မ်က္မျမင္ အခ်စ္ (မျက်မမြင် အခ...

By moonshine041

10K 851 173

မ်က္စိမျမင္သူ ေကာင္ေလးတစ္ေယာက္ကုိ ျမင္ျမင္ခ်င္း သနားဂ႐ုဏာသက္ကာ ေမတၱာသက္ဝင္ခဲ့သူ........ သနားလုိ႔ ခ်စ္ခဲ့တာမွ... More

မ်က္မျမင္ အခ်စ္(၁)
မ်က္မျမင္ အခ်စ္(၃)
မ်က္မျမင္ အခ်စ္ (၄)
မ်က္မျမင္ အခ်စ္ (၅)
မ်က္မျမင္ အခ်စ္ (၆)
မ်က္မျမင္ အခ်စ္(၇)
မ်က္မျမင္အခ်စ္(၈)
မ်က္မျမင္အခ်စ္(၉)
မ်က္မျမင္အခ်စ္ (၁၀)
မ်က္မျမင္အခ်စ္ (၁၁)
မ်က္မျမင္ အခ်စ္(၁၂)
မ်က္မျမင္ အခ်စ္(၁၃)
မ်က္မျမင္ အခ်စ္(၁၄)
မ်က္မျမင္ အခ်စ္(၁၅)
မ်က္မျမင္ အခ်စ္ (၁၆)
မ်က္မျမင္ အခ်စ္(၁၇)
မ်က္မျမင္ အခ်စ္(၁၈)
မ်က္မျမင္ အခ်စ္ (၁၉)
မ်က္မျမင္ အခ်စ္(၂၀)
မ်က္မျမင္ အခ်စ္ (၂၁)
မ်က္မျမင္ အခ်စ္(၂၂)
မ်က္မျမင္ အခ်စ္(၂၃)
ေၾကညာျခင္း
မ်က္မျမင္ အခ်စ္ (၂၄)
မ်က္မျမင္ အခ်စ္(၂၅)
မ်က္မျမင္ အခ်စ္(၂၆)

မ်က္မျမင္ အခ်စ္(၂)

611 46 1
By moonshine041

ေဆး႐ုံေရာက္ေတာ့ တီကလ်ာရယ္ ၊ မမခ်စ္ရယ္က ထုိင္ေနေပမယ့္ မထုိင္ႏုိင္သူမွာ စည္းေရာင္စုံ.....

ဟုိဘက္ေလွ်ာက္လုိက္ ဒီဘက္ေလွ်ာက္လုိက္ႏွင့္ အလုပ္႐ႈပ္ေနသည္ ။ အေရးေပၚအခန္းထဲ ေရာက္သည္ အထိေတာင္ စည္းေရာင္စုံ လုပ္ခ်လုိက္တာ ပထမဆုံးအႀကိမ္ပင္ ။ မိမိကုိယ္မိမိလည္း အျပစ္မကင္းသလုိ ခံစားရသည္ ။
ဒါေပမယ့္ ဒီလူႀကီး ဒီေလာက္ ေပ်ာ့ညံ့လိမ့္မယ္လုိ႔မထင္ထားဘူး ။ အေရးေပၚအခန္းထဲက ဆရာဝန္ႀကီးထြက္လာေတာ့မွ ဆရာဝန္အနားကုိ အေျပးသြားကာ ေမးလုိက္မိသည္ ။

" ဆရာ လူနာ့အေျခအေနက ဘယ္လုိလဲ "

" လူနာက ဦးေႏွာက္ကင္ဆာ ေနာက္ဆုံးအဆင့္ပါ ခႏၶာကုိယ္က အားနည္းေနတဲ့အခ်ိန္မွာ အခုလုိ ဆက္ဆံလုိက္ေတာ့ အားအင္ကုန္ခမ္းသြားတာပါ
အခုေတာ့ သက္သာသြားပါၿပီ "

" ဗ်ာ........!"

ဦးေႏွာက္ကင္ဆာ ေနာက္ဆုံးအဆင့္.....
ဘာလုိ႔ တစ္ခြန္းမွ မဟရတာလဲ လူၾကီးရာ .....
ဒါ့ေၾကာင့္မုိ႔ ကြၽန္ေတာ့္ကုိ မသြားခုိင္းတာလား?
စည္းေရာင္စုံ သနားစိတ္ေတာ့ အနည္းငယ္ဝင္မိသည္ ။ အေရးေပၚအခန္းကေန ႐ုိး႐ုိးအခန္းသုိ႔ ေျပာင္းသြားတာမုိ႔ လူႀကီး႐ွိရာ အခန္းကုိ ဝင္သြားလုိက္သည္ ။ ကုတင္ေပၚမွာ ေဆးအ႐ွိန္ေၾကာင့္ အိပ္ေပ်ာ္ေနေသာ လူႀကီးကုိ ၾကည့္မိသည္ ။ အရာရာျပည့္စုံတဲ့သူက်ေတာ့လည္း ေပ်ာ္ရႊင္မႈကုိ ေငြေၾကးႏွင့္ လဲလွယ္ယူၾကရျပန္သည္ ။
စည္းေရာင္စုံ အေပၚကုိ ဦးတက္မင္းလူက တကယ္ပင္ ခ်စ္ခဲ့တာျဖစ္မည္ ။

႐ုပ္႐ွင္မင္းသားဆုိသည့္အတုိင္း အိပ္ေနတာေတာင္
ေခ်ာေမာေနေသးသည္ ။ မ်က္ႏွာအက်ဟာ ေယာက်ာ္းတုိင္းလုိခ်င္ေနတဲ့ ေမး႐ုိးသြယ္သြယ္ႏွင့္ မ်က္ခုံး ၊ မ်က္လုံးကအစ ေျပာစရာမ႐ွိ ၊ စည္းေရာင္စုံထက္ ႏွာတံပုိခြၽန္ကာ မဲနက္ေနတဲ့ မ်က္ခုံးေမႊးထူထူေလးေတြ စည္းေရာင္စုံ အတူေနခဲ့တဲ့သူဟာ ဒီေလာက္ထိ ေခ်ာလိမ့္မယ္လုိ႔ မထင္ခဲ့တာအမွန္ပါ ။ ဘယ္အခ်ိန္ထဲက လက္က မ်က္ႏွာကုိ ထိေနမိလည္းဆုိတာ သတိမထားမိ ဦးတက္မင္းလူ မ်က္လုံးဖြင့္လာမွ ေယာင္ရမ္းၿပီး
ပါးေပၚက လက္ကေလးကုိ ျပန္ဖယ္လုိက္သည္ ။

္မ်က္လုံး ပြင့္ပြင့္ျခင္း မိမိကုိရယ္ျပေသာ ဦးတက္မင္းလူေၾကာင့္ မိမိလည္း ႏႈတ္ခမ္းဖ်ားေလး ေကာ့တက္တဲ့အထိ ျပဳံးျပလုိက္သည္ ။

" ကုိယ့္ေၾကာင့္ လန္႔သြားတယ္မလား "

စည္းေရာင္စုံက အသည္းႏွလုံးမ႐ွိသည့္သူဆုိ ပုိမွန္လိမ့္မည္ ။ ဒါေပမယ့္ ဦးတက္မင္းလူကုိေတာ့
ညႇင္ညႇင္သာသာ ဆက္ဆံေနမိသည့္ မိမိကုိယ္ကုိလည္း အံျသေနမိသည္ ။ ဦးတင္မင္းလူရဲ႕ လက္ဖဝါးေလးကုိ အေပၚကေနအုပ္ကုိင္ကာ ႏွစ္သိမ့္စကားဆုိလုိက္သည္ ။

" မလန္႔ပါဘူး ဒါေပမယ့္ ခင္ဗ်ားႀကီးမွာ ကင္ဆာ႐ွိတာကုိ ဘာလုိ႔ ကြၽန္ေတာ့္ကုိမေျပာျပတာလည္း ၿပီးေတာ့...... "

အသံက အက္ကဲြသံေပါက္လာသည္ ပထမဆုံးအႀကိမ္ တစ္စုံတစ္ေယာက္ႏွင့္ ပတ္သတ္ၿပီး ေၾကကဲြဝမ္းနည္းမႈပါ..... ။
သံေယာဇဥ္လုိ႔ ေျပာရမလား? ဒါမွမဟုတ္ မိမိစိတ္ထဲ ထုိလူႀကီးကုိ တစ္ခုခုနဲ႔ တြယ္ၿငိေနတာလား? သနားမိတာလားဆုိတာ မသဲကဲြ ။ အေျဖကုိ စည္းေရာင္စုံမသိေပ ။ သိလည္းမသိခ်င္.....

မ်က္ရည္မက်မိေစရန္ စိတ္ကုိထိန္းကာ စကားကုိ ျပန္ဆက္လုိက္သည္ ။

" ကင္ဆာက ေနာက္ဆုံးအဆင့္ဆုိ...."

အသံေလးက တိမ္ဝင္သြား႐ွာသည္ ။

တက္မင္းလူ ေပ်ာ္ရႊင္မိပါသည္ ။ မေသခင္ မိမိခ်စ္ရသူဟာ မိမိအတြက္ ဝမ္းနည္းေပးေနသည္ကုိ ျမင္ရတာ ပီတိျဖစ္ရပါသည္ ။ တက္မင္းလူ အားတင္းကာ
ျပဳံးျပလုိက္သည္ ။

ခင္ဗ်ားႀကီးအျပဳံးက အဲ့ေလာက္ လွခဲ့မွန္း ကြၽန္ေတာ္ မသိခဲ့ပါဘူး ။ ခင္ဗ်ားျပဳံးျပလုိက္တဲ့အခ်ိန္ ခ်ဳိင့္ဝင္သြားတဲ့ ခင္ဗ်ားပါးေပၚက ပါးခ်ဳိင့္ေလးကုိ ကြၽန္ေတာ္ ဘာလုိ႔ ခုမွျမင္ရတာလဲဗ်ာ.....

" ကေလး သိလား....ကုိယ္ေလ ကေလးကုိ အရမ္းခ်စ္တယ္.... ကုိယ့္အတြက္ မေသခင္ အခ်ိန္ေလးမွာ ကေလးကုိ ကုိယ့္အနားမွာ ႐ွိေနေစခ်င္တယ္.....  ဒီအတြက္လည္း ကေလးမနစ္နာရေအာင္ ကုိယ္လုပ္ေပးမွာပါ "

အခုခ်ိန္ထိ စည္းေရာင္စုံအတြက့္
ေတြးေပးေနေသာ ဦးတက္မင္းလူကုိ အသည္းယားလာသည္ ။ ထုိင္ရာကေနထလုိက္ၿပီး
ဦးတက္မင္းလူရဲ႕ ႏွဖူးကုိ နမ္းလုိက္သည္ ။
စည္းေရာင္စုံ ကုိယ့္ကုိကုိယ္ေတာင္ အံၾသမိသည္ အလုပ္ေၾကာင့္ မဟုတ္ပဲ သူတျခားသူကုိ ကုိယ့္သေဘာနဲ႔ကုိယ္ နမ္းမိတာလား?
ဒါဟာ ႏွစ္သိမ့္အနမ္းျဖစ္မည္ စည္းေရာင္စုံေသခ်ာသိတာ တစ္ခုကေတာ့ သူဘယ္သူ႔ကုိမွ မခ်စ္ဘူးဆုိတာပါပဲ ။
ဦးတက္လူေျပာေသာ စကားကုိ ျပဳံးျပၿပီး

" မလုိပါဘူးဗ်ာ....ကြၽန္ေတာ္ ခင္ဗ်ားႀကီးနားမွာ ေနေပးပါ့မယ္ "

" ေက်း....ေက်းဇူးပါပဲ ကေလးရယ္.... ကုိယ့္ကုိ အခြင့္အေရးေပးလုိ႔.... "

" ကြၽန္ေတာ္ကသာ ေက်းဇူးတင္ရမွာပါ ၿပီးေတာ့ ခင္ဗ်ား အနားယူရအုံးမယ္မလား? ခင္ဗ်ားအိမ္မွာပဲ အနားယူလုိက္ပါ "

" ကုိယ္.... အိမ္မျပန္ခ်င္ဘူး "

ထုိစကားေၾကာင့္ စည္းေရာင္စုံရဲ႕ မ်က္ဝန္းအစုံဟာ နဂုိထက္ပုိဝုိင္းစက္သြားသည္ ။
စည္းေရာင္စုံ ဘာ့ေျကာင့္ ဦးတက္မင္းလူ အိမ္မွာမေနခ်င္တာလဲ
သိခ်င္တာေၾကာင့္ ေမးလုိက္သည္။

" ဘာလုိ႔လဲ အိမ္မွာဆုိ ခင္ဗ်ားမိသားစု႐ွိတယ္ေလ....  ကြၽန္ေတာ္ ေခၚေပးရမလား?  ခင္ဗ်ားမိန္းမကုိ "

႐ုပ္႐ွင္မင္းသားဦးတက္မင္းလူ အေၾကာင္းဆုိရင္ ကေလးကအစသိၾကမွာ အမွန္ေပမယ့္ စည္းေရာင္စုံလုိ တစ္ကုတင္ထဲ အိပ္တဲ့သူကေတာ့ ဘာကုိမွ မသိတာေၾကာင့္ ဦးတက္မင္းလူ ၾသခ်ေလာက္ေအာင္ စည္းေရာင္စုံရဲ႕ တျခားသူကုိ စိတ္မဝင္စားတက္တဲ့စိတ္ကုိ ေလးစားမိသည္ ။

" ကုိယ့္ မိန္းမက လြန္ခဲ့တဲ့ ၉ႏွစ္ေလာက္ထဲက ကားေမွာက္ၿပီး ဆုံးသြားၿပီ ။ ကုိယ့္သားကလည္း ကုိယ့္မိန္းမနဲ႔အတူ အဲ့ေန႔က ကားထဲမွာ ပါသြားတယ္ ။ သားက ဘာမွမျဖစ္ခဲ့ေပမယ့္ သားရဲ႕မ်က္လုံးထဲကုိ မွန္စေတြဝင္ခဲ့ၿပီး မ်က္ၾကည္လႊာ ကြယ္သြားခဲ့တယ္.....
သားက အခုဆုိ မ်က္စိမျမင္ရတာ ၉ႏွစ္ေတာင္႐ွိခဲ့ၿပီ ။ ဒါေတြဟာ ကုိယ့္ေၾကာင့္ပါ
ကုိယ္ဟာ Gayတစ္ေယာက္ဆုိတာ ယမင္းသိသြားၿပီး သားကုိေခၚၿပီး သူ႔မိဘအိမ္ကုိ ျပန္သြားတဲ့အခ်ိန္မွာ ကုန္ကားက ဝင္တုိက္လုိက္တာ.... ယမင္းက သားကုိထိမွာစုိးလုိ႔ ကားကုိ ဝုိက္လုိက္တာ သူက ကာေပးထားေတာ့ သားက မထိခုိက္လုိက္ဘူး ။ ဒါေပမယ့္ သားက
အျမင္အာ႐ုံက ဆုံး႐ႈံးခဲ့ရတယ္.....
ဒါေတြအားလုံးဟာ ကုိယ္အသုံးမက်လုိ႔ပါ...
ဒါေပမယ့္ သားကုိ ကုိယ့္ရဲ႕ မ်က္ၾကည္လႊာေပးခဲ့မယ္ "

ဦးတက္မင္းလူအေၾကာင္းၾကားရတာ တကယ္ကုိ စိတ္မေကာင္းမိပါ ။ ဒါ့ေၾကာင့္လည္း ဦးတက္မင္းလူမဆုံးခင္ သူျဖစ္ခ်င္တာေတ ျဖည့္ဆည္းေပးမည္ဟု စည္းေရာင္စုံ ေတးထားလုိက္သည္ ။ စည္းေရာင္စုံ
သိခ်င္တာတစ္ခု ႐ွိတာမုိ႔ ေမးလုိက္သည္ ။

" ခင္ဗ်ားသားက အသက္ဘယ္ႏွနစ္ ၂၆ႏွစ္ ကေလးထက္ ၂ႏွစ္ႀကီးတယ္.....  ကုိယ္မေသခင္ ကုိယ့္အိမ္မွာ လုိက္ေနေပးပါလား?  ကုိယ့္သားကုိ မ်က္ၾကည္လႊာ လႉေပးႏုိင္ဖုိ႔က ကုိယ့္မ်က္စိ ဘာမွ မထိခုိက္ဖုိ႔အေရးႀကီးပါတယ္.... ကေလးသိလား ကုိယ့္အမ်ဳိးေတြက ကုိယ္ေသသြားခဲ့ရင္ သားရဲ႕ အေမြေတြကုိ အပုိင္စီးၾကလိမ့္မယ္ ။ သားကလည္း မ်က္စိျပန္ျမင္ရဖုိ႔ဆုိတာ ေသခ်ာေတာ့မွာ မဟုတ္ဘူး....
ဒါ့ေၾကာင့္ ကုိယ့္ရဲ႕ မ်က္ၾကည္လႊာကုိ သားေလးကုိ ေပးေပးပါ ။
  ကုိယ့္ကုိ ကူညီေပးပါကေလးရယ္.... ကေလးအတြက္ ကုိယ့္ကုိ ကူညီလုိ႔  မနစ္နာေစရပါဘူး "

" ကြၽန္ေတာ္ ခင္ဗ်ားကုိ ကူညီပါ့မယ္.....
ၿပီးေတာ့ ကြၽန္ေတာ့္ကုိ ဘာမွျပန္လုပ္ေပးစရာမလုိပါဘူး ......
ဒါဆုိ ခင္ဗ်ား အိမ္ျပန္မွာလား ? ေဆး႐ုံမွာပဲဆင္ေနမွာလား?
အိမ္ျပန္မယ္ဆုိ
ကြၽန္ေတာ္ပုိ႔ေပးမယ္ "

" ကုိယ္အိမ္ျပန္မွာပါ ကုိယ္နဲ႔အတူ ကုိယ့္နားမွာ ေနေပးပါလား? ကုိယ့္ရဲ႕ေနာက္ဆုံးအခ်ိန္ကုိ ကေလးလက္ေပၚမွာပဲ ကုန္ဆုံးခ်င္လုိ႔ ....
ဒါမဲ့ ကေလးအဆင္မေျပဘူးဆုိလဲ..."

ေမွ်ာ္လင့္ခ်က္ အၾကည့္ေတြႏွင့္ ေျပာလာေသာ ဦတက္မင္းလူရဲ႕ စကားေတြ ၊ အၾကည့္ေတြကုိ စည္းေရာင္စုံ မပယ္႐ွားႏုိင္ သနားတာလား?

" ကြၽန္ေတာ္ လုိက္ေနေပးမယ္.... "

...............

Unicode

ဆေးရုံရောက်တော့ မမကလျာရယ် ၊ မမချစ်ရယ်က ထိုင်နေပေမယ့် မထိုင်နိုင်သူမှာ စည်းရောင်စုံ.....

ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နှင့် အလုပ်ရှုပ်နေသည် ။ အရေးပေါ်အခန်းထဲ ရောက်သည် အထိတောင် စည်းရောင်စုံ လုပ်ချလိုက်တာ ပထမဆုံးအကြိမ်ပင် ။ မိမိကိုယ်မိမိလည်း အပြစ်မကင်းသလို ခံစားရသည် ။
ဒါပေမယ့် ဒီလူကြီး ဒီလောက် ပျော့ညံ့လိမ့်မယ်လို့မထင်ထားဘူး ။ အရေးပေါ်အခန်းထဲက ဆရာဝန်ကြီးထွက်လာတော့မှ ဆရာဝန်အနားကို အပြေးသွားကာ မေးလိုက်မိသည် ။

" ဆရာ လူနာ့အခြေအနေက ဘယ်လိုလဲ "

" လူနာက ဦးနှောက်ကင်ဆာ နောက်ဆုံးအဆင့်ပါ ခန္ဓာကိုယ်က အားနည်းနေတဲ့အချိန်မှာ အခုလို ဆက်ဆံလိုက်တော့ အားအင်ကုန်ခမ်းသွားတာပါ
အခုတော့ သက်သာသွားပါပြီ "

" ဗျာ........!"

ဦးနှောက်ကင်ဆာ နောက်ဆုံးအဆင့်.....
ဘာလို့ တစ်ခွန်းမှ မဟရတာလဲ လူကြီးရာ .....
ဒါ့ကြောင့်မို့ ကျွန်တော့်ကို မသွားခိုင်းတာလား?
စည်းရောင်စုံ သနားစိတ်တော့ အနည်းငယ်ဝင်မိသည် ။ အရေးပေါ်အခန်းကနေ ရိုးရိုးအခန်းသို့ ပြောင်းသွားတာမို့ လူကြီးရှိရာ အခန်းကို ဝင်သွားလိုက်သည် ။ ကုတင်ပေါ်မှာ ဆေးအရှိန်ကြောင့် အိပ်ပျော်နေသော လူကြီးကို ကြည့်မိသည် ။ အရာရာပြည့်စုံတဲ့သူကျတော့လည်း ပျော်ရွှင်မှုကို ငွေကြေးနှင့် လဲလှယ်ယူကြရပြန်သည် ။
စည်းရောင်စုံ အပေါ်ကို ဦးတက်မင်းလူက တကယ်ပင် ချစ်ခဲ့တာဖြစ်မည် ။

ရုပ်ရှင်မင်းသားဆိုသည့်အတိုင်း အိပ်နေတာတောင်
ချောမောနေသေးသည် ။ မျက်နှာအကျဟာ ယောကျာ်းတိုင်းလိုချင်နေတဲ့ မေးရိုးသွယ်သွယ်နှင့် မျက်ခုံး ၊ မျက်လုံးကအစ ပြောစရာမရှိ ၊ စည်းရောင်စုံထက် နှာတံပိုချွန်ကာ မဲနက်နေတဲ့ မျက်ခုံးမွှေးထူထူလေးတွေ စည်းရောင်စုံ အတူနေခဲ့တဲ့သူဟာ ဒီလောက်ထိ ချောလိမ့်မယ်လို့ မထင်ခဲ့တာအမှန်ပါ ။ ဘယ်အချိန်ထဲက လက်က မျက်နှာကို ထိနေမိလည်းဆိုတာ သတိမထားမိ ဦးတက်မင်းလူ မျက်လုံးဖွင့်လာမှ ယောင်ရမ်းပြီး
ပါးပေါ်က လက်ကလေးကို ပြန်ဖယ်လိုက်သည် ။

်မျက်လုံး ပွင့်ပွင့်ခြင်း မိမိကိုရယ်ပြသော ဦးတက်မင်းလူကြောင့် မိမိလည်း နှုတ်ခမ်းဖျားလေး ကော့တက်တဲ့အထိ ပြုံးပြလိုက်သည် ။

" ကိုယ့်ကြောင့် လန့်သွားတယ်မလား "

စည်းရောင်စုံက အသည်းနှလုံးမရှိသည့်သူဆို ပိုမှန်လိမ့်မည် ။ ဒါပေမယ့် ဦးတက်မင်းလူကိုတော့
ညှင်ညှင်သာသာ ဆက်ဆံနေမိသည့် မိမိကိုယ်ကိုလည်း အံသြနေမိသည် ။ ဦးတင်မင်းလူရဲ့ လက်ဖဝါးလေးကို အပေါ်ကနေအုပ်ကိုင်ကာ နှစ်သိမ့်စကားဆိုလိုက်သည် ။

" မလန့်ပါဘူး ဒါပေမယ့် ခင်ဗျားကြီးမှာ ကင်ဆာရှိတာကို ဘာလို့ ကျွန်တော့်ကိုမပြောပြတာလည်း ပြီးတော့...... "

အသံက အက်ကွဲသံပေါက်လာသည် ပထမဆုံးအကြိမ် တစ်စုံတစ်ယောက်နှင့် ပတ်သတ်ပြီး ကြေကွဲဝမ်းနည်းမှုပါ..... ။
သံယောဇဉ်လို့ ပြောရမလား? ဒါမှမဟုတ် မိမိစိတ်ထဲ ထိုလူကြီးကို တစ်ခုခုနဲ့ တွယ်ငြိနေတာလား? သနားမိတာလားဆိုတာ မသဲကွဲ ။ အဖြေကို စည်းရောင်စုံမသိပေ ။ သိလည်းမသိချင်.....

မျက်ရည်မကျမိစေရန် စိတ်ကိုထိန်းကာ စကားကို ပြန်ဆက်လိုက်သည် ။

" ကင်ဆာက နောက်ဆုံးအဆင့်ဆို...."

အသံလေးက တိမ်ဝင်သွားရှာသည် ။

တက်မင်းလူ ပျော်ရွှင်မိပါသည် ။ မသေခင် မိမိချစ်ရသူဟာ မိမိအတွက် ဝမ်းနည်းပေးနေသည်ကို မြင်ရတာ ပီတိဖြစ်ရပါသည် ။ တက်မင်းလူ အားတင်းကာ
ပြုံးပြလိုက်သည် ။

ခင်ဗျားကြီးအပြုံးက အဲ့လောက် လှခဲ့မှန်း ကျွန်တော် မသိခဲ့ပါဘူး ။ ခင်ဗျားပြုံးပြလိုက်တဲ့အချိန် ချိုင့်ဝင်သွားတဲ့ ခင်ဗျားပါးပေါ်က ပါးချိုင့်လေးကို ကျွန်တော် ဘာလို့ ခုမှမြင်ရတာလဲဗျာ.....

" ကလေး သိလား....ကိုယ်လေ ကလေးကို အရမ်းချစ်တယ်.... ကိုယ့်အတွက် မသေခင် အချိန်လေးမှာ ကလေးကို ကိုယ့်အနားမှာ ရှိနေစေချင်တယ်.....  ဒီအတွက်လည်း ကလေးမနစ်နာရအောင် ကိုယ်လုပ်ပေးမှာပါ "

အခုချိန်ထိ စည်းရောင်စုံအတွက့်
တွေးပေးနေသော ဦးတက်မင်းလူကို အသည်းယားလာသည် ။ ထိုင်ရာကနေထလိုက်ပြီး
ဦးတက်မင်းလူရဲ့ နှဖူးကို နမ်းလိုက်သည် ။
စည်းရောင်စုံ ကိုယ့်ကိုကိုယ်တောင် အံသြမိသည် အလုပ်ကြောင့် မဟုတ်ပဲ သူတခြားသူကို ကိုယ့်သဘောနဲ့ကိုယ် နမ်းမိတာလား?
ဒါဟာ နှစ်သိမ့်အနမ်းဖြစ်မည် စည်းရောင်စုံသေချာသိတာ တစ်ခုကတော့ သူဘယ်သူ့ကိုမှ မချစ်ဘူးဆိုတာပါပဲ ။
ဦးတက်လူပြောသော စကားကို ပြုံးပြပြီး

" မလိုပါဘူးဗျာ....ကျွန်တော် ခင်ဗျားကြီးနားမှာ နေပေးပါ့မယ် "

" ကျေး....ကျေးဇူးပါပဲ ကလေးရယ်.... ကိုယ့်ကို အခွင့်အရေးပေးလို့.... "

" ကျွန်တော်ကသာ ကျေးဇူးတင်ရမှာပါ ပြီးတော့ ခင်ဗျား အနားယူရအုံးမယ်မလား? ခင်ဗျားအိမ်မှာပဲ အနားယူလိုက်ပါ "

" ကိုယ်.... အိမ်မပြန်ချင်ဘူး "

ထိုစကားကြောင့် စည်းရောင်စုံရဲ့ မျက်ဝန်းအစုံဟာ နဂိုထက်ပိုဝိုင်းစက်သွားသည် ။
စည်းရောင်စုံ ဘာ့ကြောင့် ဦးတက်မင်းလူ အိမ်မှာမနေချင်တာလဲ
သိချင်တာကြောင့် မေးလိုက်သည်။

" ဘာလို့လဲ အိမ်မှာဆို ခင်ဗျားမိသားစုရှိတယ်လေ....  ကျွန်တော် ခေါ်ပေးရမလား?  ခင်ဗျားမိန်းမကို "

ရုပ်ရှင်မင်းသားဦးတက်မင်းလူ အကြောင်းဆိုရင် ကလေးကအစသိကြမှာ အမှန်ပေမယ့် စည်းရောင်စုံလို တစ်ကုတင်ထဲ အိပ်တဲ့သူကတော့ ဘာကိုမှ မသိတာကြောင့် ဦးတက်မင်းလူ သြချလောက်အောင် စည်းရောင်စုံရဲ့ တခြားသူကို စိတ်မဝင်စားတက်တဲ့စိတ်ကို လေးစားမိသည် ။

" ကိုယ့် မိန်းမက လွန်ခဲ့တဲ့ ၉နှစ်လောက်ထဲက ကားမှောက်ပြီး ဆုံးသွားပြီ ။ ကိုယ့်သားကလည်း ကိုယ့်မိန်းမနဲ့အတူ အဲ့နေ့က ကားထဲမှာ ပါသွားတယ် ။ သားက ဘာမှမဖြစ်ခဲ့ပေမယ့် သားရဲ့မျက်လုံးထဲကို မှန်စတွေဝင်ခဲ့ပြီး မျက်ကြည်လွှာ ကွယ်သွားခဲ့တယ်.....
သားက အခုဆို မျက်စိမမြင်ရတာ ၉နှစ်တောင်ရှိခဲ့ပြီ ။ ဒါတွေဟာ ကိုယ့်ကြောင့်ပါ
ကိုယ်ဟာ Gayတစ်ယောက်ဆိုတာ ယမင်းသိသွားပြီး သားကိုခေါ်ပြီး သူ့မိဘအိမ်ကို ပြန်သွားတဲ့အချိန်မှာ ကုန်ကားက ဝင်တိုက်လိုက်တာ.... ယမင်းက သားကိုထိမှာစိုးလို့ ကားကို ဝိုက်လိုက်တာ သူက ကာပေးထားတော့ သားက မထိခိုက် ဒါပေမယ့်
အမြင်အာရုံက ဆုံးရှုံးခဲ့ရတယ်.....
ဒါတွေအားလုံးဟာ ကိုယ်အသုံးမကျလို့ပါ...
ဒါပေမယ့် သားကို ကိုယ့်ရဲ့ မျက်ကြည်လွှာပေးခဲ့မယ် "

ဦးတက်မင်းလူအကြောင်းကြားရတာ တကယ်ကို စိတ်မကောင်းမိပါ ။ ဒါ့ကြောင့်လည်း ဦးတက်မင်းလူမဆုံးခင် သူဖြစ်ချင်တာတေ ဖြည့်ဆည်းပေးမည်ဟု စည်းရောင်စုံ တေးထားလိုက်သည် ။ စည်းရောင်စုံ
သိချင်တာတစ်ခု ရှိတာမို့ မေးလိုက်သည် ။

" ခင်ဗျားသားက အသက်ဘယ်နှနစ် ၂၆နှစ် ကလေးထက် ၂နှစ်ကြီးတယ်.....  ကိုယ်မသေခင် ကိုယ့်အိမ်မှာ လိုက်နေပေးပါလား?  ကိုယ့်သားကို မျက်ကြည်လွှာ လှူပေးနိုင်ဖို့က ကိုယ့်မျက်စိ ဘာမှ မထိခိုက်ဖို့အရေးကြီးပါတယ်.... ကလေးသိလား ကိုယ့်အမျိုးတွေက ကိုယ်သေသွားခဲ့ရင် သားရဲ့ အမွေတွေကို အပိုင်စီးကြလိမ့်မယ် ။ သားကလည်း မျက်စိပြန်မြင်ရဖို့ဆိုတာ သေချာတော့မှာ မဟုတ်ဘူး....
ဒါ့ကြောင့် ကိုယ့်ရဲ့ မျက်ကြည်လွှာကို သားလေးကို ပေးပေးပါ ။
  ကိုယ့်ကို ကူညီပေးပါကလေးရယ်.... ကလေးအတွက် ကိုယ့်ကို ကူညီလို့  မနစ်နာစေရပါဘူး "

" ကျွန်တော် ခင်ဗျားကို ကူညီပါ့မယ်.....
ပြီးတော့ ကျွန်တော့်ကို ဘာမှပြန်လုပ်ပေးစရာမလိုပါဘူး ......
ဒါဆို ခင်ဗျား အိမ်ပြန်မှာလား ? ဆေးရုံမှာပဲဆင်နေမှာလား?
အိမ်ပြန်မယ်ဆို
ကျွန်တော်ပို့ပေးမယ် "

" ကိုယ်အိမ်ပြန်မှာပါ ကိုယ်နဲ့အတူ ကိုယ့်နားမှာ နေပေးပါလား? ကိုယ့်ရဲ့နောက်ဆုံးအချိန်ကို ကလေးလက်ပေါ်မှာပဲ ကုန်ဆုံးချင်လို့ ....
ဒါမဲ့ ကလေးအဆင်မပြေဘူးဆိုလဲ..."

မျှော်လင့်ချက် အကြည့်တွေနှင့် ပြောလာသော ဦတက်မင်းလူရဲ့ စကားတွေ ၊ အကြည့်တွေကို စည်းရောင်စုံ မပယ်ရှားနိုင် သနားတာလား?

" ကျွန်တော် လိုက်နေပေးမယ်.... "

...............

Continue Reading

You'll Also Like

1.6M 69K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
1.5M 61.4K 72
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
2.3M 149K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.3M 45.2K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd