[Unicode]
ကျန်းရှီဝမ်ရဲ့အိမ်ကနေထွက်လာပြီးတဲ့နောက်မှာတောင်မှ ရှယောင်ကကျိုးတုကိုကြည့်ဖို့ မဝံ့ရဲသေးပေ။
ကျိုးတုကသူ့ရဲ့နောက်ဆုံးဒိုက်ထိုးခြင်းပြီးဆုံးသွားပြီးနောက် သူကတမင်သက်သက်လား အမှန်တကယ်လားမသိစွာဖြင့် ရုတ်တရက် ရှယောင်၏ သေးငယ်လှသောကိုယ်ပေါ်လေးသို့ သူ့ကိုယ်သူလဲချလိုက်သည်။
ရှယောင်က သူ့ကိုထဖို့ကူညီပေးဖို့ပေမယ့် မမျှော်လင့်ထားပဲ ကျိုးတုက သူ့လည်ပင်းကိုနမ်းလိုက်သည့်အခါ ရှယောင်လည်း ကြောက်ပြီးတကိုယ်လုံး တောင့်တင်းသွားတော့သည်။ သူတို့ကိုကြည့်နေကြသည့် မျက်လုံးတွေအများကြီးအောက်မှာရှယောင်က ရင်ဖိုပြီး ပျော်နေသလို တစ်ချိန်တည်းမှာပဲစိုးရိမ်ပြီးကြောက်နေမိသည်။
ကျန်းရှီဝမ်၏ပွဲလေးမှာတော့ သူ့သူငယ်ချင်းမိန်းကလေးတွေနှင့် သူ့ကောင်လေးတို့သာကျန်ရှိတော့သည်။ ကျိုးတုကအစထဲကဒီပွဲကိုလာချင်ခဲ့တာမဟုတ်ပေ။ သူကရှယောင်နဲ့အတူဒီနေရာကထွက်သွားပြီး တစ်ခုခုသာလုပ်ချင်သည် သိပ်မကြာခင်မှာပဲ ထိုအခွင့်အရေးကိုသူတွေ့သွားခဲ့၏။
ရှယောင်ကသူထွက်မသွားခင် ကျန်းရှီဝမ်ကသူ့ကိုအဓိပ္ပါယ်ပါသော သံသယအကြည့်ကြီးဖြင့်ကြည့်နေသည်ဟုတွေးလိုက်မိသည်။ ဒါ့ကြောင့်သူက ကျိုးတုလက်မောင်းလေးကိုဖြည်းဖြည်းလေး တို့ထိလိုက်ရင်းမေးလိုက်၏ " အမ် ကျန်းရှီဝမ် သူ... သူငါတို့ကိုမသင်္ကာဖြစ်နေတာလား "
ရှယောင်က တစ်ခြားလူတွေရဲ့အမြင်ကိုတော်တော်လေးဂရုစိုက်တာကို သူသိတာကြောင့်ကျိုးတုခမျာ ရှယောင်ကို အဲ့မေးခွန်းအတွက်အဖြေကိုတည့်တည့် မဖြေရဲပေ လူတိုင်းသိနေသည့်သူတို့ရဲ့အကြောင်းကိုတော့ ကျန်းရှီဝမ်ကသိနေပြီးသားဆိုတာလေးတစ်ခုတော့ ဝန်ခံလိုက်သည်။
" မင်းဗိုက်ဆာလား ညလယ်စာသွားစားကြမယ်လေ "
ရှယောင်ကသူ့ခေါင်းကိုခါလိုက်ပြီး " နောက်ကျနေပြီ ငါတို့အိမ်ပဲပြန်သင့်တယ် ဟုတ်သားပဲ မင်းမနက်ဖန်အားလား "
ကျိုးတုကခဏလောက်ရပ်နေပြီးမှပြောလိုက်သည် " ဘာဖြစ်လို့လဲ မနက်ဖန်ငါ့အမေကို ကုန်တိုက်ကိုခေါ်သွားပေးစရာရှိတယ် "
ကျိုးတုအမေရဲ့ ခလေးမွေးပြီးနောက်အိမ်တွင်းအောင်းခြင်းပြီးဆုံးသည်နှင့် သူမကရှယောင်တို့မိသားစုကိုဖိတ်ပြီး မိသားစုလိုက်ညစာစားရန် အစီအစဥ်ရှိခဲ့သည်။ မစ်ကျိုးတွေးထားတဲ့ ညစာစားဖို့အစီအစဥ်က ထိုကာလအတောအတွင်းကြောင့်ပဲ အရမ်းကိုကြန့်ကြာနေသည်ဟုတွေးလိုက်မိတာကြောင့် သူမကသူ့မ၏သားကို ရှယောင်အတွက်လက်ဆောင်တစ်ခုခုရွေးခိုင်းရန်အတွက် ကုန်တိုက်သို့ခေါ်သွားရန်စီစဥ်လိုက်ခြင်းဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ်သူတို့ကရွယ်တူတွေဖြစ်တာကြောင့် ကျိုးတုအမေက သူမသား၏ထင်မြင်ချက်ကိုအသုံးပြုပြီး ထိုကိစ္စကိုဖြေရှင်းရန်တွေးလိုက်ခြင်းဖြစ်ပေသည်။
ကျိုးတုရဲ့တုံ့ပြန်မှုကိုကြားလိုက်ရသည်နှင့် ရှယောင်ကလည်းမြန်မြန်ပဲပြန်ပြောလိုက်သည် " ဘာမှမဖြစ်ပါဘူး ဒီတိုင်းမေးတာ " တကယ်တော့သူကျိုးတုကို မနက်ဖန်စာအုပ်ဆိုင်သွားဖို့မေးလိုက်ချင်တာဖြစ်ပေမယ့်လည်း အခုကျိုးတုမှာကအစီအစဥ်ရှိနေနှင့်ပြီးသားဖြစ်တာကြောင့် ကျိုးတုကိုဒုက္ခမပေးတော့ပဲ သူ့ဘာသာတစ်ယောက်ထဲသာသွားဖို့ဆုံးဖြတ်လိုက်တော့သည်။
" တကယ်ဘာမှမဟုတ်ဘူးလား "
" တကယ်ဘာမှမဟုတ်ဘူး " ရှယောင်ကပြုံးပြီး တိုက်တွန်းလိုက်သည် " မြန်မြန်ပြန်ရအောင် "
ကျိုးတုကရှယောင်ကိုကြည့်လိုက်ပြီး ရှယောင်နားနားလေးသို့ လက်မအနည်းငယ်လောက်တိုးကပ်၍ တိုးတိုးလေးပြောလိုက်သည် " ကျန်းရှီဝမ်ငါ့ကိုမေးတဲ့မေးခွန်းရဲ့ အဖြေကိုမင်းမသိချင်ဘူးလား "
ရှယောင်ကအံ့အားသင့်သွားခဲ့ပြီး မိနစ်အနည်းငယ်လောက် ကျန်းရှီဝမ်မေးခဲ့သည့်မေးခွန်းကိုပြန်တွေးလိုက်မိသည်။ သူက ပါးလေးတွေနီရဲနေလျှက်ဖြင့်ပြန်ဖြေလိုက်သည် " ဘယ်သူလဲငါသိတယ် "
ကျိုးတုကသူ့ကိုအံ့အားသင့်လျှက်ကြည့်လိုက်သည် " မင်းသိတယ်? "
ရှယောင်ကခေါင်းညိတ်လိုက်ပြီး ခပ်မြန်မြန်လေးခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။ ကျိုးတုကကပ်လျှက်လိုက်လာပြီး ဆက်မေးလိုက်သည် " ဘယ်လိုလုပ်သိတာလဲ "
ရှယောင်ကဆက်ပြောဖို့အစီအစဥ်မရှိပေမယ့်လည်း ကျိုးတုကတော့ဆက်ပြောနေခဲ့သည် " မင်းတကယ်မသိပါဘူး ငါတောင်မပြောပြရသေးဘူးလေ မင်းကဘယ်လိုလုပ်သိမှာလဲ "
ရှယောင်ကသွားနေရင်းရပ်လိုက်ပြီး လှည့်၍ ကျိုးတုမျက်လုံးတွေထဲတည့်တည့်ကြည့်လိုက်၍ပြောလိုက်သည် " ငါသိတယ် "
" ဒါဆိုဘယ်သူလဲငါ့ကိုပြော " ကျိုးတုရဲ့မျက်လုံးတွေက မျှော်လင့်ချက်များဖြင့်တောက်ပနေပြီး ရှယောင်ကိုကြည့်နေသည်။
ရှယောင်ရဲ့မျက်နှာလေးကပူလာခဲ့ပြီး လေသံတိုးတိုးလေးဖြင့် " အဲ့တာ ငါလေ "
စက္ကန့်အနည်းငယ်လောက်အံ့အားတကြီးမတ်တပ်ရပ်နေပြီးနောက် ကျိုးတုမျက်နှာလေးကနီရဲလာခဲ့သည်။ သူကရှယောင်ကို အပြစ်ရှိသလိုအကြည့်လေးဖြင့်ခိုးကြည့်လိုက်ပြီး မေးလိုက်သည် " မင်းဘယ်လိုလုပ်သိတာလဲ "
သူ့ရဲ့မေးခွန်းကိုဖြေဖို့အတွက် ရှယောင်မှာသတ္တိမရှိပေ။ သူကကျိုးတုကို " ငါလည်းအာသာဖြေတဲ့အချိန်တိုင်း မင်းကိုပဲတွေးတယ် " ဟုသူ မပြောပြနိုင်ပါ။ ကံကောင်းစွာဖြင့်ပဲ ကျိုးတုကအဲ့အကြောင်းကိုသိပ်မမေးတော့ပဲ သူ့ကိုအိမ်အထိလိုက်ပို့ပေးပြီးတာနှင့်ထွက်သွားလေသည်။
*
နောက်တစ်နေ့မနက်အစောကြီးအချိန်မှာပဲ ရှယောင်ရဲ့ဖုန်းလေးကမြည်လာခဲ့တာကြောင့် သူ့ရဲ့အိပ်ချင်နေသောမျက်လုံးလေးကိုဖွင့်လိုက်ရသည်။ သူကဖုန်းကိုယူလိုက်ပြီး ခေါ်ဆိုတဲ့သူကကျိုးတုမှန်းသိလိုက်ရသည်။
" ဟေး " သူ့ရဲ့အသံတိုးတိုးလေးက ကျိုးတုရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖြတ်၍ တုန်လှုပ်သွားစေခဲ့ပြီး သူ့ရဲ့ဒူးခေါင်းကိုတောင်အားမရှိဖြစ်စေခဲ့သည်။
ကျိုးတု : " ငါမင်းကိုနှိုးလိုက်မိတာလား "
ရှယောင် : " မဟုတ်ဘူး ငါလည်းအခုပဲထမလို့ "
ရှယောင်ရဲ့အဝတ်အစားဝတ်နေသည့်အသံကိုကြားလိုက်ရသည့် ကျိုးတုကတော့ ရှက်စရာကောင်းသည့် အကြံဉာဏ်တစ်ခုကိုတွေးလိုက်မိသည် " ရှယောင် ငါ့ကိုအနမ်းလေးတစ်ခုလောက်ပေးပါလား "
တစ်ဖက်ကဖုန်းကိုကိုင်ထားပြီး တစ်ဖက်ကအဝတ်ဝတ်နေသည့်ရှယောင်ကခဏလောက်ရှုပ်ထွေးသွားခဲ့သည် " အာ မင်းမှဒီမှာမရှိတာ ငါကဘယ်လိုမင်းကိုနမ်းရမှာလဲ "
" မွ " ဟူသောကျယ်လောင်လှသည့်အသံက ဖုန်း၏အခြားတစ်ဖက်မှထွက်လာခဲ့သည်။ ရှယောင်မျက်နှာနီရဲလာသည် အခုတော့ကျိုးတုပြောသည့်အဓိပ္ပါယ်ကိုသူသဘောပေါက်သွားခဲ့ပြီ။
သူကဖုန်းကိုကိုင်ထားပြီး သူ့နှုတ်ခမ်းကိုလည်းဖုန်းပေါ်ကပ်လိုက်၍ ထိုလုပ်ငန်းစဥ်ကြီးကိုလုပ်ဆောင်လိုက်သည်။
" Hehe " ကျိုးတုကရယ်မောလိုက်သည်။ ထိုအချိန်မှာပဲအနောက်ကတစ်ယောက်ယောက်၏ခေါ်သံကိုကြားလိုက်ရပြီးနောက် ကျိုးတုကဖုန်းချသွားခဲ့လေသည်။
*
*
*
*
ကျိုးတုလေးမပါရင်မပြန်ချင်လို့ အောက်ပိုင်းလေးခဏထားခဲ့တယ် သိပ်မကြာခင်တော့တင်ပေးပါမယ်ရှင် 😚
သီချင်းလေးထည့်ထားတယ် ဘာမှမဟုတ်ဘူး အခုတလောအရမ်းကြိုက်နေလို့ 💜
**********************************************
[Zawgyi]
က်န္းရွီဝမ္ရဲ႕အိမ္ကေနထြက္လာၿပီးတဲ့ေနာက္မွာေတာင္မွ ရွေယာင္ကက်ိဳးတုကိုၾကည့္ဖို႔ မဝံ့ရဲေသးေပ။
က်ိဳးတုကသူ႕ရဲ႕ေနာက္ဆုံးဒိုက္ထိုးျခင္းၿပီးဆုံးသြားၿပီးေနာက္ သူကတမင္သက္သက္လား အမွန္တကယ္လားမသိစြာျဖင့္ ႐ုတ္တရက္ ရွေယာင္၏ ေသးငယ္လွေသာကိုယ္ေပၚေလးသို႔ သူ႕ကိုယ္သူလဲခ်လိဳက္သည္။
ရွေယာင္က သူ႕ကိုထဖို႔ကူညီေပးဖို႔ေပမယ့္ မေမွ်ာ္လင့္ထားပဲ က်ိဳးတုက သူ႕လည္ပင္းကိုနမ္းလိုက္သည့္အခါ ရွေယာင္လည္း ေၾကာက္ၿပီးတကိုယ္လုံး ေတာင့္တင္းသြားေတာ့သည္။ သူတို႔ကိုၾကည့္ေနၾကသည့္ မ်က္လုံးေတြအမ်ားႀကီးေအာက္မွာရွေယာင္က ရင္ဖိုၿပီး ေပ်ာ္ေနသလို တစ္ခ်ိန္တည္းမွာပဲစိုးရိမ္ၿပီးေၾကာက္ေနမိသည္။
က်န္းရွီဝမ္၏ပြဲေလးမွာေတာ့ သူ႕သူငယ္ခ်င္းမိန္းကေလးေတြႏွင့္ သူ႕ေကာင္ေလးတို႔သာက်န္ရွိေတာ့သည္။ က်ိဳးတုကအစထဲကဒီပြဲကိုလာခ်င္ခဲ့တာမဟုတ္ေပ။ သူကရွေယာင္နဲ႕အတူဒီေနရာကထြက္သြားၿပီး တစ္ခုခုသာလုပ္ခ်င္သည္ သိပ္မၾကာခင္မွာပဲ ထိုအခြင့္အေရးကိုသူေတြ႕သြားခဲ့၏။
ရွေယာင္ကသူထြက္မသြားခင္ က်န္းရွီဝမ္ကသူ႕ကိုအဓိပၸါယ္ပါေသာ သံသယအၾကည့္ႀကီးျဖင့္ၾကည့္ေနသည္ဟုေတြးလိုက္မိသည္။ ဒါ့ေၾကာင့္သူက က်ိဳးတုလက္ေမာင္းေလးကိုျဖည္းျဖည္းေလး တို႔ထိလိုက္ရင္းေမးလိုက္၏ " အမ္ က်န္းရွီဝမ္ သူ... သူငါတို႔ကိုမသကၤာျဖစ္ေနတာလား "
ရွေယာင္က တစ္ျခားလူေတြရဲ႕အျမင္ကိုေတာ္ေတာ္ေလးဂ႐ုစိုက္တာကို သူသိတာေၾကာင့္က်ိဳးတုခမ်ာ ရွေယာင္ကို အဲ့ေမးခြန္းအတြက္အေျဖကိုတည့္တည့္ မေျဖရဲေပ လူတိုင္းသိေနသည့္သူတို႔ရဲ႕အေၾကာင္းကိုေတာ့ က်န္းရွီဝမ္ကသိေနၿပီးသားဆိုတာေလးတစ္ခုေတာ့ ဝန္ခံလိုက္သည္။
" မင္းဗိုက္ဆာလား ညလယ္စာသြားစားၾကမယ္ေလ "
ရွေယာင္ကသူ႕ေခါင္းကိုခါလိုက္ၿပီး " ေနာက္က်ေနၿပီ ငါတို႔အိမ္ပဲျပန္သင့္တယ္ ဟုတ္သားပဲ မင္းမနက္ဖန္အားလား "
က်ိဳးတုကခဏေလာက္ရပ္ေနၿပီးမွေျပာလိုက္သည္ " ဘာျဖစ္လို႔လဲ မနက္ဖန္ငါ့အေမကို ကုန္တိုက္ကိုေခၚသြားေပးစရာရွိတယ္ "
က်ိဳးတုအေမရဲ႕ ခေလးေမြးၿပီးေနာက္အိမ္တြင္းေအာင္းျခင္းၿပီးဆုံးသည္ႏွင့္ သူမကရွေယာင္တို႔မိသားစုကိုဖိတ္ၿပီး မိသားစုလိုက္ညစာစားရန္ အစီအစဥ္ရွိခဲ့သည္။ မစ္က်ိဳးေတြးထားတဲ့ ညစာစားဖို႔အစီအစဥ္က ထိုကာလအေတာအတြင္းေၾကာင့္ပဲ အရမ္းကိုၾကန့္ၾကာေနသည္ဟုေတြးလိုက္မိတာေၾကာင့္ သူမကသူ႕မ၏သားကို ရွေယာင္အတြက္လက္ေဆာင္တစ္ခုခုေ႐ြးခိုင္းရန္အတြက္ ကုန္တိုက္သို႔ေခၚသြားရန္စီစဥ္လိုက္ျခင္းျဖစ္သည္။
ဘယ္လိုပဲျဖစ္ျဖစ္သူတို႔က႐ြယ္တူေတြျဖစ္တာေၾကာင့္ က်ိဳးတုအေမက သူမသား၏ထင္ျမင္ခ်က္ကိုအသုံးျပဳၿပီး ထိုကိစၥကိုေျဖရွင္းရန္ေတြးလိုက္ျခင္းျဖစ္ေပသည္။
က်ိဳးတုရဲ႕တုံ႕ျပန္မႈကိုၾကားလိုက္ရသည္ႏွင့္ ရွေယာင္ကလည္းျမန္ျမန္ပဲျပန္ေျပာလိုက္သည္ " ဘာမွမျဖစ္ပါဘူး ဒီတိုင္းေမးတာ " တကယ္ေတာ့သူက်ိဳးတုကို မနက္ဖန္စာအုပ္ဆိုင္သြားဖို႔ေမးလိုက္ခ်င္တာျဖစ္ေပမယ့္လည္း အခုက်ိဳးတုမွာကအစီအစဥ္ရွိေနႏွင့္ၿပီးသားျဖစ္တာေၾကာင့္ က်ိဳးတုကိုဒုကၡမေပးေတာ့ပဲ သူ႕ဘာသာတစ္ေယာက္ထဲသာသြားဖို႔ဆုံးျဖတ္လိုက္ေတာ့သည္။
" တကယ္ဘာမွမဟုတ္ဘူးလား "
" တကယ္ဘာမွမဟုတ္ဘူး " ရွေယာင္ကၿပဳံးၿပီး တိုက္တြန္းလိုက္သည္ " ျမန္ျမန္ျပန္ရေအာင္ "
က်ိဳးတုကရွေယာင္ကိုၾကည့္လိုက္ၿပီး ရွေယာင္နားနားေလးသို႔ လက္မအနည္းငယ္ေလာက္တိုးကပ္၍ တိုးတိုးေလးေျပာလိုက္သည္ " က်န္းရွီဝမ္ငါ့ကိုေမးတဲ့ေမးခြန္းရဲ႕ အေျဖကိုမင္းမသိခ်င္ဘူးလား "
ရွေယာင္ကအံ့အားသင့္သြားခဲ့ၿပီး မိနစ္အနည္းငယ္ေလာက္ က်န္းရွီဝမ္ေမးခဲ့သည့္ေမးခြန္းကိုျပန္ေတြးလိုက္မိသည္။ သူက ပါးေလးေတြနီရဲေနလွ်က္ျဖင့္ျပန္ေျဖလိုက္သည္ " ဘယ္သူလဲငါသိတယ္ "
က်ိဳးတုကသူ႕ကိုအံ့အားသင့္လွ်က္ၾကည့္လိုက္သည္ " မင္းသိတယ္? "
ရွေယာင္ကေခါင္းညိတ္လိုက္ၿပီး ခပ္ျမန္ျမန္ေလးေျခလွမ္းအနည္းငယ္လွမ္းလိုက္သည္။ က်ိဳးတုကကပ္လွ်က္လိုက္လာၿပီး ဆက္ေမးလိုက္သည္ " ဘယ္လိုလုပ္သိတာလဲ "
ရွေယာင္ကဆက္ေျပာဖို႔အစီအစဥ္မရွိေပမယ့္လည္း က်ိဳးတုကေတာ့ဆက္ေျပာေနခဲ့သည္ " မင္းတကယ္မသိပါဘူး ငါေတာင္မေျပာျပရေသးဘူးေလ မင္းကဘယ္လိုလုပ္သိမွာလဲ "
ရွေယာင္ကသြားေနရင္းရပ္လိုက္ၿပီး လွည့္၍ က်ိဳးတုမ်က္လုံးေတြထဲတည့္တည့္ၾကည့္လိုက္၍ေျပာလိုက္သည္ " ငါသိတယ္ "
" ဒါဆိုဘယ္သူလဲငါ့ကိုေျပာ " က်ိဳးတုရဲ႕မ်က္လုံးေတြက ေမွ်ာ္လင့္ခ်က္မ်ားျဖင့္ေတာက္ပေနၿပီး ရွေယာင္ကိုၾကည့္ေနသည္။
ရွေယာင္ရဲ႕မ်က္ႏွာေလးကပူလာခဲ့ၿပီး ေလသံတိုးတိုးေလးျဖင့္ " အဲ့တာ ငါေလ "
စကၠန့္အနည္းငယ္ေလာက္အံ့အားတႀကီးမတ္တပ္ရပ္ေနၿပီးေနာက္ က်ိဳးတုမ်က္ႏွာေလးကနီရဲလာခဲ့သည္။ သူကရွေယာင္ကို အျပစ္ရွိသလိုအၾကည့္ေလးျဖင့္ခိုးၾကည့္လိုက္ၿပီး ေမးလိုက္သည္ " မင္းဘယ္လိုလုပ္သိတာလဲ "
သူ႕ရဲ႕ေမးခြန္းကိုေျဖဖို႔အတြက္ ရွေယာင္မွာသတၱိမရွိေပ။ သူကက်ိဳးတုကို " ငါလည္းအာသာေျဖတဲ့အခ်ိန္တိုင္း မင္းကိုပဲေတြးတယ္ " ဟုသူ မေျပာျပနိုင္ပါ။ ကံေကာင္းစြာျဖင့္ပဲ က်ိဳးတုကအဲ့အေၾကာင္းကိုသိပ္မေမးေတာ့ပဲ သူ႕ကိုအိမ္အထိလိုက္ပို႔ေပးၿပီးတာႏွင့္ထြက္သြားေလသည္။
*
ေနာက္တစ္ေန႕မနက္အေစာႀကီးအခ်ိန္မွာပဲ ရွေယာင္ရဲ႕ဖုန္းေလးကျမည္လာခဲ့တာေၾကာင့္ သူ႕ရဲ႕အိပ္ခ်င္ေနေသာမ်က္လုံးေလးကိုဖြင့္လိုက္ရသည္။ သူကဖုန္းကိုယူလိုက္ၿပီး ေခၚဆိုတဲ့သူကက်ိဳးတုမွန္းသိလိုက္ရသည္။
" ေဟး " သူ႕ရဲ႕အသံတိုးတိုးေလးက က်ိဳးတုရဲ႕ခႏၶာကိုယ္တစ္ခုလုံးကိုျဖတ္၍ တုန္လႈပ္သြားေစခဲ့ၿပီး သူ႕ရဲ႕ဒူးေခါင္းကိုေတာင္အားမရွိျဖစ္ေစခဲ့သည္။
က်ိဳးတု : " ငါမင္းကိုႏွိုးလိုက္မိတာလား "
ရွေယာင္ : " မဟုတ္ဘူး ငါလည္းအခုပဲထမလို႔ "
ရွေယာင္ရဲ႕အဝတ္အစားဝတ္ေနသည့္အသံကိုၾကားလိုက္ရသည့္ က်ိဳးတုကေတာ့ ရွက္စရာေကာင္းသည့္ အႀကံဉာဏ္တစ္ခုကိုေတြးလိုက္မိသည္ " ရွေယာင္ ငါ့ကိုအနမ္းေလးတစ္ခုေလာက္ေပးပါလား "
တစ္ဖက္ကဖုန္းကိုကိုင္ထားၿပီး တစ္ဖက္ကအဝတ္ဝတ္ေနသည့္ရွေယာင္ကခဏေလာက္ရႈပ္ေထြးသြားခဲ့သည္ " အာ မင္းမွဒီမွာမရွိတာ ငါကဘယ္လိုမင္းကိုနမ္းရမွာလဲ "
" မြ " ဟူေသာက်ယ္ေလာင္လွသည့္အသံက ဖုန္း၏အျခားတစ္ဖက္မွထြက္လာခဲ့သည္။ ရွေယာင္မ်က္ႏွာနီရဲလာသည္ အခုေတာ့က်ိဳးတုေျပာသည့္အဓိပၸါယ္ကိုသူသေဘာေပါက္သြားခဲ့ၿပီ။
သူကဖုန္းကိုကိုင္ထားၿပီး သူ႕ႏႈတ္ခမ္းကိုလည္းဖုန္းေပၚကပ္လိုက္၍ ထိုလုပ္ငန္းစဥ္ႀကီးကိုလုပ္ေဆာင္လိုက္သည္။
" Hehe " က်ိဳးတုကရယ္ေမာလိုက္သည္။ ထိုအခ်ိန္မွာပဲအေနာက္ကတစ္ေယာက္ေယာက္၏ေခၚသံကိုၾကားလိုက္ရၿပီးေနာက္ က်ိဳးတုကဖုန္းခ်သြားခဲ့ေလသည္။
*
*
*
*
က်ိဳးတုေလးမပါရင္မျပန္ခ်င္လို႔ ေအာက္ပိုင္းေလးခဏထားခဲ့တယ္ သိပ္မၾကာခင္ေတာ့တင္ေပးပါမယ္ရွင္ 😚
သီခ်င္းေလးထည့္ထားတယ္ ဘာမွမဟုတ္ဘူး အခုတေလာအရမ္းႀကိဳက္ေနလို႔ 💜
**********************************************