပြီး ထွက်ခွာဖို့လုပ်လိုက်သည်။

ဝမ်ဟောင်က ကျိုးတုရဲ့လက်ချောင်းလေးတွေကိုကြည့်ပြီး မမေးခင် ခဏလောက်တော့မင်တက်သွားမိသေး၏ " ဟေး မင်းကအခုထိတစ်​ယောက်ထဲဖြစ်နေတုန်းလား? "

ကျိုးတုတောင့်တင်းသွားခဲ့သည်။ သူက ခေါင်းကိုပြန်လှည့်လိုက်ပြီး ဝမ်ဟောင်ကိုပြုံးပြလိုက်၏ " ဟမ်? မင်းကငါ့ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးဖို့အစီအစဥ် ရှိလို့လား? "

ဝမ်ဟောင်ကတုန်လှုပ်သွားမိ၏။ သူကကျိုးတုကို တိုက်ရိုက်မကြည့်ရဲတော့ပဲ ပြန်ဖြေလိုက်သည် " ငါကမေးကြည့်တာပါ ငါမင်းကိုတစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးနိုင်ပါတယ်။ စဥ်းစား...ကြည့်ရအောင် ငါသိတဲ့ အရမ်းချောတဲ့ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်တော့ရှိတယ်။ သူ့ရဲ့အသားအရည်က ပုလဲဖြူရောင်လေး ပြီးတော့လည်း နီလာ​လေးလိုမျိုး အပြာရောင်မျက်ဝန်းလေးလည်းရှိတယ်။ အဲ့တော့ မင်းမှာဘယ်သူမှမရှိ...... "

" Ok " ကျိုးတုကဂရုမစိုက်စွာဖြင့်ပြောလိုက်သည် " မင်းရဲ့ကျောင်းနေဖက်သူငယ်ချင်းကိုဖုန်းဆက်ပြီး ငါတို့နဲ့အတူပျော်စရာလေးတွေလုပ်နိုင်မလားလို့ မေးလိုက် "

" တကယ်လား? " ဝမ်ဟောင်က ကျိုးတုကိုပျော်ရွှင်စွာဖြင့် ကြည့်လာသည်။ ကျိုးတုကခေါင်းညိတ်လိုက်ပြီး သူ့ကုတ်ကိုလက်ပေါ်တင်လိုက်၏။ သူက ဝမ်ဟောင်ကိုကြည့်နေပေမယ့်လည်း သူ့စကားလုံးတွေက ကျန်းယန်ဆီသို့မူတည်နေသည် " ဟျောင် မင်းနိုင်ငံခြားမှာစာသွားသင်တာက ချောတဲ့နိုင်ငံခြားသားလေးတွေကိုသွားငမ်းတာလို့တော့မပြောနဲ့နော် "

ဝမ်ဟောင်ကချက်ချင်းပြန်ပြောလာပြီး နောက်တစ်ကြိမ်တုန်လှုပ်လာသည် " အဓိပ္ပါယ်မရှိတာ! သေချာပေါက်ငါမလုပ်ဘူး! "

ကျိုးတုကသူ့ကို မကောင်းဆိုးဝါးအပြုံးတစ်ခုပြုံးပြလိုက်ပြီးနောက် ဘားထဲမှထွက်ခွာသွားတော့သည်။

ကျန်းယန်ကပေါ့ပေါ့ပါးပါးဖြင့် သူ့လက်ကိုဝမ်ဟောင်ပခုံးနားထားလိုက်ပြီး ဆိုဖာကိုမှီ၍ ဝမ်ဟောင်အား သူ့မျက်ခုံးများကိုပင့်ပြလိုက်သည် " ဟမ်? ရုပ်ချောတဲ့ ကပြားကောင်လေး? "

ဝမ်ဟောင်က ဆက်လက်တိတ်ဆိတ်နေဆဲ။

ကျိုးတုအိမ်ပြန်ရောက်ပြီးနောက် သူကအစားအသောက်အော်ဒါမှာလိုက်ပြီး ရေချိုးလိုက်သည်။ သူဝယ်ထားသည့်အိမ်က မြစ်ရှူခင်းကိုကောင်းစွာမြင်ရပြီး ထိုအချိန်မှာပဲ ကောင်းကင်ကတိမ်မည်းတွေဟာ လွင့်စင်သွားသည်။ နီယွန်ရောင်အလင်းတွေနဲ့ အစားထိုးလိုက်တဲ့ပုံက မိန်းမပျိုလေးတစ်ယောက်က ကနေတဲ့ပုံရိပ်လိုပဲ လှပလွန်းတော့၏။

ကျိုးတုက ကြမ်းပြင်ထိရှည်သောပြတင်းပေါက်ရှေ့ ဆံပင်သုတ်လျှက် မတ်တပ်ရပ်နေပြီး ​အပြင်ဘက်ကမြစ်ရှူခင်းကိုကြည့်နေသည်။

ရိုးရှင်းသောအစားအသောက်ကိုစားပြီးနောက် ကျိုးတုကအခန်းထဲသို့ပြန်ဝင်လိုက်သည်။ သူက ခုတင်ကိုမှီပြီး သူ့အိပ်ရာဘေးကဖတ်လို့မပြီးသေးသည့်စာအုပ်ကိုယူလိုက်၍ သူမဖတ်ရသေးခင်မှာပဲ သူ့ဖုန်းကတုန်ခါလာခဲ့သည်။ ကျိုးတုကယူလိုက်ပြီး အတွင်းရေးမှူးကျိုး ဆီမှ email ရောက်ရှိတာဖြစ်ကြောင်းတွေ့လိုက်ရသည်။

သူကစာအုပ်ကိုဘေးသို့ပြန်ချလိုက်ပြီး သူ့ laptop ကိုဖွင့်လိုက်သည်။

သူ့မက်ဆေ့ထဲတွင် အတွင်းရေးမှူးကျိုးပြောထားသည်က ဘာသာပြန်သူလီမှထောက်ခံပေးထားသည့် သူ၏ဂျူနီယာက စာပိုဒ်အားဘာသာပြန်ပြီးသွား၍ မွန်းလွဲပိုင်းထဲကသူမဆီပို့ထားကြောင်းနှင့် သူမက ကျိုးတုအားစစ်ဆေးပေးစေလိုကြောင်းစသည်ဖြင့် ဖြစ်သည်။

ကျိုးတုက သူမပို့ထားသည့် email ထဲမှပူးတွဲဖိုင်အားဖွင့်ကြည့်လိုက်သည်။

သူကြည့်ပြီးနောက် ထိုဂျူနီယာ၏အချို့သော ဘာသာပြန်စကေးများသည် လီထက်တောင်မှပို၍ ပရော်ဖက်ရှင်နယ်ဆန်သေးကြောင်းတွေးလိုက်ရ၏။

ထိုလူက အချို့သောအထူးစကားလုံးများအတွက် Note တောင်ရေးထည့်ပေးထားတာကြောင့် ဒီဟာကိုဖတ်လိုက်သည့်မည်သူမဆို နားလည်လွယ်နိုင်သည်။

ထိုအသေးစိတ်အချက်အလက်များအား ကြည့်ခြင်းဖြင့် ထိုသူသည် အရည်အချင်းရှိပြီး အတော်လေးဂရုစိုက်တတ်သူဖြစ်ကြောင်း ​သိနိုင်လေသည်။

ထိုစာအားဖတ်ပြီးနောက် ကျိုးတုက သူ့အတွင်းရေးမှူး ကျိုးဆီသို့ email ဖြင့်စာပြန်လိုက်သည်။

[သူကအရည်အချင်းပြည့်မှီတယ်။ ငါ့ကို သူနဲ့ဆက်သွယ်နိုင်မယ့်အချက်အလက်တစ်ခုခုပေး။ အချို့အရေးကြီးတဲ့ စာရွက်စာတမ်းတွေအကြောင်းကို ငါသူနဲ့မျက်နှာချင်းဆိုင်တွေ့ပြီး ဆွေးနွေးဖို့လိုအပ်တယ်]

တိုတုတ်လှသော email ကိုလက်ခံရရှိပြီးနောက် အတွင်းရေးမှူးကျိုးသည် ကျိုးတု၏ဖုန်းဆီသို့ လူတစ်ယောက်၏ဖုန်းနံပါတ်ကိုပို့ပေးလာသည်။

ကျိုးတု ဖုန်းက မက်ဆေ့ရောက်ကြောင်းအသိပေးသံမြည်လာသည့်အခါ ဖုန်းကိုကောက်ကြည့်တော့မည့်အချိန် တံခါးဆီမှ ရုတ်တရက်ကုတ်ခြစ်သည့်အသံတစ်သံထွက်လာခဲ့သည်။

သူ့ဖုန်းကိုကြည့်ရမည့်အစား သူကထပြီးတံခါးကိုသွားဖွင့်လိုက်သည်။

golden retriever လေးတစ်ကောင်ကအပြင်ဘက်တွင် ရပ်နေခဲ့သည်။ သူကရုတ်တရက်ကျိုးတုပေါ်ခုန်တက်သွားပြီး သူ့ပိုင်ရှင်အား လျှာဖြင့်လျှက်နေခဲ့သည်။ ကျိုးတုကသူ့ကိုတွန်းထုတ်လိုက်ပြီး ခွေးအိမ်လေးဆီသို့လျှောက်သွားလိုက်သည်။

" ငါမင်းကိုအစာကျွေးဖို့မေ့သွားတယ် " ကျိုးတုက သူ့ခွေးရဲ့ခေါင်းလေးကိုပွတ်ရင်း တောင်းပန်လိုက်သည်။ ပြီးနောက် သူ့ခွေး၏ အစာခွက်လေးထဲသို့ ခွေးစာအနည်းငယ်ထည့်ပေးလိုက်သည်။

ပျင်းရိစွာဖြင့် သူ့ခွေးလေး ညစာစားပြီးသည့်အထိထိုင်ကြည့်နေခဲ့သည်။ အစာစားပြီးနောက် ခွေးလေးကအရမ်းအင်အားပြည့်ဝသွားပုံပင် သူက ကျိုးတုရဲ့ဘောင်းဘီကိုကိုက်ရင်း အ​ပြင်ထွက်ချင်ကြောင်း ပြောနေ၏။

ကျိုးတုက ငုတ်တုတ်ထိုင်လိုက်ပြီး သူ့ခွေးလေးကိုက်ဖက်လိုက်၍ " ဒီနေ့ကအရမ်းနောက်ကျနေပြီ မနက်ဖန်မနက်ကျမှပဲ မင်းကိုလမ်းလျှောက်ထွက်ဖို့ခေါ်သွားပေးမယ်နော် "

golden retriever လေးကလူစကားကိုနားလည်ပုံရပြီး ကျိုးတုပြောတာနားထောင်ပြီးသည်နှင့် သူ့အိမ်ထဲသို့သူ နာခံစွာဖြင့်ပြန်ဝင်သွားတော့သည်။

ကျိုးတုသူ့အခန်းသို့နောက်တစ်ကြိမ်ပြန်ရောက်သောအခါ သူ့ဖုန်းထဲကစာအကြောင်းကိုအရှင်းမေ့သွားတော့သည်။ သူ့ခေါင်းကဆံပင်တွေခြောက်သွားပြီဖြစ်ကြောင်းတွေ့လိုက်ရတော့ သူကစောင်ကိုမလိုက်ပြီး ဝင်လဲလိုက်သည်။

တစ်နာရီကြာပြီးနောက် အိပ်ရာထဲကနေနောက်တစ်ကြိမ်ပြန်ထွက်လာပြီး စာပွဲခုံအံဆွဲကိုဖွင့်လိုက်၍ ဆေးတစ်လုံးထုတ်ယူလိုက်သည်။

ဆေးသောက်ပြီးနောက် သူ့မျက်လုံးများအားနောက်တစ်ကြိမ်ထပ်မှိတ်လိုက်ပြန်သည်။

ဒီလောက်နှစ်တွေအများကြီးကြာပြီးတာတောင်မှ ဘာလို့မင်းက ငါ့အိပ်မက်ထဲပေါ်လာနေရသေးတာလဲကွာ?

ကျိုးတုလေးကတကယ်ကိုလူကြီးဖြစ်လာခဲ့ပြီပဲ။ သူကတိပေးထားတဲ့အတိုင်း ပိုက်ဆံတွေလည်းအများကြီးရှာလာနိုင်ပြီ။ ကိုယ်ပိုင်အိမ်လေးတစ်လုံးလည်းဝယ်ထားပြီ။ ခွေးလေးတစ်ကောင်လည်းမွေးထားပြီ။ သူ့ဘဝမှာလိုနေတဲ့ဆန္ဒလေးတစ်ခုက မင်းပါပဲ ရှယောင်လေးရေ။ ပြန်လာလိုက်ပါတော့ကွာ။ သူနှစ်တွေအများကြီးမင်းကိုစောင့်နေခဲ့ပြီးပါပြီ ❤❤

ကျိုးတုရဲ့ခွေးလေးက ဒီလိုပုံစံလေးပါ။

_____________________________________♥________________________________

[Zawgyi]

B ၿမိဳ႕သည္ မၾကာေသးမီႏွစ္မ်ားအတြင္းမွာပဲ အလြန္လ်င္ျမန္စြာ ႀကီးထြားလာခဲ့သည္။ တစ္ခ်ိန္က ၿမိဳ႕လယ္ေခါင္ႏွင့္ အေဝးမွျမင္နိုင္ေသာ လူေနအိမ္ေလးမ်ားသည္ ယခုအခါ အထပ္ျမင့္တိုက္ႀကီးမ်ားျဖင့္ အစားထိုးေနခဲ့ေလၿပီ။

သူ႕ဆဲလ္ဖုန္း ႏွစ္ႀကိမ္ေလာက္ျမည္လာသည့္အခ်ိန္တြင္ က်ိဳးတုသည္ သူ႕ကုမၼဏီ႐ုံးခန္းထဲတြင္ စာ႐ြက္စာတမ္းမ်ား ဖတ္ေနသည့္အခ်ိန္ျဖစ္၏။

သူကစိုက္ၾကည့္လိုက္ေသာ္လည္း စိတ္မသက္မသာျဖစ္စြာျဖင့္ သူ႕အလုပ္သူဆက္လုပ္ေနဆဲပင္။ ဖုန္းကအခ်ိန္ခဏေလာက္တိတ္ဆိတ္ေနၿပီးေနာက္ ခ်စ္သူေကာင္မေလးမွ သူမကိုလ်စ္လႉရႉထား၍ဂ်ီက်သလိုမ်ိဳး ေနာက္ထပ္တစ္ဖန္ ဆူညံသံမ်ားျပဳလုပ္လာခဲ့ျပန္သည္။

က်ိဳးတုက စိတ္ရႈပ္စြာျဖင့္ ထိုဇြဲေကာင္းေကာင္းျဖင့္ျမည္ေနေသာဖုန္းကို ေနာက္ဆုံးမွာေတာ့ ကိုင္လိုက္ရေတာ့သည္။

" ဘာလဲ? " သူကမေက်နပ္ေသာအသံျဖင့္ေမးလိုက္သည္။

က်ိဳးတုအသံကိုလည္းၾကားေရာ အျခားတစ္ဖက္မွ ေယာက်္ားသံက ခ်က္ခ်င္းေအာ္ဟစ္ထြက္လာသည္ " ဟုတ္ပါၿပီ ေခါင္းေဆာင္က်ိဳးႀကီးရဲ႕ ေနာက္ဆုံးေတာ့မင္းရဲ႕ မ်ားျပားလွတဲ့အလုပ္အခ်ိန္ဇယားေတြထဲကေန ေဖာက္ထြက္လာၿပီး ငါ့ကိုစကားေျပာဖို႔အခြင့္အေရးေလး ေပးသနားလာၿပီေပါ့ေလ! "

က်ိဳးတုကသူ႕ဖုန္းကိုလက္တစ္ဖက္ျဖင့္ကိုင္ထားေပမယ့္လည္း သူ႕မ်က္လုံးမ်ားကေတာ့ desktop ေပၚရွိ စာ႐ြက္စာတမ္းမ်ားကိုၾကည့္ေနသည္။

" မင္းေျပာခ်င္တာကိုပဲ တန္းေျပာ "

ထိုလူကေတာ့ ဝမ္ေဟာင္ပင္ျဖစ္သည္။ သူကအခုမွ US မွျပန္လာခါစျဖစ္ေလ၏။ သူက သူ႕ေမြးရပ္ေျမျဖစ္တဲ့ H ၿမိဳ႕ေလးမွာ ႏွစ္ရက္ေလာက္ေနၿပီးေနာက္ B ၿမိဳ႕သို႔အလ်င္အျမန္လာခဲ့တာျဖစ္သည္။

ထူးဆန္းသည္မွာ သူနိုင္ငံျခားသို႔အပို႔ခံရၿပီးေနာက္ ထိုငပ်င္းေက်ာင္းသားေဟာင္းေလးသည္ မ်က္စိပြင့္နားပြင့္ျဖစ္လာပုံရၿပီး သူ၏ေမြးရပ္ေျမၿမိဳ႕ေလးသို႔ ဘြဲ႕လြန္ဒီဂရီဘြဲ႕ျဖင့္ျပန္ေရာက္လာခဲ့သည္။ အကယ္၍ ဝမ္ေဟာင္သာ စာသင္ရျခင္းကေပ်ာ္စရာတစ္ခုဟုသာရွာေဖြေတြ႕ရွိခဲ့လွ်င္ သူသည္ ဘြဲ႕လြန္ဒီဂရီေလးတစ္ခုေလာက္ျဖင့္ရပ္တန့္လိုက္မည္မဟုတ္ဘဲ PbD ဘြဲ႕အထိေတာင္မွေလ့လာခ်င္သြားေလာက္ေပမည္။

ဝမ္ေဟာင့္ မိဘမ်ားကေတာ့ သူတို႔၏ဆုေတာင္းမ်ားျပည့္လာၿပီဟု ေတြးလာၾကၿပီး သူတို႔၏သားေလးဟာ ေနာက္ဆုံးေတာ့ သူတို႔မ်က္လုံးထဲ သင့္ေတာ္သူတစ္ေယာက္ျဖစ္လာခဲ့ေလၿပီ။

" ငါအခု B ၿမိဳ႕ေရာက္ေနတယ္ သြားေသာက္ၾကမလား? " ဝမ္ေဟာင္၏တက္ႂကြေနသည့္အသံက က်ိဳးတုနားထဲဝင္ေရာက္လာသည္။

က်ိဳးတုက အံ့ၾသတႀကီးေမးလာသည္ " မင္းဘယ္တုန္းကျပန္ေရာက္တာလဲ? "

" သိပ္မၾကာေသးဘူး ငါ H ၿမိဳ႕မွာရက္နည္းနည္းေလာက္ေနလိုက္ေသးတယ္။ အဲ့တာေၾကာင့္ မင္းရဲ႕အကိုႀကီးအတြက္ ႀကိဳဆိုပြဲပါတီလုပ္ေပးဖို႔ဂ႐ုစိုက္လိုက္ပါအုံး "

က်ိဳးတုကသူ႕ဖုန္းကို နား႐ြက္နဲ႕ပခုံးၾကားညွပ္လိုက္ၿပီး သူ႕ေဘာပင္ကိုအဖုံးျပန္စြပ္လိုက္သည္။ သူက သူ႕ရဲ႕ကုတ္အကၤ်ီအေပၚထပ္ကိုေကာက္ယူလိုက္ၿပီး ဝမ္ေဟာင္ကိုျပန္ေျပာလိုက္သည္ " ဘာအဓိပၸါယ္မရွိတာေတြေျပာေနတာလဲ ေသခ်ာေပါက္ ငါလာမွာေပါ့ ဒီညဘယ္မွာေတြ႕ခ်င္လဲ? "

ဝမ္ေဟာင္ကခ်က္ခ်င္းပဲလိပ္စာကိုေျပာလိုက္သည္။ က်ိဳးတုကဖုန္းခ်လိဳက္ၿပီး သူ႕ကုတ္အကၤ်ီအိတ္ထဲထည့္လိုက္၍ အလုပ္မွေစာေစာဆင္းရန္ျပင္ဆင္လိုက္သည္။

သူ႐ုံးမွမထြက္ခြာခင္ အတြင္းေရးမႉးကအျပင္မွတံခါးေခါက္၍ သူ႕႐ုံးခန္းထဲဝင္လာခဲ့သည္။

အတြင္းေရးမႉးမေလး၏နာမည္က က်ိဳးထုံျဖစ္ၿပီး က်ိဳးတု၏မ်ိဳးရိုးနာမည္ႏွင့္တူညီသည္။ သူမကလွပေသာ႐ုပ္ေလးရွိၿပီး လွပေသာေျခေထာက္ေလးမ်ားႏွင့္ရင္ဘတ္ျပားျပားရွိသည့္ ရင္းႏွီးေဖာ္ေ႐ြေသာအမ်ိဳးသမီးတစ္ေယာက္ျဖစ္သည္။ က်ိဳးတု႐ုံးဆင္းေတာ့မည့္အေၾကာင္း သတိထားလိုက္မိေသာအခါ သူမကအနည္းငယ္အံ့ၾသသြားၿပီး ခပ္ျမန္ျမန္ေျပာလိုက္သည္ " ေခါင္းေဆာင္က်ိဳး ကြၽန္မတင္ျပခ်င္တဲ့ကိစၥေလးနည္းနည္းရွိလို႔ပါ "

က်ိဳးတုကမ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူက သူ႕ခုံမွာျပန္ထိုင္လိုက္ၿပီး က်ိဳးထုံကိုဆက္ေျပာဖို႔အခ်က္ျပလိုက္သည္။

က်ိဳးထုံကခ်က္ခ်င္းပဲစာ႐ြက္စာတမ္းေတြကို က်ိဳးတုခုံေပၚတင္ၿပီး ေျပာလိုက္သည္ " ဘာသာျပန္ဖို႔လိုအပ္တဲ့ စာ႐ြက္စာတမ္းေတြရွိေနေပမယ့္လည္း ကြၽန္မတို႔ကုမၼဏီနဲ႕အလုပ္တြဲလုပ္ေနတဲ့ ဘာသာျပန္သူလီက အခ်ိန္ခဏေလာက္အလုပ္မ်ားေနတာ​မို႔ သူ႕ေက်ာင္းက သူ႕ရဲ႕ဂ်ဴနီယာတစ္ေယာက္ကို ေထာက္ခံေပးထားပါတယ္။ ေခါင္းေဆာင္က်ိဳး တစ္ခ်က္ၾကည့္ေပးလို႔ရမလား? "

က်ိဳးတုက က်ိဳးထုံကိုၾကည့္လိုက္သည္။ သူကတစ္ဖန္မတ္တပ္ရပ္လိုက္ၿပီး ေျပာလိုက္၏ " ဘာသာျပန္သူလီကေထာက္ခံေပးထားတယ္ဆိုမွေတာ့ အဲ့လူကိုဆက္သြယ္ဖို႔ႀကိဳးစားသင့္တယ္။ သူ႕ကို စစ္ေဆးနဲ႕အေနနဲ႕စာပိုဒ္အနည္းငယ္ေပးၿပီးလုပ္ခိုင္းလိုက္ သူသာအရည္အခ်င္းျပည့္မွီတယ္ဆိုရင္ ငါတို႔ရဲ႕ပူးေပါင္းမႈကိုဆက္လုပ္နိုင္တယ္ "

" ဟုတ္ကဲ့ပါ ဆရာ " သူမေဘာ့၏ခြင့္ျပဳခ်က္ရၿပီးတာႏွင့္ စာ႐ြက္စာတမ္းေတြကိုျပန္ယူလိုက္ၿပီး ေခါင္းကိုငုံ႕၍အခန္းထဲကထြက္သြားေတာ့သည္။

သူက အနည္းငယ္ေနာက္က်ေန႐ုံသာရွိၿပီး လမ္းမေပၚသို႔ေရာက္ရွိေနခဲ့ၿပီးျဖစ္သည္။ ၿမိဳ႕ျပရဲ႕ေကာင္းကင္က ပို၍ ပို၍ ေမွာင္လာခဲ့ေလၿပီ နီယြန္မီးမ်ားႏွင့္ လမ္းမီးေတြကစတင္ၿပီးေတာက္ပလာၾက၏။ ေကာင္းကင္ႀကီး လုံးဝေမွာင္မဲမသြားခင္မွာပဲ က်ိဳးတုက ဝမ္ေဟာင္ေျပာသည့္ ဘားသို႔ေရာက္ရွိလာခဲ့သည္။

သူဘားထဲသို႔ေျခမလွမ္းခင္မွာပဲ ဖုန္းကေနာက္တစ္ႀကိမ္ျမည္လာသည္။ က်ိဳးတုကတစ္ခ်က္ေတာင္မၾကည့္ဘဲ ဖုန္းကိုခ်လိဳက္ၿပီးေနာက္ ဘားထဲသို႔ေလွ်ာ​က္ဝင္သြားလိုက္သည္။

ေနရာကရိုးရွင္းေသာ အရက္ဘားေလးတစ္ခုသာျဖစ္ၿပီး အလြန္ေတာက္ပေနတာမ်ိဳးလည္းမရွိ မ်က္စိက်ိန္းေလာက္သည့္မီးေရာင္ေတြ ဒါမွမဟုတ္ အ႐ူးအမူးကေနၾကသည့္လူေတြလည္းမရွိေပ။

က်ိဳးတုေရာက္ရွိၿပီးေနာက္ သူ႕မ်က္လုံးကဘားကိုျဖတ္ၾကည့္လိုက္ၿပီး ေထာင့္နားေလးကဆိုဖာေပၚမွာထိုင္ေနသည့္ ဝမ္ေဟာင္ကိုေတြ႕လိုက္သည္။

ဝမ္ေဟာင္က လက္ထဲမွာဖုန္းကိုကိုင္ထားၿပီး က်ိဳးတုကိုထပ္ေခၚဖို႔လုပ္ေနသည္။ ဘာေၾကာင့္ဆို က်ိဳးတုကသူ႕ဖုန္းကိုခ်ပစ္ခဲ့သည္ေၾကာင့္ေပ။

က်ိဳးတုကဝမ္ေဟာင္ကို ႏႈတ္ဆက္ရန္ျပင္လိုက္ခ်ိန္တြင္ ႐ုတ္တရက္ဝမ္ေဟာင္ေဘးနားက အရပ္ရွည္ရွည္ေယာက်္ားတစ္ေယာက္ကိုသတိထားလိုက္မိသည္။ ထိုလူက လက္ထဲတြင္လည္း ကာလာစုံဝိုင္ႏွစ္ခြက္ကိုကိုင္ထားခဲ့ေသးသည္။

က်န္းယန္ကဖန္ခြက္တစ္ခြက္ကို ဝမ္ေဟာင္ေရွ႕ခ်ထားလိုက္ၿပီး သူ႕ကိုၾကည့္လိုက္၏ " မင္းကဘာလို႔အရမ္းအလ်င္လိုေနတာလဲ? သူလည္း ကားလမ္းေတြပိတ္တာနဲ႕ႀကဳံေနလို႔ေနမွာေပါ့ "

က်န္းယန္ေျပာတာလည္းၾကားေရာ ဝမ္ေဟာင္ကသူ႕ဖုန္းကိုအေဝးမွာခ်ထားလိုက္ေပမယ့္လည္း ပြစိပြစိကေတာ့ေျပာေနဆဲပင္ " ခ႐ုကေတာင္ သူ႕ထက္ျမန္အုံးမယ္ "

" ဒါဆိုလည္းသြားၿပီး ခ႐ုတစ္ေကာင္ရွာလာခဲ့ " က်ိဳးတုက႐ုတ္တရက္သူ႕ပါးစပ္ကိုဖြင့္လိုက္၏။ ဝမ္ေဟာင္က အံ့အားသင့္စြာျဖင့္ေခါင္းေထာင္လာၿပီး ခပ္ျမန္ျမန္မတ္တပ္ရပ္လာသည္။ သူက က်ိဳးတုေနာက္ေက်ာေပၚသို႔ခုံတက္လိုက္ၿပီး က်ိဳးတုပခုံးကိုရိုက္၍ ေျပာလိုက္သည္ " ေနာက္ဆုံးေတာ့ မင္းေရာက္လာၿပီ "

က်န္းယန္ကသူ႕ရဲ႕ရွည္လ်ားလွသည့္လက္ေမာင္းႀကီးကိုဆန့္ၿပီး ဝမ္ေဟာင္ခါးေလးကိုဆြဲဖက္လိုက္၍ သူ႕ေဘးနားသို႔ျပန္ထိုင္ခိုင္းလိုက္သည္။

က်ိဳးတုကသူတို႔ကိုၾကည့္လိုက္ၿပီး ဘာမွမျမင္သလိုဟန္ေဆာင္ေနလိုက္သည္။ သူကသူတို႔မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္လိုက္၏။

ဝမ္ေဟာင္ကအနည္းငယ္ကို႔ယို႔ကားယားနိုင္သလိုခံစားရေပမယ့္လည္း က်န္းယန္ေဘးနားကေနရာကိုစြန့္ၿပီး သူ႕ရဲ႕နဂိုေနရာေလးသို႔ျပန္မထိုင္ဝံ့ေပ။ ထို႔ေၾကာင့္ပဲ သူ႕ပါးစပ္ေလးကိုဖြင့္၍ က်ိဳးတုဘက္ကိုလွည့္လိုက္ၿပီး " ေျပာပါအုံး ဘာလို႔မင္းက ပ်က္စီးေနတဲ့သေဌးသားေလးအျဖစ္ေနဖို႔မေ႐ြးခ်ယ္ခဲ့ရတာလဲ? ေရွာင္ေျပးဖို႔မစဥ္းစားနဲ႕ေနာ္ ငါမင္းအေမဆီကေနၾကားၿပီးၿပီ မင္းက သူတို႔ဆီကိုတစ္ႏွစ္မွာ ႏွစ္ႀကိမ္ထက္ပိုမလာဘူးတဲ့ မင္းဘာလို႔အဲ့ေလာက္အလုပ္ေတြလုပ္ေနရတာလဲဟမ္? မိသားစုဂုဏ္အတြက္ မင္းရဲ႕ညီမေလးနဲ႕အၿပိဳင္လုပ္ေနရတဲ့ပုံလည္းမေပၚပါဘူး "

က်န္းယန္က သူ႕အခ်စ္ေလး၏စကားကိုျဖတ္ေျပာလိုက္၏ " ေပါက္ကရေတြေလွ်ာက္ေျပာေနတာ ေတာ္ေတာ့ "

က်ိဳးတုကသူ႕မ်က္လုံးမ်ားကို ပင့္မလိုက္သည္ " ဟုတ္တယ္ မင္းမွန္တယ္ ငါ့မယ္ေတာ္ႀကီးက မင္းသမီးေလးကို တုန္ေနေအာင္ခ်စ္တာေလ
အဲ့ေတာ့ ငါလည္း ငါ့အနာဂတ္အတြက္ ႀကိဳျပင္ဆင္ရေတာ့တာေပါ့ "

" ဟုတ္ပါၿပီ ဟုတ္ပါၿပီ " ဝမ္ေဟာင္က သူ႕ေရွ႕ကဖန္ခြက္ထဲကဝိုင္ကိုပါးစပ္အျပည့္ေသာက္ခ်လိဳက္ေပမယ့္လည္း သူကိုင္ထားသည့္ခြက္က က်န္းယန္၏ဝိုင္ခြက္ျဖစ္မွန္း သိလိုက္ရသည္။ နီရဲေနေသာနား႐ြက္ေလးမ်ားျဖင့္ ဝမ္ေဟာင္က ဘာမွမျဖစ္ခဲ့သလိုမ်ိဳးဟန္ေဆာင္ရင္း ဖန္ခြက္ကို က်န္းယန္ေရွ႕သို႔ျပန္ထားေပးလို​က္၏။

မထင္မွတ္ထားစြာပဲ က်န္းယန္က ထိုဖန္ခြက္ကို တိုက္ရိုက္ကိုင္လိုက္ၿပီး ဝမ္ေဟာင္ႏႈတ္ခမ္းျဖင့္ထိထားသည့္ေနရာအတိအက်ကိဳထိ၍ တစ္ငုံေသာက္လိုက္သည္။

ဝမ္ေဟာင္၏နား႐ြက္တင္မကေတာ့ပဲ သူ႕မ်က္ႏွာတစ္ခုလုံးကပါ စတင္ပူလာသလိုခံစားလာရသည္။

က်ိဳးတုက ဘာတစ္ခုမွသတိမထားမိသလိုျပဳမူေနတုန္းပင္။ သူကအေနာက္ကိုမွီလိုက္ၿပီး သူ႕လက္ကိုျမႇောက္၍ ႏွာေခါင္းကိုပြတ္လိုက္သည္ " မင္းတိုႏွစ္ေယာက္ စားၿပီးၿပီလား? " သူက သူ႕ေရွ႕ကလူႏွစ္ေယာက္ကိုေမးလိုက္ၿပီး သူ႕လက္မ်ားကိုျပန္ခ်ထားလိုက္သည္။

ဝမ္ေဟာင္က ' မစားရေသးဘူး ' ဟုေျပာရန္ႀကံလိုက္ေသာ္လည္း က်န္းယန္ပါးစပ္ကအရင္ပြင့္လာခဲ့သည္ " ငါတို႔စားၿပီးၿပီ ငါျမင္တာေတာ့ မင္းအခုအရမ္းပင္ပန္းေနတဲ့ပုံပဲ အိမ္ျပန္ၿပီး အနားယူလိုက္မလား? "

သူ႕ကိုယ္ပိုင္လုပ္ငန္းစတင္ခဲ့သည့္ လြန္ခဲ့ေသာႏွစ္အနည္းငယ္ထဲက က်ိဳးတု၏အိပ္ခ်ိန္မ်ားသည္ ေလ်ာ့နည္းသထက္ ေလ်ာ့နည္းလာခဲ့သည္။ သူအလုပ္ရႈပ္ေနသည့္အခ်ိန္ဆိုလွ်င္ အိပ္ဖို႔မေျပာႏွင့္္ မနက္စာ ေန႕လည္စာ ညစာ ၃ခုလုံးကိုေတာင္ တခါတည္းနဲ႕ေပါင္းစားရဖို႔ေတာင္ ဆႏၵရွိ​ေနခဲ့တာျဖစ္၏။ ေနာက္ဆုံးသူ႕ကုမၼဏီအေျခခိုင္ၿပီးေနာက္ ယခုႏွစ္ေတြအတြင္း အလုပ္အရမ္းလုပ္ဖို႔ မလိုေတာ့ေပမယ့္လည္း သူ႕လို အသက္သုံးဆယ္ျပည့္ၿပီးခါစေယာက်္ားတစ္ေယာက္အေနနဲ႕ အိပ္မေပ်ာ္တဲ့ေရာဂါႀကီး စြဲကပ္ခံရလိမ့္မယ္လို႔ တစ္ခါမွ ေတြးမထားခဲ့ဖူးေပ။

" Ok " က်ိဳးတုကသူတို႔ကိုေခါင္းညိတ္ျပလိုက္သည္ " မင္းက ဒီညၿပီးတာနဲ႕ ဒီၿမိဳ႕ထဲကေန ထြက္သြားမွာမွ မဟုတ္တာ ဒီအပတ္ပိတ္ရက္က်မွပဲသြားေသာက္ၾကတာေပါ့ "

" Ok " ႏြမ္းနယ္ေနသည့္က်ိဳးတု၏မ်က္ႏွာကိုျမင္ေတာ့ ဝမ္ေဟာင္ကေျပာလိုက္သည္ " ငါ B ၿမိဳ႕မွာအခ်ိန္တစ္ခုေလာက္အထိေနမွာ ၿပီးေတာ့ ငါအခုအလုပ္လည္းမရွိေသးဘူး အခ်ိန္အမ်ားႀကီးရွိပါေသးတယ္ မင္းအားတဲ့အခ်ိန္သာ ငါ့ကိုေခၚလိုက္ "

က်ိဳးတုကတိတ္တဆိတ္သေဘာတူညီခ်က္ေလးေပးလိုက္ၿပီးေနာက္ မတ္တပ္ရပ္ၿပီး ထြက္ခြာဖို႔လုပ္လိုက္သည္။

ဝမ္ေဟာင္က က်ိဳးတုရဲ႕လက္ေခ်ာင္းေလးေတြကိုၾကည့္ၿပီး မေမးခင္ ခဏေလာက္ေတာ့မင္တက္သြားမိေသး၏ " ေဟး မင္းကအခုထိတစ္​ေယာက္ထဲျဖစ္ေနတုန္းလား? "

က်ိဳးတုေတာင့္တင္းသြားခဲ့သည္။ သူက ေခါင္းကိုျပန္လွည့္လိုက္ၿပီး ဝမ္ေဟာင္ကိုၿပဳံးျပလိုက္၏ " ဟမ္? မင္းကငါ့ကို တစ္ေယာက္ေယာက္နဲ႕ မိတ္ဆက္ေပးဖို႔အစီအစဥ္ ရွိလို႔လား? "

ဝမ္ေဟာင္ကတုန္လႈပ္သြားမိ၏။ သူကက်ိဳးတုကို တိုက္ရိုက္မၾကည့္ရဲေတာ့ပဲ ျပန္ေျဖလိုက္သည္ " ငါကေမးၾကည့္တာပါ ငါမင္းကိုတစ္ေယာက္ေယာက္နဲ႕ မိတ္ဆက္ေပးနိုင္ပါတယ္။ စဥ္းစား...ၾကည့္ရေအာင္ ငါသိတဲ့ အရမ္းေခ်ာတဲ့ေက်ာင္းေနဖက္သူငယ္ခ်င္းတစ္ေယာက္ေတာ့ရွိတယ္။ သူ႕ရဲ႕အသားအရည္က ပုလဲျဖဴေရာင္ေလး ၿပီးေတာ့လည္း နီလာ​ေလးလိုမ်ိဳး အျပာေရာင္မ်က္ဝန္းေလးလည္းရွိတယ္။ အဲ့ေတာ့ မင္းမွာဘယ္သူမွမရွိ...... "

" Ok " က်ိဳးတုကဂ႐ုမစိုက္စြာျဖင့္ေျပာလိုက္သည္ " မင္းရဲ႕ေက်ာင္းေနဖက္သူငယ္ခ်င္းကိုဖုန္းဆက္ၿပီး ငါတို႔နဲ႕အတူေပ်ာ္စရာေလးေတြလုပ္နိုင္မလားလို႔ ေမးလိုက္ "

" တကယ္လား? " ဝမ္ေဟာင္က က်ိဳးတုကိုေပ်ာ္႐ႊင္စြာျဖင့္ ၾကည့္လာသည္။ က်ိဳးတုကေခါင္းညိတ္လိုက္ၿပီး သူ႕ကုတ္ကိုလက္ေပၚတင္လိုက္၏။ သူက ဝမ္ေဟာင္ကိုၾကည့္ေနေပမယ့္လည္း သူ႕စကားလုံးေတြက က်န္းယန္ဆီသို႔မူတည္ေနသည္ " ေဟ်ာင္ မင္းနိုင္ငံျခားမွာစာသြားသင္တာက ေခ်ာတဲ့နိုင္ငံျခားသားေလးေတြကိုသြားငမ္းတာလို႔ေတာ့မေျပာနဲ႕ေနာ္ "

ဝမ္ေဟာင္ကခ်က္ခ်င္းျပန္ေျပာလာၿပီး ေနာက္တစ္ႀကိမ္တုန္လႈပ္လာသည္ " အဓိပၸါယ္မရွိတာ! ေသခ်ာေပါက္ငါမလုပ္ဘူး! "

က်ိဳးတုကသူ႕ကို မေကာင္းဆိုးဝါးအၿပဳံးတစ္ခုၿပဳံးျပလိုက္ၿပီးေနာက္ ဘားထဲမွထြက္ခြာသြားေတာ့သည္။

က်န္းယန္ကေပါ့ေပါ့ပါးပါးျဖင့္ သူ႕လက္ကိုဝမ္ေဟာင္ပခုံးနားထားလိုက္ၿပီး ဆိုဖာကိုမွီ၍ ဝမ္ေဟာင္အား သူ႕မ်က္ခုံးမ်ားကိုပင့္ျပလိုက္သည္ " ဟမ္? ႐ုပ္ေခ်ာတဲ့ ကျပားေကာင္ေလး? "

ဝမ္ေဟာင္က ဆက္လက္တိတ္ဆိတ္ေနဆဲ။

က်ိဳးတုအိမ္ျပန္ေရာက္ၿပီးေနာက္ သူကအစားအေသာက္ေအာ္ဒါမွာလိုက္ၿပီး ေရခ်ိဳးလိုက္သည္။ သူဝယ္ထားသည့္အိမ္က ျမစ္ရႉခင္းကိုေကာင္းစြာျမင္ရၿပီး ထိုအခ်ိန္မွာပဲ ေကာင္းကင္ကတိမ္မည္းေတြဟာ လြင့္စင္သြားသည္။ နီယြန္ေရာင္အလင္းေတြနဲ႕ အစားထိုးလိုက္တဲ့ပုံက မိန္းမပ်ိဳေလးတစ္ေယာက္က ကေနတဲ့ပုံရိပ္လိုပဲ လွပလြန္းေတာ့၏။

က်ိဳးတုက ၾကမ္းျပင္ထိရွည္ေသာျပတင္းေပါက္ေရွ႕ ဆံပင္သုတ္လွ်က္ မတ္တပ္ရပ္ေနၿပီး ​အျပင္ဘက္ကျမစ္ရႉခင္းကိုၾကည့္ေနသည္။

ရိုးရွင္းေသာအစားအေသာက္ကိုစားၿပီးေနာက္ က်ိဳးတုကအခန္းထဲသို႔ျပန္ဝင္လိုက္သည္။ သူက ခုတင္ကိုမွီၿပီး သူ႕အိပ္ရာေဘးကဖတ္လို႔မၿပီးေသးသည့္စာအုပ္ကိုယူလိုက္၍ သူမဖတ္ရေသးခင္မွာပဲ သူ႕ဖုန္းကတုန္ခါလာခဲ့သည္။ က်ိဳးတုကယူလိုက္ၿပီး အတြင္းေရးမႉးက်ိဳး ဆီမွ email ေရာက္ရွိတာျဖစ္ေၾကာင္းေတြ႕လိုက္ရသည္။

သူကစာအုပ္ကိုေဘးသို႔ျပန္ခ်လိဳက္ၿပီး သူ႕ laptop ကိုဖြင့္လိုက္သည္။

သူ႕မက္ေဆ့ထဲတြင္ အတြင္းေရးမႉးက်ိဳးေျပာထားသည္က ဘာသာျပန္သူလီမွေထာက္ခံေပးထားသည့္ သူ၏ဂ်ဴနီယာက စာပိုဒ္အားဘာသာျပန္ၿပီးသြား၍ မြန္းလြဲပိုင္းထဲကသူမဆီပို႔ထားေၾကာင္းႏွင့္ သူမက က်ိဳးတုအားစစ္ေဆးေပးေစလိုေၾကာင္းစသည္ျဖင့္ ျဖစ္သည္။

က်ိဳးတုက သူမပို႔ထားသည့္ email ထဲမွပူးတြဲဖိုင္အားဖြင့္ၾကည့္လိုက္သည္။

သူၾကည့္ၿပီးေနာက္ ထိုဂ်ဴနီယာ၏အခ်ိဳ႕ေသာ ဘာသာျပန္စေကးမ်ားသည္ လီထက္ေတာင္မွပို၍ ပေရာ္ဖက္ရွင္နယ္ဆန္ေသးေၾကာင္းေတြးလိုက္ရ၏။

ထိုလူက အခ်ိဳ႕ေသာအထူးစကားလုံးမ်ားအတြက္ Note ေတာင္ေရးထည့္ေပးထားတာေၾကာင့္ ဒီဟာကိုဖတ္လိုက္သည့္မည္သူမဆို နားလည္လြယ္နိုင္သည္။

ထိုအေသးစိတ္အခ်က္အလက္မ်ားအား ၾကည့္ျခင္းျဖင့္ ထိုသူသည္ အရည္အခ်င္းရွိၿပီး အေတာ္ေလးဂ႐ုစိုက္တတ္သူျဖစ္ေၾကာင္း ​သိနိုင္ေလသည္။

ထိုစာအားဖတ္ၿပီးေနာက္ က်ိဳးတုက သူ႕အတြင္းေရးမႉး က်ိဳးဆီသို႔ email ျဖင့္စာျပန္လိုက္သည္။

[သူကအရည္အခ်င္းျပည့္မွီတယ္။ ငါ့ကို သူနဲ႕ဆက္သြယ္နိုင္မယ့္အခ်က္အလက္တစ္ခုခုေပး။ အခ်ိဳ႕အေရးႀကီးတဲ့ စာ႐ြက္စာတမ္းေတြအေၾကာင္းကို ငါသူနဲ႕မ်က္ႏွာခ်င္းဆိုင္ေတြ႕ၿပီး ေဆြးႏြေးဖို႔လိုအပ္တယ္]

တိုတုတ္လွေသာ email ကိုလက္ခံရရွိၿပီးေနာက္ အတြင္းေရးမႉးက်ိဳးသည္ က်ိဳးတု၏ဖုန္းဆီသို႔ လူတစ္ေယာက္၏ဖုန္းနံပါတ္ကိုပို႔ေပးလာသည္။

က်ိဳးတု ဖုန္းက မက္ေဆ့ေရာက္ေၾကာင္းအသိေပးသံျမည္လာသည့္အခါ ဖုန္းကိုေကာက္ၾကည့္ေတာ့မည့္အခ်ိန္ တံခါးဆီမွ ႐ုတ္တရက္ကုတ္ျခစ္သည့္အသံတစ္သံထြက္လာခဲ့သည္။

သူ႕ဖုန္းကိုၾကည့္ရမည့္အစား သူကထၿပီးတံခါးကိုသြားဖြင့္လိုက္သည္။

golden retriever ေလးတစ္ေကာင္ကအျပင္ဘက္တြင္ ရပ္ေနခဲ့သည္။ သူက႐ုတ္တရက္က်ိဳးတုေပၚခုန္တက္သြားၿပီး သူ႕ပိုင္ရွင္အား လွ်ာျဖင့္လွ်က္ေနခဲ့သည္။ က်ိဳးတုကသူ႕ကိုတြန္းထုတ္လိုက္ၿပီး ေခြးအိမ္ေလးဆီသို႔ေလွ်ာက္သြားလိုက္သည္။

" ငါမင္းကိုအစာေကြၽးဖို႔ေမ့သြားတယ္ " က်ိဳးတုက သူ႕ေခြးရဲ႕ေခါင္းေလးကိုပြတ္ရင္း ေတာင္းပန္လိုက္သည္။ ၿပီးေနာက္ သူ႕ေခြး၏ အစာခြက္ေလးထဲသို႔ ေခြးစာအနည္းငယ္ထည့္ေပးလိုက္သည္။

ပ်င္းရိစြာျဖင့္ သူ႕ေခြးေလး ညစာစားၿပီးသည့္အထိထိုင္ၾကည့္ေနခဲ့သည္။ အစာစားၿပီးေနာက္ ေခြးေလးကအရမ္းအင္အားျပည့္ဝသြားပုံပင္ သူက က်ိဳးတုရဲ႕ေဘာင္းဘီကိုကိုက္ရင္း အ​ျပင္ထြက္ခ်င္ေၾကာင္း ေျပာေန၏။

က်ိဳးတုက ငုတ္တုတ္ထိုင္လိုက္ၿပီး သူ႕ေခြးေလးကိုက္ဖက္လိုက္၍ " ဒီေန႕ကအရမ္းေနာက္က်ေနၿပီ မနက္ဖန္မနက္က်မွပဲ မင္းကိုလမ္းေလွ်ာက္ထြက္ဖို႔ေခၚသြားေပးမယ္ေနာ္ "

golden retriever ေလးကလူစကားကိုနားလည္ပုံရၿပီး က်ိဳးတုေျပာတာနားေထာင္ၿပီးသည္ႏွင့္ သူ႕အိမ္ထဲသို႔သူ နာခံစြာျဖင့္ျပန္ဝင္သြားေတာ့သည္။

က်ိဳးတုသူ႕အခန္းသို႔ေနာက္တစ္ႀကိမ္ျပန္ေရာက္ေသာအခါ သူ႕ဖုန္းထဲကစာအေၾကာင္းကိုအရွင္းေမ့သြားေတာ့သည္။ သူ႕ေခါင္းကဆံပင္ေတြေျခာက္သြားၿပီျဖစ္ေၾကာင္းေတြ႕လိုက္ရေတာ့ သူကေစာင္ကိုမလိုက္ၿပီး ဝင္လဲလိုက္သည္။

တစ္နာရီၾကာၿပီးေနာက္ အိပ္ရာထဲကေနေနာက္တစ္ႀကိမ္ျပန္ထြက္လာၿပီး စာပြဲခုံအံဆြဲကိုဖြင့္လိုက္၍ ေဆးတစ္လုံးထုတ္ယူလိုက္သည္။

ေဆးေသာက္ၿပီးေနာက္ သူ႕မ်က္လုံးမ်ားအားေနာက္တစ္ႀကိမ္ထပ္မွိတ္လိုက္ျပန္သည္။

ဒီေလာက္ႏွစ္ေတြအမ်ားႀကီးၾကာၿပီးတာေတာင္မွ ဘာလို႔မင္းက ငါ့အိပ္မက္ထဲေပၚလာေနရေသးတာလဲကြာ?

က်ိဳးတုေလးကတကယ္ကိုလူႀကီးျဖစ္လာခဲ့ၿပီပဲ။ သူကတိေပးထားတဲ့အတိုင္း ပိုက္ဆံေတြလည္းအမ်ားႀကီးရွာလာနိုင္ၿပီ။ ကိုယ္ပိုင္အိမ္ေလးတစ္လုံးလည္းဝယ္ထားၿပီ။ ေခြးေလးတစ္ေကာင္လည္းေမြးထားၿပီ။ သူ႕ဘဝမွာလိုေနတဲ့ဆႏၵေလးတစ္ခုက မင္းပါပဲ ရွေယာင္ေလးေရ။ ျပန္လာလိုက္ပါေတာ့ကြာ။ သူႏွစ္ေတြအမ်ားႀကီးမင္းကိုေစာင့္ေနခဲ့ၿပီးပါၿပီ ❤❤

က်ိဳးတုရဲ႕ေခြးေလးက ဒီလိုပုံစံေလးပါ။

_____________________________________♥________________________________

Continue Reading

You'll Also Like

417K 10K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
12K 777 8
天宝伏妖录" နတ်ဆိုးခြွေဒဏ္ဍာရီ "ဆိုတာ Author Fei Tian Ye Xiang(非天夜翔)ရဲ့ Volume (5)ခု Chapter (221)ခုပါဝင်တဲ့ Xuan Huan , BL , Ancient Romance အမျိုးအစာ...
72.6K 7.4K 5
Original Author - 疾风不知 Original Name - 死敌居然暗恋我 Original Eng Translator - KK Translator Eng Name - My Enemy is actually secrectly in love with me ⚠︎...
232K 34.9K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest