© ကျွန်တော့်မိန်းမကကျွန်တော်သ...

By xena-bb

1.1M 187K 6.1K

Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozh... More

Story Intro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13.1
Chapter 13.2
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25.1
Chapter 25.2
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34 - 1
Chapter 34 - 2
Chapter 35
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38
Chapter 39
Chapter 40.1
Chapter 40.2
Chapter 42.1
Chapter 42.2
Chapter 42.3
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63.1
Chapter 63.2
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70 (Ending)
ကျေးဇူးတင်လွှာ

Chapter 41

10.5K 2K 35
By xena-bb

[Unicode]

ဆောင်းရာသီအားလပ်ရက်ကစတင်လာခဲ့သည်။ မနက်ခင်းတွင် သူ့ရဲ့အိမ်စာတွေလုပ်ပြီးသည့်နောက် နေ့လည်ဘက်တွင် ရှယောင်က သူ့အမေ၏ဆိုင်ခန်းလေးဆီသို့လာခဲ့လိုက်သည်။ ရှယောင်အမေကတော့ သူ့သားလေးကိုအိမ်မှာနေပြီး စာလုပ်ဖို့ အကောင်းဆုံးကြိုးစားပြီးဖြောင်းဖျသော်ငြားလည်း ရှယောင်သည်တော့ နေ့တိုင်းလာကူညီနေဆဲသာဖြစ်သည်။ ပုံမှန်အားဖြင့်တော့ သူ့မှာကျောင်းတက်ရသည် သို့သော်လည်း စာမေးပွဲပြီးလို့ အားလပ်ရက်ရသည့်အချိန်တွေမှာတော့ သူ့အမေကိုမကူညီပေးဖို့က သူ့အတွက်တော့ လုံးဝကိုမဖြစ်နိုင်ပေ။

ရှယောင်က ကြော့ရှင်းပြီး ကြည့်ကောင်းသော အသွင်အပြင်နှင့်အတူ ဆိုင်ခန်းလေးထဲမတ်တပ်ရပ်နေပြီး ဈေးပိုရောင်းရအောင်လို့သာ ကြိုးစားနေသည်။ ရှယောင်အမေကတော့ သူ့ကိုအိမ်သို့ပြန်ရန်သာ ကြိုးစားဖြောင့်ဖျနေပြီး ရှယောင်ကိုဒီလိုမောပန်းသည့်အလုပ်မျိုးတွေကိုမလုပ်စေချင်ပေ သို့ပေမယ့် ရှယောင်က သူ့အမေကိုခွေးချေခုံလေးပေါ် ထိုင်စေလိုက်ပြီး ပြောလိုက်သည် " မား ကျွန်တော်ဒီမှာရပ်နေတာဖြင့် ဆယ်မိနစ်တောင်မရှိသေးဘူး စက္ကူထက်တောင်မှမားကပိုအားနည်းနေသေးတယ် "

သူတို့ဘေးနားတွင်ရှိသော အခြားဆိုင်ခန်းကစျေးရောင်းသူများက ရှယောင်အမေကို ထိုကဲ့သို့သော သားလေးမွေးဖွားခြင်းအတွက် ချီးမွမ်းခဲ့ကြသည်။ ရှယောင်အမေက ထိုချီးမွမ်းမှုများကိုနှိမ့်ချ၍ ငြင်းပယ်လိုက်သော်ငြားလည်း သူမ၏မျက်ဝန်းထဲက ဝမ်းမြောက်ခြင်းနှင့် ဂုဏ်ယူခြင်းများကိုတော့ ဖုံးကွယ်ထားလို့မရနိုင်ခဲ့ပေ။ ရှယောင်ကအရမ်းကိုလိမ္မာသည့်ခလေးတစ်ယောက်ဖြစ်သည်။ သူ့လိုပင်ပန်းခက်ခဲသည့်ဘဝထဲ ရှယောင်လေးကို ကြံ့ကြံ့ခံပြီး ပင်ပန်းခံ၍ပြုစုစောင့်ရှောက်ခဲ့သည် သူမဘဝတစ်လျှောက်လုံးတွင် ရှယောင်လေးကိုမွေးခဲ့တာကသူမအတွက်ကျေနပ်အရဆုံးဖြစ်ခဲ့ပါ၏။ သူမ၏ခန္ဓာကိုယ်ကျန်းမာနေတုန်းလေး ရှယောင်နောက်ပိုင်း အိမ်ထောင်ပြုရာတွင်ကူညီပေးနိုင်ဖို့အတွက် အနည်းငယ်လောက်အပိုဝင်ငွေရှာချင်ခဲ့သည်။

ရှယောင်ကပန်ကိတ်ကိုထုတ်ပိုးပြီး အနီးရှိ ဦးလေးကြီးတစ်ယောက်ကိုလှမ်းပေးပြီးသည့်အချိန် သူ့ရှေ့၌ရုတ်တရက် အရိပ်တစ်ခုပေါ်လာခဲ့လေသည်။ သူကခေါင်းကိုမော့ပြီးကြည့်လိုက်သည့်အချိန် သူ့ကိုပြုံးပြနေသည့်ကျိုးတုကိုတွေ့လိုက်ရသည်။ မွေးစားအမေ ဟုဆိုပြီး ကျိုးတုက အနောက်ဘက်တွင်ထိုင်နေသည့် ရှယောင်အမေကိုခေါင်းလေးငုံ့ပြီးနှုတ်ဆက်လိုက်သည်။

ရှယောင်အမေက မြန်မြန်လေးထလိုက်ပြီး " အိုး သားလာမယ္ဆိုတာအန္တီမသိခဲ့ဘူး လာလေ လာထိုင် " ကျိုးတုကရှယောင်အမေကို သူမခုံလေးမှာပြန်ထိုင်နိုင်ရန် ကူညီပေးလိုက်ပြီး ရှယောင်ဆီသို့လျှောက်သွားလိုက်သည် " ကျွန်တော်လည်းအိမ်မှာဘာမှလုပ်စရာမရှိတာနဲ့ ရှယောင်နဲ့တွေ့ဖို့လာခဲ့လိုက်တာ "

" ယောင်ယောင် သား ကျိုးတုနဲ့လိုက်သွားပေးလိုက်လေ မားဘာသာမားဆက်ပြီးရောင်းနိုင်ပါတယ် " ရှယောင်အမေက ထပ်ပြီးမတ်တပ်ရပ်လာခဲ့ပြန်သည်။ ရှယောင်ကလှည့်ပြီး သူ့အမေကိုပြန်ဖြေလိုက်၏ " ဒီလိုအေးစိမ့်နေတဲ့ရာသီဥတုကြီးထဲ ကျွန်တော်တို့က ဘယ်ကိုများသွားလို့ရမှာလဲ " ထို့နောက်သူ့အကြည့်ကို ကျိုးတုရှိရာဘက်သို့ပြောင်းလိုက်ပြီး မေးလိုက်သည် " မင်းကဘယ်သွားဖို့အစီအစဉ်ရှိလို့လဲ " ကျိုးတုကပြုံးလျှက် " ဘယ်မှမသွားပါဘူး မွေးစားအမေရဲ့ ကျွန်တော်နဲ့ရှယောင်က မွေးစားအမေကိုကူညီပြီးဈေးရောင်းပေးမလို့ပါ "

သူမတစ်ခါမှမတွေ့ဖူးသည့် ကျိုးတုကိုသတိထားလိုက်မိသောအခါ အနီးအနားကအန်တီကြီးကမေးသည် " သူကဘယ္သူလဲ ဘာလို့ရှင့်ကိုသူက မွေးစားအမေလို့ခေါ်နေရတာလဲ " ရှယောင်အမေက လှည့်ပြီးရှင်းပြလိုက်၏ " သူကကျွန်မသားရဲ့ အတန်းဖော်လေ ကျွန်မကသူ့ကိုမွေးစားသားတော်ထားတာ " သူမဘေးနားကလူတွေက ဘာမှထပ်မမေးတော့ပဲခေါင်းညိတ်ပြလေသည်။ သို့သော်လည်း သူတို့၏စူးစမ်းလိုသောအကြည့်တွေကတော့ ကျိုးတုအပေါ်တွင်ခိုင်မြဲစွာကျရောက်နေပါ၏။

သို့သော်လည်း ကျိုးတုကတော့ဈေးဝယ်သူကို ရင်းရင်းနှီးနှီးနှုတ်ဆက်နေသည်။ ဆွဲဆောင်မှုရှိသော ထိုနှစ်ယောက်၏ပုံရိပ်က ဖြတ်သွားဖြတ်လာအမျိုးသမီးများ၏အာရုံကိုဖမ်းစားထားနိုင်လေသည်။ သူတို့ကဘာမှမဝယ်ယူကြရင်တောင်မှပဲ ဆိုင်ခန်းရှေ့မှာရပ်ပြီး ထိုလူချောလေးနှစ်ယောက်နှင့်စကားပြောနိုင်ရန်ကြိုးစားကြလေ၏။ တစ်ခဏလေးအတွင်းမှာပဲ ရှယောင်အမေ၏ဆိုင်ခန်းလေးက လူအုပ်ကြီးဖြင့်ပြည့်ကြပ်သွားတော့သည်။ ဘေးနားဝန်းကျင်က ဆိုင်ပိုင်ရှင်တွေရဲ့မျက်လုံးထဲမှာတော့ မနာလိုနေသောအရိပ်အယောင်လေးများကိုမြင်နိုင်လေသည်။

အပူချိန်နိမ့်ကျသောဆောင်းရာသီညတွေအတွင်းမှာတော့ ရှယောင်အမေက ဆိုင်ကိုစောစောပိတ်လေ့ရှိသည်။ ကျိုးတုကတစ်နေ့ခင်းလုံးကူညီပြီးဈေးရောင်းပေးထားတာကြောင့် သဘာဝက်စြာပဲ သူကညစာစားရန်အတွက် ရှယောင်အိမ်သို့လိုက်ခဲ့လေသည်။

ရှယောင်အမေက မီးဖိုချောင်ထဲတွင် ချက်ပြုတ်ခြင်းဖြင့်အလုပ်များနေ၏ ကျိုးတုကတံခါးဘေးနားရပ်နေပြီး သူမ၏စကားပြောပေးနေသည်။ သူ့ကိုသဘာဝတရားကြီးပေးထားသော စကားချိုချိုပြောတတ်သည့်လက်ဆောင်ကြီးကိုအသုံးပြုရင်း သူ့ပါးစပ်မှစကားချိုချိုလေးများကို ရှယောင်အမေနားထဲသို့သွန်းလောင်းပေးနေသည် " မွေးစားအမေ မွေးစားအမေရဲ့ဟင်းချက်လက်ရာကိုချဲ့ကားပြောတာမဟုတ်ဘူးနော် ကျွန်တော်လေ ဒီမှာညစာစားသွားပြီးနောက်မှာပဲ ရက်အနည်းငယ်လောက်အဲ့အရသာကိုပဲတမ်းတနေမိတော့တာ "

ချီးကျူးစကားများက ရှယောင်အမေကိုပြုံးရယ်စေခဲ့၏ " ဘာလို့လဲ သားအမေရဲ့လက်ရာကမကောင်းလို့လား "

" ကျွန်တော်မွေးထဲက ကျွန်တော့အမေလုပ်ကျွေးတဲ့အစားအစာတွေတစ်ခါမှမစားဖူးဘူး " ကျိုးတုကသက်ပြင်းချလိုက်ပြီး " ကျွန်တော့အမေကပြောတယ် သူကနတ္သမီးတဲ့ ပြီးတော့ နတ်သမီးတွေက ဟင်းမချက်ရဘူးတဲ့လေ "

ထိုစကားကိုကြားတော့ သူမကမျက်ခုံးကိုပင့်မိပြီး သူမ၏မျက်လုံးတွေထဲမှာလည်း အနည်းငယ်မနာလိုမှုလေးကိုဖုံးကွယ်ထားသည် " သားရဲ့အမေက တကယ်ကောင်းချီးပေးခံထားရတာပဲ "

ကျိုးတုကသူ့ကိုယ်သူမှန်တယ်ဟုယူဆလိုက်ပြီး " မွေးစားအမေရဲ့ဟင်းချက်လက်ရာကိုဘယ်သူမှမယှဉ်နိုင်ဘူး မွေးစားအမေ နောက်ကျွန်တော်အားတဲ့အချိန်တိုင်းဒီမှာလာပြီး စားလို့ရမလား "

" ရတာပေါ့ အချိန်တိုင်းရတယ် " ရှယောင်အမေက သူ့ကိုလှည့်ကြည့်ပြီး " သားဒီမှာစားရင်တော့အရမ်းကောင်းတဲ့အစားအစာတွေကိုစားလို့ရမှာမဟုတ်ဘူးနော် "

" ရတာပေါ့ ကျွန်တော်မစားပါဘူး " ကျိုးတုက ရှယောင်အမေဆီလျှောက်သွားလိုက်ပြီး တောင်းဆိုမှုပြုလိုက်သည် " မွေးစားအမေ ကျွန်တော့ကိုဟင်းဘယ်လိုချက်ရလဲ သင်ပေးလို့ရမလား "

ရှယောင်အမေက သူ့ကိုအံ့သြတကြီးကြည့်မိသည် " သားကဟင်းချက်တာကိုသင်ချင်လို့လား "

" ဟုတ် " ကျိုးတုကအခိုင်အမာပြောလိုက်သည်။

ရှယောင်အမေက ရယ်လျှက်ခေါင်းခါလိုက်ပြီး " သားက ဟင်းချက်တာကိုသင်ချင်တယ်ဆိုရင်လည်း ဘာလို့သားတို့အိမ်ကစားဖိုမှူးကိုသင်ပေးဖို့မပြောရတာလဲ သားတို့အိမ်ကစားဖိုမှူးက အန်တီ့ထက်ပိုပြီးချက်တတ်တာပေါ့ " ကျိုးတုကတော့ ဒါကမတူဘူးလေဟုတွေးလိုက်သည်။ သူဟင်းချက်သင်ချင်ရတဲ့အကြောင်းအရင်းက အနာဂတ်မှာရှယောင်ကိုချက်ကျွေးချင်လို့ဖြစ်သည်လေ။ ရှယောင်အမေကဆက်ပြီးပြောသည် " သားကိုကြည့်စမ်းပါအုံး အနာဂတ်မှာ သားရဲ့ဇနီးကိုကျိန်းသေပေါက်ရှုံးလိမ့်မယ် အခုသားကဟင်းချက်နည်းသင်လိုက်ရင် နောက်အနာဂတ်မှာသားရဲ့ဇနီးလေးက သားရဲ့ဟင်းချက်ပေးတဲ့အပေါ်မှာပဲပျော်မွေ့သွားလိမ့်မယ် " ကျိုးတုကတော့ သူ့နှူတ်ခမ်းထောင့်လေး ကော့တက်လာမှုကိုမရပ်တန့်နိုင်တော့ပေ။

ညစာစားပြီးနောက် ကျိုးတုကစတင်ပြီး အိမ်မပြန်ရရေးဉာဏ်ဆင်နေသည်။ ကျိုးတုရဲ့လှုပ်ရှားမှုများကိုသတိထားမိသည့်ရှယောင်က သူ့အမေမပြောနိုင်သေးခင် ဝင်ပြောလိုက်၏ " ကောင်းကင်မှောင်လာနေပြီ မင်းအိမ်ပြန်ကိုလိုက်ပို့ပေးမယ် " သူကစကားပြောနေရင်း သူ့ရဲ့လည်စည်းပဝါကိုလည်း လိုက်ရှာနေသည်။ ကျိုးတုကအလိုမကျသောအကြည့်တစ်ချက်ပေးပြီးနောက်မှာတော့ နောက်မှဖြည်းဖြည်းချင်းလိုက်လာလေသည်။

နှစ်ယောက်သား ရှယောင်နေထိုင်သည့်နေရာမှ မီးပွိုင့်နှစ်ခုသုံးခုလောက်ဖြတ်လာပြီးနောက် ဆောင်းရာသီအတောအတွင်း လမ်းပေါ်မှာသွားလာနေကြသည့် လူများသိပ်မရှိကြောင်းတွေ့လိုက်ရသည်။ ထို့ကြောင့် ကျိုးတုကသူ့လက်ကို ရှယောင်ရဲ့အင်္ကျီအိတ်ကပ်ထဲသို့ ရဲရဲဝံ့ဝံ့ထည့်သွင်းလိုက်လေသည်။

ရှယောင်၏မေးစေ့က သူ၏လည်စည်းပဝါထဲလုံးဝကိုဝင်နေသည်။ သူကခေါင်းလေးကိုစောင်း၍ ကျိုးတုကိုကြည့်လိုက်ပြီး " ဘာလို့ငါ့အိမ်ကိုပဲလာနေတာလဲ " အိတ်ကပ်ထဲကသူ့လက်များကိုအသုံးပြုပြီး ကျိုးတုကရှယောင်ရဲ့လက်လေးကို ဆုပ်ကိုင်ထား၏ " မင်းကငါ့အိမ်လာပြီးငါ့ကိုတစ်ခါမှလာမရှာမှတော့ ငါကပဲမင်းကိုလာရှာရတာပေါ့ "

ရှယောင်ကသူ့ခြေလှမ်းများကိုရပ်လိုက်ပြီး ခေါင်းကိုမော့၍ ကျိုးတုကိုကြည့်လိုက်၏ " မလာနဲ့တော့ ငါတို့ကြားကတစ်ခုခုကို ငါ့အမေသိသွားမှာငါကြောက်တယ် "

ကျိုးတုမျက်နှာလေးကဒေါသကြောင့် ရုတ်တရက်မဲမှောင်လာသည်။ သူကသူ့ခြေထောက်ကိုမြှောက်လိုက်ပြီး ပေါက်ကွဲဖို့ပြင်လိုက်သော်လည်း သူ့ကိုယ်သူသတိပေးချက်ကသူ့စိတ်ထဲပေါ်လာခဲ့၏ ထို့ကြောင့်ပဲ သူ့ခြေထောက်ကိုပြန်ချထားလိုက်သည်။ ရှယောင်လည်း သူ့စကားက ကျိုးတုကိုစိတ်ဆိုးသွားစေမှန်းသိသည် ထို့ကြောင့်သူကသူ့ဖုန်းကိုထုတ်လိုက်ပြီး ယမ်းပြလျှက်ပြောလိုက်၏ " ငါတို့တစ်ယောက်နဲ့တစ်ယောက် စာပို့လို့ရတယ်လေ "

" ဒါပေမယ့် ငါက မင်းနဲ့မျက်နှာချင်းဆိုင်တွေ့ချင်တာလေ " ကျိုးတုကရှယောင်ကိုဝမ်းနည်းသည့်အကြည့်တစ်ချက်ပေးပြီး စိတ်မကောင်းစွာပြောလိုက်သည် " ငါ့စိတ်ကအမြဲတမ်း မင်းနဲ့ပဲပြည့်နေတာလေ ငါအိမ်စာလုပ်လည်းမင်းပဲ စားနေလည်းမင်းပဲ ငါမင်းကိုထိချင်တယ် နမ်းချင်တယ် လုပ်..... "

" ကျိုးတု " ရှယောင်ကနီရဲနေသောမျက်နှာလေးဖြင့် ကြားဖြတ်ပြောလိုက်သည် " မပြောနဲ့တော့ "

ကျိုးတုက ကုတ်အင်္ကျီခါးတိုလေးဝတ်ထားတာဖြစ်ပြီး ရှယောင်ကိုဆွဲ၍ ဖက်လိုက်သည် " ဘာလို့ပြောလို့မရတာလဲ ငါပြောချင်တယ် " သူ့မျက်နှာကပိုနီးလာပြီး သူ့ရဲ့နွေးထွေးသောထွက်သက်လေးက ရှယောင်မျက်နှာလေးကို ရိုက်ခတ်နေသည် " ငါ့ကိုမလွမ်းဘူးလား "

အအေးဒဏ်ကြောင့် နှစ်ယောက်လုံးကအနွေးထည်အထူကြီးများကိုဝတ်ဆင်ခဲ့ကြပြီး ထိုအနွေးထည်ကြီးများနှင့် ထိုကဲ့သို့ဖက်နေမှုက ရှယောင်ကိုမသက်မသာဖြစ်စေခဲ့သည်။ သူ့ဘာသာချုပ်ထိန်းပြီး ပြန်ဖြေရ၏ " ငါလည်းမင်းကိုလွမ်းတာပဲ ဒါပေမယ့် ငါတို့တွေကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့လိုတယ် " ရုပ်ရှင်ထဲကစာကြောင်းတစ်ခုကသူ့စိတ်ထဲပေါ်လာခဲ့သည် " ထိန်းချုပ်မှုမရှိတဲ့အပြုအမူတွေကြောင့် အချစ်မှာအဟန့်အတားဖြစ်စေတယ် "

" ငါအဟန့်အတားမဖြစ်ချင်ဘူး ငါကမင်းကိုပဲချစ်နေချင်တာ " သူစကားလည်းဆုံးရော ကျိုးတုကခေါင်းငုံ့လာပြီး ရှယောင်နှုတ်ခမ်းလေးကိုနမ်းလိုက်သည်။ မှေးမှိန်သောအလင်းရောင်လေးအောက် မှောင်မဲသောလမ်းကြားလေးအတွင်း၌ သူချစ်ရတဲ့သူကိုသူ့လက်မောင်းထဲထည့်၍ ယောကျ်ားလေးနှစ်ယောက်အတူရှိနေကြသည်။ ရှယောင်ကသူ့မျက်လုံးလေးကိုမှိတ်ပြီး ကျိုးတုသူ့ကိုပေးသည့်အနမ်းကို ပြည့်ပြည့်ဝဝခံယူနေသည်။

ပြင်းပြသောအနမ်းပြီးဆုံးပြီးနောက်မှ ကျိုးတုက ရှယောင်ကိုဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။ အအေးဒဏ်ကြောင့်နီရဲနေသည့် ကျိုးတု၏နားရွက်လေးများကိုကြည့်ပြီး ရှယောင်ကသူ့ရဲ့လည်စည်းပဝါလေးကိုဖြုတ်၍ ကျိုးတုလည်ပင်းပေါ်ပတ်ပေးလိုက်ပြီး ထိုနားရွက်လေးတွေကိုပါလုံအောင်ပတ်ပေး၍ ရယ်မောလိုက်သည် " အိမ်မြန်မြန်ပြန်တော့ "

" မင်းမအေးဘူးလား " ကျိုးတုကသူ့ရဲ့လည်စည်းပဝါကိုချွတ်ပေးလိုက်ချင်သော်လည်း ရှယောင်ကသူ့လက်လေးကိုတား၍ ပြောလိုက်သည် " ငါ့အိမ်ကနီးနီးလေးလေ ငါတို့နောက်တစ်ခါတွေ့တဲ့အချိန်မှပြန်ပေးပေါ့ " နောက်တစ်ခါတွေ့ရင်ဟူသော ကတိစကားကြောင့် ကျိုးတုမှာဝမ်းသာပီတိဖြစ်နေပြီး အရူးလေးလိုအိမ်သို့ပြန်သွားလေတော့သည်။

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


[Zawgyi]

ေဆာင္းရာသီအားလပ္ရက္ကစတင္လာခဲ့သည္။ မနက္ခင္းတြင္ သူ႕ရဲ႕အိမ္စာေတြလုပ္ၿပီးသည့္ေနာက္ ေန႕လည္ဘက္တြင္ ရွေယာင္က သူ႕အေမ၏ဆိုင္ခန္းေလးဆီသို႔လာခဲ့လိုက္သည္။ ရွေယာင္အေမကေတာ့ သူ႕သားေလးကိုအိမ္မွာေနၿပီး စာလုပ္ဖို႔ အေကာင္းဆုံးႀကိဳးစားၿပီးေျဖာင္းဖ်ေသာ္ျငားလည္း ရွေယာင္သည္ေတာ့ ေန႕တိုင္းလာကူညီေနဆဲသာျဖစ္သည္။ ပုံမွန္အားျဖင့္ေတာ့ သူ႕မွာေက်ာင္းတက္ရသည္ သို႔ေသာ္လည္း စာေမးပြဲၿပီးလို႔ အားလပ္ရက္ရသည့္အခ်ိန္ေတြမွာေတာ့ သူ႕အေမကိုမကူညီေပးဖို႔က သူ႕အတြက္ေတာ့ လုံးဝကိုမျဖစ္နိုင္ေပ။

ရွေယာင္က ေၾကာ့ရွင္းၿပီး ၾကည့္ေကာင္းေသာ အသြင္အျပင္ႏွင့္အတူ ဆိုင္ခန္းေလးထဲမတ္တပ္ရပ္ေနၿပီး ေဈးပိုေရာင္းရေအာင္လို႔သာ ႀကိဳးစားေနသည္။ ရွေယာင္အေမကေတာ့ သူ႕ကိုအိမ္သို႔ျပန္ရန္သာ ႀကိဳးစားေျဖာင့္ဖ်ေနၿပီး ရွေယာင္ကိုဒီလိုေမာပန္းသည့္အလုပ္မ်ိဳးေတြကိုမလုပ္ေစခ်င္ေပ သို႔ေပမယ့္ ရွေယာင္က သူ႕အေမကိုေခြးေခ်ခဳံေလးေပၚ ထိုင္ေစလိုက္ၿပီး ေျပာလိုက္သည္ " မား ကြၽန္ေတာ္ဒီမွာရပ္ေနတာျဖင့္ ဆယ္မိနစ္ေတာင္မရွိေသးဘူး စကၠဴထက္ေတာင္မွမားကပိုအားနည္းေနေသးတယ္ "

သူတို႔ေဘးနားတြင္ရွိေသာ အျခားဆိုင္ခန္းကေစ်းေရာင္းသူမ်ားက ရွေယာင္အေမကို ထိုကဲ့သို႔ေသာ သားေလးေမြးဖြားျခင္းအတြက္ ခ်ီးမြမ္းခဲ့ၾကသည္။ ရွေယာင္အေမက ထိုခ်ီးမြမ္းမႈမ်ားကိုႏွိမ့္ခ်၍ ျငင္းပယ္လိုက္ေသာ္ျငားလည္း သူမ၏မ်က္ဝန္းထဲက ဝမ္းေျမာက္ျခင္းႏွင့္ ဂုဏ္ယူျခင္းမ်ားကိုေတာ့ ဖုံးကြယ္ထားလို႔မရနိုင္ခဲ့ေပ။ ရွေယာင္ကအရမ္းကိုလိမၼာသည့္ခေလးတစ္ေယာက္ျဖစ္သည္။ သူ႕လိုပင္ပန္းခက္ခဲသည့္ဘဝထဲ ရွေယာင္ေလးကို ႀကံ့ႀကံ့ခံၿပီး ပင္ပန္းခံ၍ျပဳစုေစာင့္ေရွာက္ခဲ့သည္ သူမဘဝတစ္ေလွ်ာက္လုံးတြင္ ရွေယာင္ေလးကိုေမြးခဲ့တာကသူမအတြက္ေက်နပ္အရဆုံးျဖစ္ခဲ့ပါ၏။ သူမ၏ခႏၶာကိုယ္က်န္းမာေနတုန္းေလး ရွေယာင္ေနာက္ပိုင္း အိမ္ေထာင္ျပဳရာတြင္ကူညီေပးနိုင္ဖို႔အတြက္ အနည္းငယ္ေလာက္အပိုဝင္ေငြရွာခ်င္ခဲ့သည္။

ရွေယာင္ကပန္ကိတ္ကိုထုတ္ပိုးၿပီး အနီးရွိ ဦးေလးႀကီးတစ္ေယာက္ကိုလွမ္းေပးၿပီးသည့္အခ်ိန္ သူ႕ေရွ႕၌႐ုတ္တရက္ အရိပ္တစ္ခုေပၚလာခဲ့ေလသည္။ သူကေခါင္းကိုေမာ့ၿပီးၾကည့္လိုက္သည့္အခ်ိန္ သူ႕ကိုၿပဳံးျပေနသည့္က်ိဳးတုကိုေတြ႕လိုက္ရသည္။ ေမြးစားအေမ ဟုဆိုၿပီး က်ိဳးတုက အေနာက္ဘက္တြင္ထိုင္ေနသည့္ ရွေယာင္အေမကိုေခါင္းေလးငုံ႕ၿပီးႏႈတ္ဆက္လိုက္သည္။

ရွေယာင္အေမက ျမန္ျမန္ေလးထလိုက္ၿပီး " အိုး သားလာမယ္ဆိုတာအႏၱီမသိခဲ့ဘူး လာေလ လာထိုင္ " က်ိဳးတုကရွေယာင္အေမကို သူမခုံေလးမွာျပန္ထိုင္နိုင္ရန္ ကူညီေပးလိုက္ၿပီး ရွေယာင္ဆီသို႔ေလွ်ာက္သြားလိုက္သည္ " ကြၽန္ေတာ္လည္းအိမ္မွာဘာမွလုပ္စရာမရွိတာနဲ႕ ရွေယာင္နဲ႕ေတြ႕ဖို႔လာခဲ့လိုက္တာ "

" ေယာင္ေယာင္ သား က်ိဳးတုနဲ႕လိုက္သြားေပးလိုက္ေလ မားဘာသာမားဆက္ၿပီးေရာင္းနိုင္ပါတယ္ " ရွေယာင္အေမက ထပ္ၿပီးမတ္တပ္ရပ္လာခဲ့ျပန္သည္။ ရွေယာင္ကလွည့္ၿပီး သူ႕အေမကိုျပန္ေျဖလိုက္၏ " ဒီလိုေအးစိမ့္ေနတဲ့ရာသီဥတုႀကီးထဲ ကြၽန္ေတာ္တို႔က ဘယ္ကိုမ်ားသြားလို႔ရမွာလဲ " ထို႔ေနာက္သူ႕အၾကည့္ကို က်ိဳးတုရွိရာဘက္သို႔ေျပာင္းလိုက္ၿပီး ေမးလိုက္သည္ " မင္းကဘယ္သြားဖို႔အစီအစဥ္ရွိလို႔လဲ " က်ိဳးတုကၿပဳံးလွ်က္ " ဘယ္မွမသြားပါဘူး ေမြးစားအေမရဲ႕ ကြၽန္ေတာ္နဲ႕ရွေယာင္က ေမြးစားအေမကိုကူညီၿပီးေဈးေရာင္းေပးမလို႔ပါ "

သူမတစ္ခါမွမေတြ႕ဖူးသည့္ က်ိဳးတုကိုသတိထားလိုက္မိေသာအခါ အနီးအနားကအန္တီႀကီးကေမးသည္ " သူကဘယ္သဴလဲ ဘာလို႔ရွင့္ကိုသူက ေမြးစားအေမလို႔ေခၚေနရတာလဲ " ရွေယာင္အေမက လွည့္ၿပီးရွင္းျပလိုက္၏ " သူကကြၽန္မသားရဲ႕ အတန္းေဖာ္ေလ ကြၽန္မကသူ႕ကိုေမြးစားသားေတာ္ထားတာ " သူမေဘးနားကလူေတြက ဘာမွထပ္မေမးေတာ့ပဲေခါင္းညိတ္ျပေလသည္။ သို႔ေသာ္လည္း သူတို႔၏စူးစမ္းလိုေသာအၾကည့္ေတြကေတာ့ က်ိဳးတုအေပၚတြင္ခိုင္ၿမဲစြာက်ေရာက္ေနပါ၏။

သို႔ေသာ္လည္း က်ိဳးတုကေတာ့ေဈးဝယ္သူကို ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ေနသည္။ ဆြဲေဆာင္မႈရွိေသာ ထိုႏွစ္ေယာက္၏ပုံရိပ္က ျဖတ္သြားျဖတ္လာအမ်ိဳးသမီးမ်ား၏အာ႐ုံကိုဖမ္းစားထားနိုင္ေလသည္။ သူတို႔ကဘာမွမဝယ္ယူၾကရင္ေတာင္မွပဲ ဆိုင္ခန္းေရွ႕မွာရပ္ၿပီး ထိုလူေခ်ာေလးႏွစ္ေယာက္ႏွင့္စကားေျပာနိုင္ရန္ႀကိဳးစားၾကေလ၏။ တစ္ခဏေလးအတြင္းမွာပဲ ရွေယာင္အေမ၏ဆိုင္ခန္းေလးက လူအုပ္ႀကီးျဖင့္ျပည့္ၾကပ္သြားေတာ့သည္။ ေဘးနားဝန္းက်င္က ဆိုင္ပိုင္ရွင္ေတြရဲ႕မ်က္လုံးထဲမွာေတာ့ မနာလိုေနေသာအရိပ္အေယာင္ေလးမ်ားကိုျမင္နိုင္ေလသည္။

အပူခ်ိန္နိမ့္က်ေသာေဆာင္းရာသီညေတြအတြင္းမွာေတာ့ ရွေယာင္အေမက ဆိုင္ကိုေစာေစာပိတ္ေလ့ရွိသည္။ က်ိဳးတုကတစ္ေန႕ခင္းလုံးကူညီၿပီးေဈးေရာင္းေပးထားတာေၾကာင့္ သဘာဝက္ျစာပဲ သူကညစာစားရန္အတြက္ ရွေယာင္အိမ္သို႔လိုက္ခဲ့ေလသည္။

ရွေယာင္အေမက မီးဖိုေခ်ာင္ထဲတြင္ ခ်က္ျပဳတ္ျခင္းျဖင့္အလုပ္မ်ားေန၏ က်ိဳးတုကတံခါးေဘးနားရပ္ေနၿပီး သူမ၏စကားေျပာေပးေနသည္။ သူ႕ကိုသဘာဝတရားႀကီးေပးထားေသာ စကားခ်ိဳခ်ိဳေျပာတတ္သည့္လက္ေဆာင္ႀကီးကိုအသုံးျပဳရင္း သူ႕ပါးစပ္မွစကားခ်ိဳခ်ိဳေလးမ်ားကို ရွေယာင္အေမနားထဲသို႔သြန္းေလာင္းေပးေနသည္ " ေမြးစားအေမ ေမြးစားအေမရဲ႕ဟင္းခ်က္လက္ရာကိုခ်ဲ့ကားေျပာတာမဟုတ္ဘူးေနာ္ ကြၽန္ေတာ္ေလ ဒီမွာညစာစားသြားၿပီးေနာက္မွာပဲ ရက္အနည္းငယ္ေလာက္အဲ့အရသာကိုပဲတမ္းတေနမိေတာ့တာ "

ခ်ီးက်ဴးစကားမ်ားက ရွေယာင္အေမကိုၿပဳံးရယ္ေစခဲ့၏ " ဘာလို႔လဲ သားအေမရဲ႕လက္ရာကမေကာင္းလို႔လား "

" ကြၽန္ေတာ္ေမြးထဲက ကြၽန္ေတာ့အေမလုပ္ေကြၽးတဲ့အစားအစာေတြတစ္ခါမွမစားဖူးဘူး " က်ိဳးတုကသက္ျပင္းခ်လိဳက္ၿပီး " ကြၽန္ေတာ့အေမကေျပာတယ္ သူကနတ္သမီးတဲ့ ၿပီးေတာ့ နတ္သမီးေတြက ဟင္းမခ်က္ရဘူးတဲ့ေလ "

ထိုစကားကိုၾကားေတာ့ သူမကမ်က္ခုံးကိုပင့္မိၿပီး သူမ၏မ်က္လုံးေတြထဲမွာလည္း အနည္းငယ္မနာလိုမႈေလးကိုဖုံးကြယ္ထားသည္ " သားရဲ႕အေမက တကယ္ေကာင္းခ်ီးေပးခံထားရတာပဲ "

က်ိဳးတုကသူ႕ကိုယ္သူမွန္တယ္ဟုယူဆလိုက္ၿပီး " ေမြးစားအေမရဲ႕ဟင္းခ်က္လက္ရာကိုဘယ္သူမွမယွဥ္နိုင္ဘူး ေမြးစားအေမ ေနာက္ကြၽန္ေတာ္အားတဲ့အခ်ိန္တိုင္းဒီမွာလာၿပီး စားလို႔ရမလား "

" ရတာေပါ့ အခ်ိန္တိုင္းရတယ္ " ရွေယာင္အေမက သူ႕ကိုလွည့္ၾကည့္ၿပီး " သားဒီမွာစားရင္ေတာ့အရမ္းေကာင္းတဲ့အစားအစာေတြကိုစားလို႔ရမွာမဟုတ္ဘူးေနာ္ "

" ရတာေပါ့ ကြၽန္ေတာ္မစားပါဘူး " က်ိဳးတုက ရွေယာင္အေမဆီေလွ်ာက္သြားလိုက္ၿပီး ေတာင္းဆိုမႈျပဳလိုက္သည္ " ေမြးစားအေမ ကြၽန္ေတာ့ကိုဟင္းဘယ္လိုခ်က္ရလဲ သင္ေပးလို႔ရမလား "

ရွေယာင္အေမက သူ႕ကိုအံ့ၾသတႀကီးၾကည့္မိသည္ " သားကဟင္းခ်က္တာကိုသင္ခ်င္လို႔လား "

" ဟုတ္ " က်ိဳးတုကအခိုင္အမာေျပာလိုက္သည္။

ရွေယာင္အေမက ရယ္လွ်က္ေခါင္းခါလိုက္ၿပီး " သားက ဟင္းခ်က္တာကိုသင္ခ်င္တယ္ဆိုရင္လည္း ဘာလို႔သားတို႔အိမ္ကစားဖိုမႉးကိုသင္ေပးဖို႔မေျပာရတာလဲ သားတို႔အိမ္ကစားဖိုမႉးက အန္တီ့ထက္ပိုၿပီးခ်က္တတ္တာေပါ့ " က်ိဳးတုကေတာ့ ဒါကမတူဘူးေလဟုေတြးလိုက္သည္။ သူဟင္းခ်က္သင္ခ်င္ရတဲ့အေၾကာင္းအရင္းက အနာဂတ္မွာရွေယာင္ကိုခ်က္ေကြၽးခ်င္လို႔ျဖစ္သည္ေလ။ ရွေယာင္အေမကဆက္ၿပီးေျပာသည္ " သားကိုၾကည့္စမ္းပါအုံး အနာဂတ္မွာ သားရဲ႕ဇနီးကိုက်ိန္းေသေပါက္ရႈံးလိမ့္မယ္ အခုသားကဟင္းခ်က္နည္းသင္လိုက္ရင္ ေနာက္အနာဂတ္မွာသားရဲ႕ဇနီးေလးက သားရဲ႕ဟင္းခ်က္ေပးတဲ့အေပၚမွာပဲေပ်ာ္ေမြ႕သြားလိမ့္မယ္ " က်ိဳးတုကေတာ့ သူ႕ႏႉတ္ခမ္းေထာင့္ေလး ေကာ့တက္လာမႈကိုမရပ္တန႔္နိုင္ေတာ့ေပ။

ညစာစားၿပီးေနာက္ က်ိဳးတုကစတင္ၿပီး အိမ္မျပန္ရေရးဉာဏ္ဆင္ေနသည္။ က်ိဳးတုရဲ႕လႈပ္ရွားမႈမ်ားကိုသတိထားမိသည့္ရွေယာင္က သူ႕အေမမေျပာနိုင္ေသးခင္ ဝင္ေျပာလိုက္၏ " ေကာင္းကင္ေမွာင္လာေနၿပီ မင္းအိမ္ျပန္ကိုလိုက္ပို႔ေပးမယ္ " သူကစကားေျပာေနရင္း သူ႕ရဲ႕လည္စည္းပဝါကိုလည္း လိုက္ရွာေနသည္။ က်ိဳးတုကအလိုမက်ေသာအၾကည့္တစ္ခ်က္ေပးၿပီးေနာက္မွာေတာ့ ေနာက္မွျဖည္းျဖည္းခ်င္းလိုက္လာေလသည္။

ႏွစ္ေယာက္သား ရွေယာင္ေနထိုင္သည့္ေနရာမွ မီးပြိုင့္ႏွစ္ခုသုံးခုေလာက္ျဖတ္လာၿပီးေနာက္ ေဆာင္းရာသီအေတာအတြင္း လမ္းေပၚမွာသြားလာေနၾကသည့္ လူမ်ားသိပ္မရွိေၾကာင္းေတြ႕လိုက္ရသည္။ ထို႔ေၾကာင့္ က်ိဳးတုကသူ႕လက္ကို ရွေယာင္ရဲ႕အကၤ်ီအိတ္ကပ္ထဲသို႔ ရဲရဲဝံ့ဝံ့ထည့္သြင္းလိုက္ေလသည္။

ရွေယာင္၏ေမးေစ့က သူ၏လည္စည္းပဝါထဲလုံးဝကိုဝင္ေနသည္။ သူကေခါင္းေလးကိုေစာင္း၍ က်ိဳးတုကိုၾကည့္လိုက္ၿပီး " ဘာလို႔ငါ့အိမ္ကိုပဲလာေနတာလဲ " အိတ္ကပ္ထဲကသူ႕လက္မ်ားကိုအသုံးျပဳၿပီး က်ိဳးတုကရွေယာင္ရဲ႕လက္ေလးကို ဆုပ္ကိုင္ထား၏ " မင္းကငါ့အိမ္လာၿပီးငါ့ကိုတစ္ခါမွလာမရွာမွေတာ့ ငါကပဲမင္းကိုလာရွာရတာေပါ့ "

ရွေယာင္ကသူ႕ေျခလွမ္းမ်ားကိုရပ္လိုက္ၿပီး ေခါင္းကိုေမာ့၍ က်ိဳးတုကိုၾကည့္လိုက္၏ " မလာနဲ႕ေတာ့ ငါတို႔ၾကားကတစ္ခုခုကို ငါ့အေမသိသြားမွာငါေၾကာက္တယ္ "

က်ိဳးတုမ်က္ႏွာေလးကေဒါသေၾကာင့္ ႐ုတ္တရက္မဲေမွာင္လာသည္။ သူကသူ႕ေျခေထာက္ကိုျမႇောက္လိုက္ၿပီး ေပါက္ကြဲဖို႔ျပင္လိုက္ေသာ္လည္း သူ႕ကိုယ္သူသတိေပးခ်က္ကသူ႕စိတ္ထဲေပၚလာခဲ့၏ ထို႔ေၾကာင့္ပဲ သူ႕ေျခေထာက္ကိုျပန္ခ်ထားလိုက္သည္။ ရွေယာင္လည္း သူ႕စကားက က်ိဳးတုကိုစိတ္ဆိုးသြားေစမွန္းသိသည္ ထို႔ေၾကာင့္သူကသူ႕ဖုန္းကိုထုတ္လိုက္ၿပီး ယမ္းျပလွ်က္ေျပာလိုက္၏ " ငါတို႔တစ္ေယာက္နဲ႕တစ္ေယာက္ စာပို႔လို႔ရတယ္ေလ "

" ဒါေပမယ့္ ငါက မင္းနဲ႕မ်က္ႏွာခ်င္းဆိုင္ေတြ႕ခ်င္တာေလ " က်ိဳးတုကရွေယာင္ကိုဝမ္းနည္းသည့္အၾကည့္တစ္ခ်က္ေပးၿပီး စိတ္မေကာင္းစြာေျပာလိုက္သည္ " ငါ့စိတ္ကအၿမဲတမ္း မင္းနဲ႕ပဲျပည့္ေနတာေလ ငါအိမ္စာလုပ္လည္းမင္းပဲ စားေနလည္းမင္းပဲ ငါမင္းကိုထိခ်င္တယ္ နမ္းခ်င္တယ္ လုပ္..... "

" က်ိဳးတု " ရွေယာင္ကနီရဲေနေသာမ်က္ႏွာေလးျဖင့္ ၾကားျဖတ္ေျပာလိုက္သည္ " မေျပာနဲ႕ေတာ့ "

က်ိဳးတုက ကုတ္အကၤ်ီခါးတိုေလးဝတ္ထားတာျဖစ္ၿပီး ရွေယာင္ကိုဆြဲ၍ ဖက္လိုက္သည္ " ဘာလို႔ေျပာလို႔မရတာလဲ ငါေျပာခ်င္တယ္ " သူ႕မ်က္ႏွာကပိုနီးလာၿပီး သူ႕ရဲ႕ႏြေးေထြးေသာထြက္သက္ေလးက ရွေယာင္မ်က္ႏွာေလးကို ရိုက္ခတ္ေနသည္ " ငါ့ကိုမလြမ္းဘူးလား "

အေအးဒဏ္ေၾကာင့္ ႏွစ္ေယာက္လုံးကအႏြေးထည္အထူႀကီးမ်ားကိုဝတ္ဆင္ခဲ့ၾကၿပီး ထိုအႏြေးထည္ႀကီးမ်ားႏွင့္ ထိုကဲ့သို႔ဖက္ေနမႈက ရွေယာင္ကိုမသက္မသာျဖစ္ေစခဲ့သည္။ သူ႕ဘာသာခ်ဳပ္ထိန္းၿပီး ျပန္ေျဖရ၏ " ငါလည္းမင္းကိုလြမ္းတာပဲ ဒါေပမယ့္ ငါတို႔ေတြကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ဖို႔လိုတယ္ " ႐ုပ္ရွင္ထဲကစာေၾကာင္းတစ္ခုကသူ႕စိတ္ထဲေပၚလာခဲ့သည္ " ထိန္းခ်ဳပ္မႈမရွိတဲ့အျပဳအမူေတြေၾကာင့္ အခ်စ္မွာအဟန႔္အတားျဖစ္ေစတယ္ "

" ငါအဟန႔္အတားမျဖစ္ခ်င္ဘူး ငါကမင္းကိုပဲခ်စ္ေနခ်င္တာ " သူစကားလည္းဆုံးေရာ က်ိဳးတုကေခါင္းငုံ႕လာၿပီး ရွေယာင္ႏႈတ္ခမ္းေလးကိုနမ္းလိုက္သည္။ ေမွးမွိန္ေသာအလင္းေရာင္ေလးေအာက္ ေမွာင္မဲေသာလမ္းၾကားေလးအတြင္း၌ သူခ်စ္ရတဲ့သူကိုသူ႕လက္ေမာင္းထဲထည့္၍ ေယာက်္ားေလးႏွစ္ေယာက္အတူရွိေနၾကသည္။ ရွေယာင္ကသူ႕မ်က္လုံးေလးကိုမွိတ္ၿပီး က်ိဳးတုသူ႕ကိုေပးသည့္အနမ္းကို ျပည့္ျပည့္ဝဝခံယူေနသည္။

ျပင္းျပေသာအနမ္းၿပီးဆုံးၿပီးေနာက္မွ က်ိဳးတုက ရွေယာင္ကိုျဖည္းျဖည္းခ်င္း လႊတ္ေပးလိုက္သည္။ အေအးဒဏ္ေၾကာင့္နီရဲေနသည့္ က်ိဳးတု၏နား႐ြက္ေလးမ်ားကိုၾကည့္ၿပီး ရွေယာင္ကသူ႕ရဲ႕လည္စည္းပဝါေလးကိုျဖဳတ္၍ က်ိဳးတုလည္ပင္းေပၚပတ္ေပးလိုက္ၿပီး ထိုနား႐ြက္ေလးေတြကိုပါလုံေအာင္ပတ္ေပး၍ ရယ္ေမာလိုက္သည္ " အိမ္ျမန္ျမန္ျပန္ေတာ့ "

" မင္းမေအးဘူးလား " က်ိဳးတုကသူ႕ရဲ႕လည္စည္းပဝါကိုခြၽတ္ေပးလိုက္ခ်င္ေသာ္လည္း ရွေယာင္ကသူ႕လက္ေလးကိုတား၍ ေျပာလိုက္သည္ " ငါ့အိမ္ကနီးနီးေလးေလ ငါတို႔ေနာက္တစ္ခါေတြ႕တဲ့အခ်ိန္မွျပန္ေပးေပါ့ " ေနာက္တစ္ခါေတြ႕ရင္ဟူေသာ ကတိစကားေၾကာင့္ က်ိဳးတုမွာဝမ္းသာပီတိျဖစ္ေနၿပီး အ႐ူးေလးလိုအိမ္သို႔ျပန္သြားေလေတာ့သည္။

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


Continue Reading

You'll Also Like

228K 34.7K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
309K 11.2K 44
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
23.2K 2.7K 21
အကျဉ်းချုပ် : အိပ်စက်ခြင်းက အရင်ကလို လွယ်လွယ်ကူကူ မရောက်လာတော့ဘူး .. Bokutoက ဒါကို သိခဲ့တယ် ပြီးတော့ Akaashiလည်း အခု သိခဲ့ပြီ ဖြစ်တယ် အက်ဥ္းခ်ဳပ္...
31.3K 4K 27
{Own Creation} ဆံုခ်က္​မဲ့ခ်စ္​ျခင္​းဆိုတာ ဘယ္​လိုမ်ိဳးလဲ။ တကယ္​ပဲ ဆံုစည္​းဖို႔မျဖစ္​ႏုိင္​တာ ​ေသခ်ာၿပီလား? ဆုံချက်​မဲ့ချစ်​ခြင်းဆိုတာ ဘယ်​လိုမျိုးလဲ...