လူစားထိုး သရုပ်ဆောင် (transla...

By LoveULou

872K 116K 5.5K

(Zawgyi versionလည္း ရွိပါတယ္၊ Profile မွာ ၀င္ရွာၾကည့္ပါ) ကျိုရှီအန်း ဒုတိယအကြိမ် ရှင်သန်ခွင့်ရခြင်းဟာ ဘုရားသခ... More

အခန်း ၁ - နိုးထခြင်း
အခန်း ၁ အဆက်
အခန်း ၂ - ချိုင်ဝေနှင့် ပြန်လည်တွေ့ဆုံခြင်း
အခန်း ၃ - အကြွေး ဘယ်လောက်ရှိလဲ
အခန်း ၄ - ဓါတ်လှေကား၌ တွေ့ဆုံခြင်း
အခန်း ၅ - လွန်ခဲ့သော သုံးနှစ်ကို နောက်ကြောင်းပြန်ခြင်း
အခန်း ၆ - မိတ်ဆက်ခြင်း၊ ကျွန်တော့်နာမည်က...
အခန်း ၇ - ခင်ဗျားအိမ်ကို သွားမယ်
အခန်း ၈ - နှစ်ယောက်လုံးက....
အခန်း ၉ - ကျိုရှီအန်းအိမ်မှာ တည်းခိုခြင်း
အခန်း ၁၀ - ချိန်းပြီး ညစာစားခြင်း
အခန်း ၁၁ - 0 ဖြစ်ခြင်း (M)
အခန်း ၁၂ - မိသားစုတစ်ခု လိုချင်မိခြင်း
အခန်း ၁၃ - ရုပ်ရှင်ရိုက်ကွင်း
အခန်း ၁၄ - ကျိုရှီအန်းကို ပိုင်ဆိုင်စိတ်
အခန်း ၁၅ - မနေချင်တဲ့ မိသားစုတွေ့ဆုံပွဲ
အခန်း ၁၆ - ယန်မင်ရှုကို သူနဲ့အတူနေဖို့ ဖိတ်ခေါ်ခြင်း
အခန်း ၁၇ - အိမ်ပြောင်းလာခြင်း
အခန်း ၁၈ - လန်ရှီးရောင်ကို ကြိုဆိုပွဲ
အခန်း ၁၉ - ယန်မင်ရှု သဝန်တိုနေသည်
အခန်း ၂၀ - မင်းကို ပိုးလို့ရမလား
အခန်း ၂၁ - ကျဉ်းထဲကြပ်ထဲရောက်ခြင်း
အခန်း ၂၂ - ယန်မင်ရှုချက်တဲ့ ဂဏန်းဟင်း
အခန်း ၂၃ - ရိုက်ကွင်းပေါ်က တင်းမာမှုများ
အခန်း ၂၄ - ဝမ်ယုတုန် မိသွားခြင်း
အခန်း ၂၅ - ပထမဆုံးအကြိမ် စကားများခြင်း
အခန်း ၂၆ - ငါက ဘာမှမဟုတ်တဲ့ကောင်
အခန်း ၂၇ - လက်မလျှော့ချင်သေးဘူး
အခန်း ၂၈ - တောင်းပန်ခြင်း
အခန်း ၂၉ - ယန်မင်ရှု မိသားစုအကြောင်း သိရှိခြင်း
အခန်း ၃၀ - ကျိုရှီအန်းအပေါ် အမြင်ပြောင်းလာခြင်း
အခန်း ၃၁ - ဝမ်နှစ်ယောက် (ဂျို)ဝှေ့ကြသောအခါ
အခန်း ၃၂ - ဝမ်ယုတုန်ကို အပြစ်လုပ်မိခြင်း
အခန်း ၃၃ - ဝမ်ယုတုန်ရဲ့ အစားထိုးဖြစ်ကြောင်း သိရခြင်း
အခန်း ၃၄ - ကျိုရှီအန်းကို မလွှတ်ပေးချင်ဘူး
အပိုင်း ၃၅ - အဆုံးမသတ်သေးဘူး
အခန်း ၃၆ - ရန်ပွဲ... ဝမ်ယုတုန်ရဲ့ တောင်းဆိုမှု
အပိုင်း ၃၇ - အိမ်မှာ
အခန်း ၃၈ - မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားခြင်း
အခန်း ၃၉ - နောက်ဆုံးဖုန်းcall
Extra 1: ယန်မင်ရှုဘက်က အမြင်
အခန်း ၄၀ - ချိုင်ဝေရဲ့ သတိပေးစကား
အခန်း ၄၂ - အလုပ် ပိုလိုအပ်ခြင်း
အခန်း ၄၃ - Game Video Clip လူရွေးပွဲ
အခန်း ၄၄ - ကျွန်တော့်နာမည် ကျိုရှီအန်း
အခန်း ၄၅ - အမွှာအကြောင်း သူဘယ်လိုသိလဲ
အခန်း ၄၆ - လန်ရှီရောင်နဲ့ ပြန်တွေ့ခြင်း
အခန်း ၄၇ - ယန်မင်ရှုနဲ့ ကြော်ငြာ
အခန်း ၄၈ - ကျိုရှီအန်း မသေသေးဘူး
အခန်း ၄၉ - ကိုယ့်အိမ်ကို ကိုယ်ပြန်ခိုးဝင်ခြင်း
အခန်း ၅၀ - လူမိခါနီး
အခန်း ၅၁ - ဖောက်ထွင်းမှုအကြောင်း ကျိုရှီအန်းကို ပြောပြခြင်း
အခန်း ၅၂ - ဝမ်ယုတုန်ရဲ့ စတန့်သမား ထပ်လုပ်ရန်
အခန်း ၅၃ - ဇာတ်ကားမှာပါရန် ယန်မင်ရှု တောင်းဆိုခြင်း
အခန်း ၅၄ - မင်းက gay လား
အခန်း ၅၅ - မူးနေတဲ့ ယန်မင်ရှုဆီက အနမ်း
အခန်း ၅၆ - သူ့ကို ဘယ်သူ ကူညီနိုင်မလဲ
အခန်း ၅၇ - အသည်းအသန် ငွေလိုအပ်ခြင်း
အခန်း ၅၈ - ယန်မင်ရှုနဲ့ သွားတွေ့ခြင်း
အခန်း ၅၉ - ကမ်းလှမ်းချက်
အခန်း ၆၀ - ချန်ယင်းကို အယုံသွင်းခြင်း
အခန်း ၆၁ - အိမ်အသစ်ရှာခြင်း
အခန်း ၆၂ - စိတ်လှုပ်ရှားနေတဲ့ ကျိုရှီအန်း
အခန်း ၆၃ - နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့ ရှားပါးညတစ်ည
အခန်း ၆၄ - အံ့သြတုန်လှုပ်စရာကောင်းတဲ့ တိုက်ဆိုင်မှုတွေ

အခန်း ၄၁ - အတိတ်ကို ပြန်ရှာဖွေခြင်း

11.4K 1.8K 41
By LoveULou

နောက်နေ့ ကျိုရှီအန်း အိမ်မှာ နားပြီး စဉ်းစားရင်းနဲ့ အင်တာနက်ကဖေးကိုသွားပြီး လွန်ခဲ့တဲ့ နှစ်နှစ်က ဘာဖြစ်ခဲ့လဲဆိုတာ၊ ဘယ်လို သတင်းထုတ်ထားလဲဆိုတာကို သွားရှာဖို့ ဆုံးဖြတ်လိုက်သည်။

သူကွန်ပြူတာရှေ့မှာထိုင်ပြီး ရိုက်ကူရေးအဖွဲ့နာမည်ကို ရိုက်ထည့်ပြီးတော့ web page loadingတက်နေတဲ့အချိန်မှာ သူ ရင်တမမနဲ့ ဖြစ်နေသည်။ ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ သူ့ခံစားချက်ကို နားလည်ပေးနိုင်မယ် မထင်။ သူက သူသေဆုံးခဲ့တဲ့ကြောင်း သတင်းကို ပြန်ရှာနေတာ။

လွန်ခဲ့တဲ့ နှစ်နှစ်က ဖြစ်ခဲ့တာပေမယ့် အင်တာနက်ပေါ်မှာ ထိုမတော်တဆမှုအကြောင်း သတင်းတွေ အများကြီးရှိသေးသည်။ ကျိုရှီအန်း ထိုသတင်း page တွေကို တစ်ခုပြီး တစ်ခုကြည့်ရင်း သူ့ရင်ထဲမှာ ပိုပိုပြီး မအီမသာဖြစ်လာသည်။

အဲဒီအချိန်တုန်းက အက်ဆီဒင့်ထဲမှာ ပါသွားတာ သူတစ်ယောက်ထဲမဟုတ်၊ အရမ်းစကားများတဲ့ နှစ်ဆယ်ကျော်ကောင်လေးတစ်ယောက်လည်း ရွှံ့လွှာအောက်မှာ ပိသေသွားခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရသည်။ ရိုက်ကူးရေးအဖွဲ့ တောင်ပေါ်တက်ခါစက ထားရှိခဲ့တဲ့ မျှော်လင့်ချက်တွေ စိတ်ဓါတ်ခွန်အားတွေ တစ်စစီ ကြေမွသွားခဲ့သည်။

သူ ခြောက်ကမ်းပါးကနေ ပြုတ်ကျပြီးတော့ သည်းကြီးမည်းကြီးရွာတဲ့ မိုးက ခြေရာလက်ရာ အကုန်ဖျောက်လိုက်သောကြောင့် ရှာဖွေရေးအဖွဲ့ ဘယ်လိုက်လို့ လိုက်ရမှန်းမသိ ဖြစ်ခဲ့သည်။ တစ်ပတ်ရှာပြီးတဲ့ နောက်မှာ သူ့လောင်းကို ရှာမတွေ့တော့ သူပျောက်သွားတယ်လို့သာ သတ်မှတ်လိုက်ကြသည်။ ဒါပေမယ့် သူ အသက်ရှင်နိုင်တယ်လို့ ဘယ်သူမှ မယုံကြ၊ အသက်ရှင်တယ်သာ ဆိုရင် နှစ်နှစ်ပဲရှိနေပြီ သူပေါ်မလာဘဲ နေမလား။

ကျိုရှီအန်းလည်း သူ့အလောင်း ဘယ်မှာလဲဆိုတာ သိချင်သည်။ သူ့အလောင်း တောင်ပေါ် တောနက်ထဲက တစ်နေရာမှာ မိုးရေတွေ လေတွေတိုက်စားမှုခံရပြီး အရိုးပဲကျန်တော့မှာကို တွေးမိရင် စိတ်မကောင်းဖြစ်ပြီး ငိုချင်သည်။ ပထမဆုံးအကြိမ်အဖြစ် သူ အစိမ်းသေခဲ့ပေမယ့် သဂြိုဟ်ပေးတာကို မခံခဲ့ရဘူးလို့ တွေးမိသည်။

ဖြစ်နို်င်မယ်ဆိုရင် သူ အဲဒီနေရာကို ပြန်သွားပြီး သူ့အလောင်းကို သွားရှာချင်သည်။ ဒါပေမယ့် သူ အဲဒီ့ညက ဘယ်ကို ပြေးလို့ ပြေးခဲ့မိမှန်းတောင် မသိ။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကတောင် ရှာမတွေ့ဘူးဆိုရင် သူဆိုရင် ပြောမနေနဲ့တော့။

ကျိုရှီအန်း ကွန်ပျူတာ မျက်နှာပြင်ကို အကြာကြီး ငေးကြည့်မိသည်။ အဲဒီ စိတ်လေးလံနေမှုကနေ ပြန်သက်သာမလာခဲ့။ သူနဲ့ အနှစ်သုံးဆယ်တောင် အတူရှိခဲ့တဲ့ ထိုခန္ဓာကိုယ်က သူ့မိဘတွေအမွေပေးခဲ့တဲ့ တန်ဖိုးအကြီးမားဆုံး အရာတစ်ခုဖြစ်သည်။ သူ့ခန္ဓာကိုယ်က ကျန်းမာပြီး ခွန်အား သန်မာမှု အပြည့်ရှိသည်။ သူ့မိဘတွေ ဒီကမ္ဘာပေါ်မှာ ချန်ထားခဲ့တဲ့ တစ်ခုတည်းသော အရာဖြစ်တဲ့ သူ့ခန္ဓာကိုယ် မရှိတော့ဘူး။ ပျောက်ဆုံးသွားပြီ။ သူ့မိဘတွေ ဒီကမ္ဘာပေါ်မှာ ရှိခဲ့ဖူးတယ်ဆိုတာကို ဘယ်သူသက်သေပြတော့မလဲ။

ကျိုရှီအန်း အကြာကြီးထိုင်နေသည်။ သူ့ရင်ထဲမှာ အမည်ဖော်လို့ မရနိုင်တဲ့ နာကျင်မှုကို ခံစားရသည်၊ ဒါပေမယ့် ဘယ်သူကိုမှ ပြောမပြနိုင်။

သူ စိတ်ပြန်ထိန်းနိုင်ဖို့ အချိန်တော်တော်ယူလိုက်ရသည်။ ပြီးတော့ တခြား ဆက်စပ်နေတဲ့ သတင်းတွေကို ရှာကြည့်သည်၊ အရေးကြီးတာ ဘာမှမတွေ့။ သူ ခဏစဉ်းစားကြည့်ပြီး လန်ရှီရောင်ကို ရှာကြည့်သည်။ လွန်ခဲ့တဲ့ နှစ်နှစ် သူ အက်ဆီးဒင့်ဖြစ်ပြီးကတည်းက လန်ရှီရောင် နိုင်ငံခြားမှာ သွားနေပြီး သူ့အနုပညာလုပ်ငန်းကို ပိုအောင်မြင်အောင် လုပ်ခဲ့သည်။ China ကို တစ်ခါတစ်လေမှသာ ပြန်လာသည်။ သူ Hollywood မှာ အရမ်းအောင်မြင်တဲ့ Chinese star တစ်ယောက်ဖြစ်နေပြီ။ ခေါင်းဆောင်မင်းသားအနေနဲ့ သရုပ်ဆောင်ခွင့်မရသေးပေမယ့် သူ့ရဲ့ နိုင်ငံတကာရုပ်ရှင်လောကအပေါ် လွှမ်းမိုးနိုင်မှုကို ယှဉ်နိုင်တဲ့ Chinese actor/actress သိပ်မရှိ။

ကျိုရှီအန်း လန်ရှီရောင်အတွက် ဝမ်းသာသည်။

သူ့အတွက် ဗလာသက်သက်ဖြစ်နေတဲ့ နှစ်နှစ်အတွက် သူ့မှာ မေးခွန်းများစွာရှိသည်။

အဲဒါကြောင့် ထပ်ပြီး ဝမ်ယုတုန်နာမည်ကို ရှာသည်။

ဝမ်ယုတုန် အဲဒီ့ရုပ်ရှင်ကားကို နောက်ဆုံး မရိုက်ဖြစ်ခဲ့။ ဒါပေမယ့် မရိုက်ဖြစ်ခဲ့တဲ့ အကြောင်းပြချက်က ဒါရိုက်တာဝမ် သူ့ကို အတင်းလူလဲခိုင်းလို့ မဟုတ်ဘဲ "ကိုယ်ရေးကိုယ်တာ အကြောင်းကြောင့်" စိတ်မကောင်းစွာ နှုတ်ထွက်ခဲ့တာ ဖြစ်သည်။ ဒီဇာတ်ရုပ်ကို လွှတ်သွားလို့ ဝမ်ယုတုန်မှာ ထိခိုက်မှု ဘာမှမရှိခဲ့။ တကယ်တမ်းမှာ၊ နှစ်တစ်ဝက်လောက် ငြိမ်နေပြီးနောက် တခြားဇာတ်ကားနည်းနည်းရိုက်လိုက်တော့ သူ့အောင်မြင်မှုက ထိပ်ဆုံးရောက်သွားခဲ့သည်။ ဆုတွေများ တစ်ဆုပြီး တစ်ဆု။ သူ့ကို ရွံ့ရှာမုန်းတီးပေမယ့် သူက မင်းသားလုပ်ဖို့ မွေးဖွားလာတဲ့ အရမ်းအရည်အချင်းရှိတဲ့လူဆိုတာကို ကျိုရှီအန်း ဝန်ခံရမည်။ ဘယ်လို ဘဝရှုထောင့်မျိုးကို မဆို သူ့သရုပ်ဆောင်စွမ်းရည်နဲ့ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သည်၊ ဒါကြောင့်လဲ ရုပ်ရှင်ပိတ်ကားပေါ်မှာကော ပေါင်းသင်းဆက်ဆံရေးပိုင်းမှာပါ အောင်မြင်မှုရသည်။ သူလိုချင်တဲ့ အကျိုးသက်ရောက်မှု ရအောင်လုပ်ယူနို်င်သည်။ ဝမ်ယုတုန်ရဲ့ ဘက်စုံထူးချွန်တဲ့ အရည်အချင်းတွေက တချို့လူတွေ တစ်ဘဝလုံး ကြိုးစားလို့တောင် မရနိုင်တာတွေဖြစ်သည်။

ဝမ်ယုတုန်က အလုပ်မှာသာ အပြည့်အဝအောင်မြင်မှုရတာ မဟုတ်၊ သူ့ဇနီးလောင်းနဲ့လည်း လွန်ခဲ့တဲ့ခြောက်လတုန်းက အောင်အောင်မြင်မြင်လက်ထပ်ပြီးသွားပြီ။ သူ့ဇနီးလောင်းရဲ့ အကြောင်းက လျှို့ဝှက်ချက်ဖြစ်ခဲ့သည်။ လက်ထပ်တဲ့နေ့မတိုင်ခင်အထိ သူ့ဇနီးလောင်းက ယန်ဒဂျန်းရဲ့ တစ်ဦးတည်းသော အချစ်ဆုံးမြေးမလေးဆိုတာကို လူတွေမသိခဲ့။ XX ညီလာခံမှာ အပြောင်းအလဲလုပ်တော့မှာမို့လို့ ယန်းဒဂျန်း ဒီနှစ်ထဲမှာ နေရာကဆင်းရတော့မယ်ဆိုပေမယ့် သူ့အင်အားကို လျှော့တွက်လို့ မရသေး။ သူ့သားကလည်း လက်ရှိ နိုင်ငံရေးလောကမှာ အရမ်းအောင်မြင်နေတဲ့ လူတစ်ယောက်ဆိုတာက ရှိသေးတယ်။ ဝမ်ယုတုန်ကတော့ သစ်ပင်ကြီးကြီးကို တက်မိသွားတာပဲ။ မြင့်မြင့်မားမားဝင့်ဝင့်ကြွားကြွားသစ်ပင်ကြီး။ ဒါကြောင့် အနုပညာလောကထဲက သူ့နေရာကလည်း ပြိုင်ဘက်ကင်းဖြစ်သွားသည်။

ကျိုရှီအန်း ဝမ်ယုတုန်ရဲ့ မာန်တက်နေတဲ့ အပြုံးကိုကြည့်ရင်း မနာလိုဖြစ်မိသည်။

ဝမ်ယုတုန်က တစ်ဘဝလုံး ချောချောမွေ့မွေ့ဖြစ်ခဲ့တယ်လို့ ပြောရမည်၊ ကောင်းတာတွေ ကြုံပြီးရင်း ကြုံရင်း၊ အရမ်းဂုဏ်ယူစရာကောင်းသည်။ သူကတော့ အသေမလှခဲ့တဲ့ ကံမကောင်းတဲ့ ဥတစ်လုံး တစ်ကောင်ကြွက်။

ကျိုရှီအန်း သူ့ကိုယ်သူ အပြစ်တင်တဲ့ အပြုံး ပြုံးမိသည်။ ယန်မင်ရှုကြောင့်သာ မဟုတ်ရင် သူ့ကိုယ်သူ ဝမ်ယုတုန်နဲ့ တစ်သက်လုံး ယှဉ်မိမှာ မဟုတ်။ ဝမ်ယုတုန်ကို ဘယ်နားတွေ့တွေ့ ရပ်ပြီး ခခယယနှုတ်ဆက်နေဦးမှာ။ သူကသာ သူ့ကျရှုံးမှုတွေကို ကြုံရင်ကြုံသလို ဟားတိုက်နေတာ၊ ဝမ်ယုတုန်က သူ့ကိုတောင် မေ့နေလောက်ပြီ။

ကျိုရှီအန်း တုန်တုန်ယင်ယင်နဲ့ search box ထဲမှာ ယန်မင်ရှုနာမည်ကို ရိုက်လိုက်သည်။

ယန်မင်ရှုက သူ အက်ဆီးဒင့်ဖြစ်ပြီး တစ်နှစ်ခွဲအကြာမှာ ကြော်ငြာတစ်ခု စရိုက်သည်။ ငွေအလုံးအရင်းနဲ့ လူသိများအောင်လုပ်တာကြောင့်ကော သူ့ရုပ်ရည်က အရမ်းချောတာကြောင့်ကော အဲဒီ ဆယ့်ငါးစက္ကန့်သာကြာတဲ့ ကြော်ငြာက သူ့ကို အကြီးအကျယ် အောင်မြင်သွားစေသည်။ super star ဖြစ်ဖို့ ခြေ တစ်လှမ်းနှစ်လှမ်းပဲ လှမ်းစရာလိုလိုက်သည်။

ပိုက်ဆံရဲ့ စွမ်းအားက မဖြစ်နိုင်တာမှန်သမျှကို ဖြစ်နိုင်အောင် လုုပ်ပေးသည်။

ယန်မင်ရှုက စကားနည်းသူလည်းဖြစ်သည်။ ကင်မရာရှေ့မှာ ပြုံးတယ်ဆိုတာ အရမ်းရှားသည်။ အမြဲတမ်း အေးစက်စက်မျက်နှာနဲ့ ဖြစ်သည်။ ပရိတ်သတ်တွေကို လက်မှတ်ထိုးပေးတာမျိုး မရှိသလို variety show တွေမှာ ဝင်ပါတာလဲ မရှိ။ သူ့မှာ ကောလဟာလကော လူစိတ်ဝင်စားအောင် ထွင်ထားတဲ့ သတင်းကော မရှိ။ ကြော်ငြာတွေနဲ့ သူနဲ့ လိုက်ဖက်တဲ့ ဇာတ်ရုပ်တချို့မှာ ဝင်သရုပ်ဆောင်တာက လွဲရင် သူဘာမှ မလုပ်။ သူ နာမည်ကြီးအောင် သိပ်အားစိုက်ထုပ်တာမျိုးလဲ မရှိ၊ ဒါပေမယ့် တစ်လျှောက်လုံး နာမည်ကြီးနေခဲ့သည်။

သူ့ကို ချီးကျူးတာကော ရှုံ့ချတာကောက အတူတူလောက်ဖြစ်သည်။ တစ်ချို့လူတွေက သူ့ရဲ့ "အေးတိအေးစက်"ပုံစံလေးကို သေလောက်အောင် ချစ်ကြပြီး တစ်ချို့တွေက ဘာမှမလုပ်တဲ့အတွက် မကောင်းပြောကြသည်။

ဘာဖြစ်ဖြစ် သူက နာမည်ကျော် အိမ်ရှေ့မင်းသားလေးဆိုတာ လူတိုင်းသိသည်။ ဘယ်သူတွေ ဘယ်လိုထင်ထင် သူ့ရှေ့မှာတော့ တစ်ခွန်းမှ မပြောရဲကြ။

ဒီလိုထူးဆန်းတဲ့ နည်းလမ်းနဲ့ ယန်မင်ရှု အနုပညာလောကထဲ ရောက်လာသည်။

Website ပေါ်က အေးစက်စက်မျက်နှာထားနဲ့ ဓါတ်ပုံတွေကိုကြည့်ရင်း ဒီလူက သူနဲ့ မရင်းနှီးတဲ့လူလို့ ခံစားရသည်။

ယန်မင်ရှုက အရင်တုန်းက ခပ်ဆိုးဆိုးဆိုပေမယ့် သူ ရီရီ မောမောနေသေးသည်။ ဝမ်ယုတုန်နဲ့ သူ့အမ လက်ထပ်လိုက်တာက သူ့ကို အရမ်း အထိနာသွားစေတာလား။ ဘာလို့ သူ မင်းသားလုပ်တာလဲ။ ကျိုရှီအန်း သူ့ကို နာမည်ကြီးနိုင်တယ်လို့ နောက်တုန်းက ဒီအလုပ်ကို သူ အထင်သေးတာ သိသာသည်။

ဘာဖြစ်ဖြစ် ဒါတွေက သူနဲ့ဆိုင်တော့တာမှ မဟုတ်တာ။ အခုအချိန်မှာ သူ ပိုက်ဆံ မြန်မြန်ရှာပြီး အကြွေးတွေ ဆပ်ချင်သည်။ ပြီးရင် ချန်ယန်းနဲ့ အိမ်ကောင်းကောင်းတစ်လုံးမှာ နေမယ်။

အိမ်!

ကျိုရှီအန်း သူ့အရင်တုန်းက တိုက်ခန်းကို သတိရသွားသည်။ အဲဒီအိမ်က သူ့မိဘတွေ ထားခဲ့တာ၊ သူ "သေ"သွားတော့ ဘယ်သူ ရသွားလဲ။ အခု ဘယ်သူ့ နာမည်နဲ့လဲ။

သူ ပြန်စဉ်းစားကြည့်သည်။

သူ ဒီအိမ်ကိုရောင်းဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူး၊ အိမ်မှာ သူ့ငယ်ဘဝ အမှတ်တရတွေနဲ့ ပြည့်နေသောကြောင့်ဖြစ်သည်။ သူ့မိဘတွေနဲ့ ပတ်သတ်ပြီး သူ့မှာပိုင်ဆိုင်တဲ့ တစ်ခုတည်းသော ဆက်နွှယ်မှုဖြစ်သည်။

သူ ပျောက်သွားတဲ့နောက် သူ့အိမ်ကို ဘယ်လိုတွေ ဆက်လုပ်ကြမလဲဆိုတာကို တွေးရင်း စိတ်မအေးနိုင်ဖြစ်သွားသည်။

သူ ဒီနေ့ ပြန်သွားပြီး ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ တခြားတစ်ယောက်ရဲ့ အိမ်ဖြစ်သွားပြီဆိုရင်တောင် သူ့မျက်လုံးနဲ့ တပ်အပ်မြင််ရမှ ဖြစ်မည်။

သူ အင်တာနက်ကဖေးကနေ ထွက်လာပြီး သူနေခဲ့ဘူးတဲ့ နေရာနားကို ဘစ်ကားစီးသွားသည်။ သူ ဒီနေရာနဲ့ ရင်းရင်းနှီးနှီးရှိသည်။ သူ့အတွက်တော့ ဒီနေရာကနေထွက်လာတာ ရက်သတ္တပတ် အနည်းငယ်ပဲ ရှိသေးသည်။

ရပ်ကွက်ထဲမှာ အပြောင်းအလဲ နည်းနည်းတော့ ရှိသည်။ ဒါပေမယ့် အရမ်းသိသိသာသာကြီး ပြောင်းလဲသွားတာ တော့မရှိ။ တကယ်တော့ ဒီနေရာက လူနေရပ်ကွက်ဟောင်းပဲလေ။

သူ့တိုက်ထဲကို လမ်းလျှောက်ဝင်သွားသည်။ လှေကားတွေက အရောင်မှိန်ပြီး ဟောင်းနွမ်းသည်၊ ဒါပေမယ့် သူ့အတွက်တော့ ရင်းနှီးကျွမ်းဝင်မှုကြောင့် စိတ်ချမ်းသာစရာ ကောင်းသည်။ သူ ဒီနေရာမှာ ဆက်နေချင်သည်။

လှေကားကနေ အဘိုးအိုတစ်ယောက် ဆင်းလာသည်။ ကျိုရှီအန်း "ဦးလေးကျန်"လို့ လှမ်းခေါ်ဖို့ ပြင်ပြီးမှ အမြန် ဘရိတ်အုတ်လိုက်ရသည်။ သူက အရင်ကျိုရှီအန်း မဟုတ်တော့ဘူးဆိုတာကို သူ့ကိုသူ တစ်ချိန်လုံးသတိပေးနေရသည်။ သူသိတဲ့ လူအများစုက အခုသူ့ကို မသိတော့ဘူး။ သူ့ခန္ဓာကိုယ်ကို မသိကြဘူး။

ဦးလေးကျန်က သူ့ကို စိုက်ကြည့်နေတဲ့ ဒီလူငယ်လေးက ထူးဆန်းတယ်လို့ ထင်သွားပုံရသည်၊ သူ့ကို ယဉ်ကျေးမှုအရ ခေါင်းငြိမ့်နှုတ်ဆက်ပြီး ဖြတ်သွားသည်။

ကျိုရှီအန်း နည်းနည်းနှလုံးခုန် မြန်သွားပြီး တတိယထပ်ရောက်တဲ့အထိ ပြေးတက်လာသည်။ သူ့အခန်းတံခါးဝမှ မတ်တပ်ရပ်လိုက်သည်၊ သူ့အခန်းတံခါးမှာ ဘာမှပြောင်းလဲတာ မရှိဘူး။ ချေးတက်နေတဲ့ ကြေးနီသော့နဲ့ ရှေးဟောင်းတံခါးပဲ ဖြစ်နေသေးသည်။

ကျိုရှီအန်း သူ့ကိုယ်သူ မထိန်းနိုင်ဘဲ လက်ဆန့်ကာ သူ့တံခါးကို ကိုင်ကြည့်မိသည်။ သော့ယူပြီး တံခါးကို ဖွင့်လိုက်ချင်သည်။ ဒီနွေးထွေးတဲ့ အိမ်၊ အမြဲတမ်း သူပြန်အလာကို ဆီးကြိုတဲ့ နေရာ။

ဒါပေမယ့် သူ မဖွင့်ရဲ။

သူ့မှာ ဆွေမျိုးမရှိ။ ဒါကြောင့် အိမ်သော့အပိုကို မီးသတ်ပစ္စည်းသေတ္တာထဲမှာ ထည့်ထားပြီး fire extinguisher ပိုက်ခေါင်းမှာ ဖွက်ထားသည်။ သူ မီးသတ်သေတ္တာကို ချက်ချင်းဖွင့်ပြီး သော့ရှိသေးလားဆိုတာ ကြည့်ချင်သည်။ ဒါပေမယ့် အိမ်ထဲမှာ တစ်ယောက်ယောက်ရှိနေမှာကို စိုးရိမ်သည်။

သူ ချီတုံချတုံဖြစ်နေတုန်း အိမ်ထဲကနေ တံခါးဆီ လျှောက်လာတဲ့ ခြေသံကို ကြားရသည်။

ကျိုရှီအန်း ဘာမှမစဉ်းစားအားပဲ လှေကားဆီကို ပြေးသွားပြီး ပုန်းလိုက်သည်။

ခဏနေတော့ တံခါးပွင့်လာပြီး နေကာမျက်မှန်တပ်ပြီး ဦးထုပ်ဆောင်းထားတဲ့ လူတစ်ယောက် တံခါးကနေ အေးအေးဆေးဆေးထွက်လာသည်။ ပြီးတော့ တံခါးသော့ကို သေချာပိတ်သည်။

ရုပ်ဖျက်ထားပေမယ့် ကျိုရှီအန်းကတော့ တစ်ချက်ကြည့်လိုက်တာနဲ့ ဘယ်သူလဲဆိုတာ သိသည်၊ ယန်မင်ရှု ဖြစ်သည်။

ကျိုရှီအန်း နှလုံးသားကို တစ်ယောက်ယောက်က ဆွဲဆောင့်လိုက်သလို ခံစားရသည်။

Continue Reading

You'll Also Like

34.7K 6.6K 102
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...
380K 9.3K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
2.5M 178K 66
ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ...
436K 10.5K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...