© ကျွန်တော့်မိန်းမကကျွန်တော်သ...

Od xena-bb

1.1M 187K 6.1K

Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozh... Více

Story Intro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13.1
Chapter 13.2
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 25.1
Chapter 25.2
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34 - 1
Chapter 34 - 2
Chapter 35
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38
Chapter 39
Chapter 40.1
Chapter 40.2
Chapter 41
Chapter 42.1
Chapter 42.2
Chapter 42.3
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63.1
Chapter 63.2
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70 (Ending)
ကျေးဇူးတင်လွှာ

Chapter 24

14.9K 3.1K 205
Od xena-bb

[Unicode]

မတရားဘူးဟုခံစားနေရပြီး ကျိုးတုကပြန်ပြောလိုက်သည် " ဒါပေမယ့် ငါလိုချင်တယ် "

ရှယောင်၏မျက်ရည်တွေက ဆာဖျူရစ်အက်ဆစ်အပြင်းစားပါဝင်သလိုမျိုး ကျိုးတု၏လည်ပင်းပေါ်သို့ကျဆင်းနေခဲ့ပြီး ထိုမျက်ရည်တွေက ကျိုးတုကိုလောင်ကျွမ်းနေသည်ဟုထင်ရစေသည်။ သူကရှယောင်ကို မလွှတ်ပေးရဲသလို ငိုနေသည့်ရှယောင်၏မျက်နှာလေးကိုလည်း ကြည့်ဖို့မဝံ့ရဲပေ သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာက ရှယောင်ကိုတင်းတင်းကြပ်ကြပ် ဖက်ထားပေးပြီး လုံးဝမလွှတ်ပေးတော့တာပဲ ဖြစ်တော့သည်။

" ကျိုးတု " ရှယောင်က သူ၏တုန်ရီနေသောအသံဖြင့် ပြောလိုက်သည် " ထပ်ပြောပေးလို့ရမလား "

" ဘာကိုပြောပေးရမှာလဲ " ကျိုးတုကပုံမှန်ပဲ ပြန်ပြောလိုက်သည်။

ရှယောင်မျက်နှာလေးဖြူစုတ်လာသည်။ သူကသူ့ပါးစပ်ကိုဖွင့်လိုက်ပြီး စကားမပြောခင်ခဏလောက်တော့ရပ်နေလိုက်သေး၏။

" မင်း.. မင်းငါ့ကိုကြိုက်တယ်လို့ပြောတာကို ထပ်ပြောပေးလို့မရဘူးလား "

ကျိုးတုကရှယောင်ကို ပိုတိုးပြီးဖက်လိုက်ရင်း သူ့အသံသြသြကြီးဖြင့် ရှယောင် နားကပ်၍ပြောလိုက်သည် " ရှယောင် ငါမင်းကိုကြိုက််တယ် "

" ငါမင်းကိုကြိုက်တယ် ငါတကယ်မင်းကိုကြိုက်တယ် "

" ငါမင်းကိုချစ်တယ် ရှယောင် "

ထိုစကားလုံးများကြားရဖို့ ရှယောင်နှစ်ဘဝလုံးစောင့်ခဲ့ရတာ သူကြားခဲ့တာကိုတောင် သူမယုံနိုင်ဖြစ်နေရသည် သူက ကျိုးတုဖက်ထားသည်ကိုကြိုးစားရုန်းလိုက်ပြီး သူ့အရှေ့ကလူက ကျိုးတုအစစ်ဟုတ်ရဲ့လားဟုစစ်ဆေးလိုက်သေးသည်။

ကျိုးတုက ထိုသို့အတော်ကြာအကြည့်ခံနေရတာကြောင့် ရှက်လာခဲ့သည် ထို့ကြောင့် သူကသူ့ခေါင်းကိုအခြားတစ်ဖက်သို့ ကို့ရို့ကားယား လှည့်ရန်လုပ်လိုက်၏ သို့သော်လည်း ရှယောင် မျက်လုံးထဲကစိတ်ပျက်အားငယ်မှုလေး ဖြစ်သွားသည်ကို မြင်လိုက်ရတော့ ခေါင်းလှည့်မည့်အရေးကိုမလှည့်ပဲနေလိုက်တော့သည်။

ထို့နောက် နှစ်ယောက်လုံးကထိုအခန်းထဲမှာပဲ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း မတ်တပ်ရပ်နေခဲ့ကြသည်။ ပြတင်းပေါက်မှဝင်ရောက်နေသည့်အလင်းတန်းလေးက ရှယောင်၏ ရဲနေသောပါးလေးကိုမကွယ်ဝှက်ပေးထားနိုင်ပေ။

ကျိုးတု၏ပါးလေးတွေကလည်း ရှယောင်၏အကြည့်စူးစူးများကြောင့် နီရဲလို့လာခဲ့သည်။ ကျိုးတုက ရှယောင်ကို မျှော်လင့်နေသောအကြည့်ဖြင့်ကြည့်လိုက်ပြီး ပြောလိုက်သည် " မင်းအလှည့် "

" ဘာကိုလဲ " ရှယောင်ကစိတ်ရှုပ်သွားခဲ့သည်။

" မင်းပြောဖို့အလှည့် "

" ဘာပြောရမှာလဲ "

" ငါ့ကိုကြိုက်တယ်လို့ပြောဖို့လေ " ကျိုးတုကရုတ်တရက်ကြီး စိုးရိမ်လာခဲ့သည်။ " ငါမင်းကိုကြိုက်တဲ့အကြောင်းပြောပြီးပြီလေ အခုမင်းအလှည့် မြန်မြန်ပြော "

ရှယောင် အကြည့်တို့ကနူးညံ့လာခဲ့သည်။ သူ သူ့လက်ကိုမြှောက်လိုက်ပြီး ကျိုးတုပုခုံးလေးကိုကိုင်လျှက် ဘာစကားတစ်လုံးမှမပြောပဲ သူ့နှုတ်ခမ်းလေးနှင့် ကျိုတု နှုတ်ခမ်းလေးကိုဖိကပ်လိုက်သည်။

ကျိုးတု၏မျက်လုံးတို့ ပြူးကျယ်လာခဲ့သည်။ ရှယောင်ဘက်ကစနမ်းသည်ဆိုတာက သူ့စိတ်ထဲတစ်ခါမှမတွေးခဲ့ဖူးသည့်အရာဖြစ်လို့နေခဲ့သည်။

စင်တီမီတာ အနည်းငယ်သာကွာဝေးသည့် ရှယောင်က မျက်လုံးကိုမှိတ်ထားသည် မျက်ခမ်းများကလည်းဖြည်းဖြည်းလေးလှုပ်နေခဲ့သည် ချောမောလွန်းသည့်သူ၏မျက်နှာမှာလည်း အနီရောင်အလွှာပါးလေးတစ်လွှာကရှိလို့နေခဲ့သည်။

ထိုအနမ်းက ကျိုးတုနှလုံးသားလေးကို ငှက်မွှေးဖြင့်တို့နေသလိုမျိုး သူ့ကိုလျှပ်စီး စီးသွားသလိုမျိုး သူ့ခန္ဓာကိုယ်တစ်ခုလုံး အားနည်းခြင်းနှင့်ထုံထိုင်းခြင်းတို့ကကျန်ရှိနေခဲ့သည်။

ထိုအနမ်းကရိုးစင်းပြီး သိပ်လည်းမကြာခဲ့ပါ။ ကျိုးတုဘာမှမလုပ်ရသေးခင် ရှယောင်က ကျိုးတုလည်ပင်းကိုဖက်ထားသည့် သူ့လက်ကိုလွှတ်ပေးလိုက်သည်။

" ငါ " ရှယောင်က နမ်းပြီးနောက်မှ ရှက်လာခဲ့သည်
" ငါလည်းမင်းကိုကြိုက်တယ် ကျိုးတု "

ကျိုးတု နှလုံးခုန်နှုန်းက တစ်မိနစ်ကို 180 အထိမြင့်တက်သွားခဲ့သည်။ သူရှယောင်ကိုကြည့်သည့်အကြည့်တွေက ခွေးလေးတစ်ကောင်အသားတစ်တုံးရှာတွေ့သွားသလိုမျိုးဖြစ်နေခဲ့၏ ထို့နောက်သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည် " ဒါဆိုရင် ငါအခုမင်းကိုနမ်းရင် မင်းစိတ်မဆိုးဘူးမလား "

ရှယောင်ကသူ့ခေါင်းလေးကိုမြန်မြန် နှိမ့်ချလိုက်ပြီး ပြောလိုက်သည် " ငါတို့လေ့ကျင့်ရေးကွင်းထဲ ပြန်သွားသင့်ပြီ "

ကျိုးတုကရှယောင်လက်ကိုဆွဲပြီး ထွက်မသွားအောင်တားလိုက်သည် " မရဘူး မင်းအခုလေးတင်ငါ့ကိုနမ်းသွားတာ ငါလည်းပြန်နမ်းမယ် " ပြီးတော့ သူကဘာမှတောင်မတုံ့ပြန်ရသေးပဲ ရှယောင်ကအခွင့်အရေးယူသွားတာလေ။

ရှယောင်ကအနောက်သို့ဆုတ်ရန်ကြိုးစားလိုက်သော်လည်း သူ့ခါးကိုဆုပ်ကိုင်ထားသည့်လက်ကြောင့် လက်လျော့လိုက်ရသည်။

" မင်းငါ့ကိုနမ်းတယ်လေ အဲ့တော့ မင်းကိုပြန်နမ်းရမှတရားမှာပေါ့ " သူပြောပြီးပြီးချင်းပဲ သူ့နှုတ်ခမ်းကို ရှယောင်နှုတ်ခမ်းပေါ်သို့ ဖိကပ်လိုက်သည်။

ရှယောင်က ထိုအနမ်းကနေ အချိုရောအချဉ်ရော နှစ်မျိုးလုံးခံစားခဲ့ရသည်။ ကျိုးတုအနမ်းကသဘာဝမဟုတ်သောအနမ်းမျိုးဖြစ်သည်။ သူတို့အိပ်ရာထဲရှိသည့်အချိန် ဟိုဟာမလုပ်ခင်ရော လုပ်ပြီးအချိန် မှာပါ အခုလိုမျိုး ကျိုးတုကသူ့ကိုနမ်းတတ်သည်။ သူ့ မျက်လုံး နှာခေါင်း နားရွက် မေးစေ့ နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးပါ ကျိုးတုကနမ်းတတ်သည်။

ရှယောင်ကသူ့မျက်လုံးကိုမှိတ်ထားပြီး အတိတ်ဘဝတုန်းက ကျိုးတုသူ့ကိုဘယ်လိုနမ်းခဲ့လဲဆိုတာ ပုံဖော်ကြည့်နေမိသည် အကျိုးရလဒ်အနေနဲ့ကတော့ သူ့နှုတ်ခမ်းကို သူကိုယ်တိုင်ပဲ မေ့ပြီးဖွင့်ပေးလိုက်မိသည်။

ကျွန်မတို့ရဲ့ကျိုးတုလေးကတော့ နမ်းတယ်ဆိုတာ နှုတ်ခမ်းကိုပဲနမ်းရတာဟုသာသိလေတယ် ပါးစပ်ဖွင့်ပြီးနမ်းရမှန်း သူလုံးဝမသိလေဘူး စိတ်လှုပ်ရှားနေတာကြောင့် သူကရှယောင်ရဲ့ အောက်နှုပ်ခမ်းလေးကိုစုပ်လိုက်တော့တယ်။

ကျိုးတုလုပ်လိုက်တဲ့ပုံက သူတို့၂ယောက်ကြားမှာ ဓာတ်လိုက်သွားသလိုပဲ ဖိုးသိုးဖတ်သတ်ဖြစ်သွားစေတယ် ကျိုးတုဟာ သူ့ရဲ့ရင်တွေခုန်လွန်းလို ပေါက်ထွက်သွားမလိုတောင် ခံစားနေရတယ် ရှယောင်လည်း အဲ့လိုပဲနောက်ဆုံး သူတို့နှစ်ယောက် လူချင်းခွာလိုက်တဲ့အခါ နှစ်ယောက်လုံးဟာ လေကို အသည်းအသန် ရှူနေရတော့တယ်

" လွှတ်...လွှတ်တော့ " ရှယောင်ကတော့ စကားပြောရင်းလျှာတွေတောင်ခလုတ်တိုက်မိနေသည်။ ကျိုးတုကဘာမှမပြော ရှယောင်ကိုသာကြည့်နေလေသည်။

ကျိုးတု ကအရှင်သည်းနေတဲ့ ရှယောင်ကိုသာစိုက်ကြည့်နေသည် ထို့ကြောင့် ရေဘူးတွေယူပြီးမြန်မြန်ထွက်သွားတာက လွတ်မြောက်ဖို့တစ်ခုတည်းသောလမ်းဖြစ်ပေသည်။

ကျိုးတုလုပ်နေတဲ့ပုံက ခွေးအကြီးကြီးတစ်ကောင်ပုံပေါက်နေသည် ရှယောင်သွားလေရာလိုက်ပြီး မေးခွန်းတစ်ခုတည်းကိုသာ ထပ်ခါ ထပ်ခါ မေးနေတော့သည်
" မနက်ဖန်ရော ငါတို့ထပ်နမ်းလို့ရမလား "

" မနက်ဖန်ပြီး နောက်ရက်ရော ငါတို့ထပ်နမ်းလို့ရမလား "

" ငါတို့.... "

" တော်တော့ " ရှယောင် ကျိုးတု၏စကားများကို ရှက်ရှက်နှင့်ဖြတ်ချရတော့သည် " အရင်ဆုံးရေဘူးတွေသယ်ပြီးပြန်မယ် သူများတွေစောင့်နေတယ် "

" အိုခေ " ကျိုးတုကဝမ်းနည်းစွာ ဖြေကြားလိုက်သည်။ သူကလေ့ကျင့်ရေးကွင်း ပြန်ဖို့လမ်းလျှောက်နေသည့်အချိန်မှာတောင်မှ ထိုမေးခွန်းကိုဆက်မေးနေသေး၏ " မနက်ဖန်တကယ်ပဲနမ်းလို့မရဘူးလား "

ရှယောင်ကစိတ်မရှည်ဖြစ်လာခဲ့ပြီး မရေမရာပြန်ဖြေလိုက်၏ " မရဘူး "

မတရားဘူးဟုခံစားနေရပြီး ကျိုးတုကပြန်ပြောလိုက်သည် " ဒါပေမယ့် ငါလိုချင်တယ် "

ရှယောင်က သူ့ကိုယ်သူမြေကြီးထဲဝင်နေချင်လာမိသည် " မေးနေတာ တော်တော့ "

ကျိုးတုကမပျော်မရွှင်ဖြစ်လာသည် သူကရေဘူးတွေကိုင်ထားသည့်ရှယောင်လက်ကို ကိုင်လိုက်ပြီး " ဘာလို့မေးလို့မရတာလဲ ငါမင်းကိုကြိုက်တယ်လေ အဲ့တာကြောင့် ငါမင်းကိုမနက်ဖန် နမ်းချင်တယ် ပြီးတော့ သဘက်ခါရော ငါမင်းကိုနေ့တိုင်းနမ်းချင်တယ် ရှယောင် "

ကျိုးတု၏ဇွဲကောင်းမှုကြောင့် ရှယောင်လည်းပြန်ပြောရတော့သည် " နမ်းလို့ကရတယ် ဒါပေမယ့် မနမ်းခင် အနားမှာဘယ်သူမှမရှိတာသေချာအောင်လည်းလုပ်....... "

ရှယောင်ကသူ့စကားတောင်အဆုံးမသတ်ရသေးခင် ကျိုးတုကသူ့နှုတ်ခမ်းကို နောက်တစ်ကြိမ်ထပ်နမ်းလိုက်သည်။ ထို့နောက် သူတစ်ခုခုကိုအနိုင်ရသွားသလိုမျိုး ပြုံးဖြဲဖြဲမျက်နှာဖြင့် ပြောလိုက်သည် " အခုဒီနေရာမှာဘယ်သူမှမရှိဘူး "

" ကျိုးတု အရူးလုပ်နေတာတော်တော့ " ရှယောင်က ရှက်ရှက်နှင့် ကျိုးတုရင်ဘက်ထဲရေဘူးနည်းနည်းထည့်ပေးလိုက်ပြီး " ငါတို့ဒီမှာနေတာကြာနေပြီ လေ့ကျင့်ရေးကွင်းထဲပြန်သွားမယ် "

ကျိုးတုကပျော်ရွှင်စွာပြန်ပြောလိုက်ပြီး ရှယောင်အနောက်မှတံဆိပ်ကပ်ထားသလို နောက်ကလိုက်လာခဲ့သည်။ သူ၏အမြီးကမိုးကောင်ကင်အထိထောင်နေသလိုမျိုး သူ့ကိုယ်သူလည်းအရမ်းကိုဂုဏ်ယူနေခဲ့သည်။

(T/N: သူတို့နှစ်ယောက်ချစ်တာကို ဘာသာပြန်နေရင်း ဒီကလည်းသွေးအန်နေရပြီ အားပေးစကားလေးပြောသွားကြအုန်း Commemt တွေအများကြီး အများကြီး ပေးကြပါ Translator လေးအားရှိအောင်လို့ ပလိစ့်]


**********************************************

[Unicode]

မတရားဘူးဟုခံစားေနရၿပီး က်ိဳးတုကျပန္ေျပာလိုက္သည္ " ဒါေပမယ့္ ငါလိုခ်င္တယ္ "

ရွေယာင္၏မ်က္ရည္ေတြက ဆာဖ်ဴရစ္အက္ဆစ္အျပင္းစားပါဝင္သလိုမ်ိဳး က်ိဳးတု၏လည္ပင္းေပၚသို႔က်ဆင္းေနခဲ့ၿပီး ထိုမ်က္ရည္ေတြက က်ိဳးတုကိုေလာင္ကြၽမ္းေနသည္ဟုထင္ရေစသည္။ သူကရွေယာင္ကို မလႊတ္ေပးရဲသလို ငိုေနသည့္ရွေယာင္၏မ်က္ႏွာေလးကိုလည္း ၾကည့္ဖို႔မဝံ့ရဲေပ သူလုပ္နိုင္သည့္တစ္ခုတည္းေသာအရာက ရွေယာင္ကိုတင္းတင္းၾကပ္ၾကပ္ ဖက္ထားေပးၿပီး လုံးဝမလႊတ္ေပးေတာ့တာပဲ ျဖစ္ေတာ့သည္။

" က်ိဳးတု " ရွေယာင္က သူ၏တုန္ရီေနေသာအသံျဖင့္ ေျပာလိုက္သည္ " ထပ္ေျပာေပးလို႔ရမလား "

" ဘာကိုေျပာေပးရမွာလဲ " က်ိဳးတုကပုံမွန္ပဲ ျပန္ေျပာလိုက္သည္။

ရွေယာင္မ်က္ႏွာေလးျဖဴစုတ္လာသည္။ သူကသူ႕ပါးစပ္ကိုဖြင့္လိုက္ၿပီး စကားမေျပာခင္ခဏေလာက္ေတာ့ရပ္ေနလိုက္ေသး၏။

" မင္း.. မင္းငါ့ကိုႀကိဳက္တယ္လို႔ေျပာတာကို ထပ္ေျပာေပးလို႔မရဘူးလား "

က်ိဳးတုကရွေယာင္ကို ပိုတိုးၿပီးဖက္လိုက္ရင္း သူ႕အသံၾသၾသႀကီးျဖင့္ ရွေယာင္ နားကပ္၍ေျပာလိုက္သည္ " ရွေယာင္ ငါမင္းကိုႀကိဳက္္တယ္ "

" ငါမင္းကိုႀကိဳက္တယ္ ငါတကယ္မင္းကိုႀကိဳက္တယ္ "

" ငါမင္းကိုခ်စ္တယ္ ရွေယာင္ "

ထိုစကားလုံးမ်ားၾကားရဖို႔ ရွေယာင္ႏွစ္ဘဝလုံးေစာင့္ခဲ့ရတာ သူၾကားခဲ့တာကိုေတာင္ သူမယုံနိုင္ျဖစ္ေနရသည္ သူက က်ိဳးတုဖက္ထားသည္ကိုႀကိဳးစား႐ုန္းလိုက္ၿပီး သူ႕အေရွ႕ကလူက က်ိဳးတုအစစ္ဟုတ္ရဲ႕လားဟုစစ္ေဆးလိုက္ေသးသည္။

က်ိဳးတုက ထိုသို႔အေတာ္ၾကာအၾကည့္ခံေနရတာေၾကာင့္ ရွက္လာခဲ့သည္ ထို႔ေၾကာင့္ သူကသူ႕ေခါင္းကိုအျခားတစ္ဖက္သို႔ ကို႔ရို႔ကားယား လွည့္ရန္လုပ္လိုက္၏ သို႔ေသာ္လည္း ရွေယာင္ မ်က္လုံးထဲကစိတ္ပ်က္အားငယ္မႈေလး ျဖစ္သြားသည္ကို ျမင္လိုက္ရေတာ့ ေခါင္းလွည့္မည့္အေရးကိုမလွည့္ပဲေနလိုက္ေတာ့သည္။

ထို႔ေနာက္ ႏွစ္ေယာက္လုံးကထိုအခန္းထဲမွာပဲ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ရင္း မတ္တပ္ရပ္ေနခဲ့ၾကသည္။ ျပတင္းေပါက္မွဝင္ေရာက္ေနသည့္အလင္းတန္းေလးက ရွေယာင္၏ ရဲေနေသာပါးေလးကိုမကြယ္ဝွက္ေပးထားနိုင္ေပ။

က်ိဳးတု၏ပါးေလးေတြကလည္း ရွေယာင္၏အၾကည့္စူးစူးမ်ားေၾကာင့္ နီရဲလို႔လာခဲ့သည္။ က်ိဳးတုက ရွေယာင္ကို ေမွ်ာ္လင့္ေနေသာအၾကည့္ျဖင့္ၾကည့္လိုက္ၿပီး ေျပာလိုက္သည္ " မင္းအလွည့္ "

" ဘာကိုလဲ " ရွေယာင္ကစိတ္ရႈပ္သြားခဲ့သည္။

" မင္းေျပာဖို႔အလွည့္ "

" ဘာေျပာရမွာလဲ "

" ငါ့ကိုႀကိဳက္တယ္လို႔ေျပာဖို႔ေလ " က်ိဳးတုက႐ုတ္တရက္ႀကီး စိုးရိမ္လာခဲ့သည္။ " ငါမင္းကိုႀကိဳက္တဲ့အေၾကာင္းေျပာၿပီးၿပီေလ အခုမင္းအလွည့္ ျမန္ျမန္ေျပာ "

ရွေယာင္ အၾကည့္တို႔ကႏူးညံ့လာခဲ့သည္။ သူ သူ႕လက္ကိုျမႇောက္လိုက္ၿပီး က်ိဳးတုပုခုံးေလးကိုကိုင္လွ်က္ ဘာစကားတစ္လုံးမွမေျပာပဲ သူ႕ႏႈတ္ခမ္းေလးႏွင့္ က်ိဳတု ႏႈတ္ခမ္းေလးကိုဖိကပ္လိုက္သည္။

က်ိဳးတု၏မ်က္လုံးတို႔ ျပဴးက်ယ္လာခဲ့သည္။ ရွေယာင္ဘက္ကစနမ္းသည္ဆိုတာက သူ႕စိတ္ထဲတစ္ခါမွမေတြးခဲ့ဖူးသည့္အရာျဖစ္လို႔ေနခဲ့သည္။

စင္တီမီတာ အနည္းငယ္သာကြာေဝးသည့္ ရွေယာင္က မ်က္လုံးကိုမွိတ္ထားသည္ မ်က္ခမ္းမ်ားကလည္းျဖည္းျဖည္းေလးလႈပ္ေနခဲ့သည္ ေခ်ာေမာလြန္းသည့္သူ၏မ်က္ႏွာမွာလည္း အနီေရာင္အလႊာပါးေလးတစ္လႊာကရွိလို႔ေနခဲ့သည္။

ထိုအနမ္းက က်ိဳးတုႏွလုံးသားေလးကို ငွက္ေမႊးျဖင့္တို႔ေနသလိုမ်ိဳး သူ႕ကိုလွ်ပ္စီး စီးသြားသလိုမ်ိဳး သူ႕ခႏၶာကိုယ္တစ္ခုလုံး အားနည္းျခင္းႏွင့္ထုံထိုင္းျခင္းတို႔ကက်န္ရွိေနခဲ့သည္။

ထိုအနမ္းကရိုးစင္းၿပီး သိပ္လည္းမၾကာခဲ့ပါ။ က်ိဳးတုဘာမွမလုပ္ရေသးခင္ ရွေယာင္က က်ိဳးတုလည္ပင္းကိုဖက္ထားသည့္ သူ႕လက္ကိုလႊတ္ေပးလိုက္သည္။

" ငါ " ရွေယာင္က နမ္းၿပီးေနာက္မွ ရွက္လာခဲ့သည္
" ငါလည္းမင္းကိုႀကိဳက္တယ္ က်ိဳးတု "

က်ိဳးတု ႏွလုံးခုန္ႏႈန္းက တစ္မိနစ္ကို 180 အထိျမင့္တက္သြားခဲ့သည္။ သူရွေယာင္ကိုၾကည့္သည့္အၾကည့္ေတြက ေခြးေလးတစ္ေကာင္အသားတစ္တုံးရွာေတြ႕သြားသလိုမ်ိဳးျဖစ္ေနခဲ့၏ ထို႔ေနာက္သူက စိတ္လႈပ္ရွားစြာ ေျပာလိုက္သည္ " ဒါဆိုရင္ ငါအခုမင္းကိုနမ္းရင္ မင္းစိတ္မဆိုးဘူးမလား "

ရွေယာင္ကသူ႕ေခါင္းေလးကိုျမန္ျမန္ ႏွိမ့္ခ်လိဳက္ၿပီး ေျပာလိုက္သည္ " ငါတို႔ေလ့က်င့္ေရးကြင္းထဲ ျပန္သြားသင့္ၿပီ "

က်ိဳးတုကရွေယာင္လက္ကိုဆြဲၿပီး ထြက္မသြားေအာင္တားလိုက္သည္ " မရဘူး မင္းအခုေလးတင္ငါ့ကိုနမ္းသြားတာ ငါလည္းျပန္နမ္းမယ္ " ၿပီးေတာ့ သူကဘာမွေတာင္မတုံ႕ျပန္ရေသးပဲ ရွေယာင္ကအခြင့္အေရးယူသြားတာေလ။

ရွေယာင္ကအေနာက္သို႔ဆုတ္ရန္ႀကိဳးစားလိုက္ေသာ္လည္း သူ႕ခါးကိုဆုပ္ကိုင္ထားသည့္လက္ေၾကာင့္ လက္ေလ်ာ့လိုက္ရသည္။

" မင္းငါ့ကိုနမ္းတယ္ေလ အဲ့ေတာ့ မင္းကိုျပန္နမ္းရမွတရားမွာေပါ့ " သူေျပာၿပီးၿပီးခ်င္းပဲ သူ႕ႏႈတ္ခမ္းကို ရွေယာင္ႏႈတ္ခမ္းေပၚသို႔ ဖိကပ္လိုက္သည္။

ရွေယာင္က ထိုအနမ္းကေန အခ်ိဳေရာအခ်ဥ္ေရာ ႏွစ္မ်ိဳးလုံးခံစားခဲ့ရသည္။ က်ိဳးတုအနမ္းကသဘာဝမဟုတ္ေသာအနမ္းမ်ိဳးျဖစ္သည္။ သူတို႔အိပ္ရာထဲရွိသည့္အခ်ိန္ ဟိုဟာမလုပ္ခင္ေရာ လုပ္ၿပီးအခ်ိန္ မွာပါ အခုလိုမ်ိဳး က်ိဳးတုကသူ႕ကိုနမ္းတတ္သည္။ သူ႕ မ်က္လုံး ႏွာေခါင္း နား႐ြက္ ေမးေစ့ ႏွင့္ သူ႕ခႏၶာကိုယ္တစ္ခုလုံးပါ က်ိဳးတုကနမ္းတတ္သည္။

ရွေယာင္ကသူ႕မ်က္လုံးကိုမွိတ္ထားၿပီး အတိတ္ဘဝတုန္းက က်ိဳးတုသူ႕ကိုဘယ္လိုနမ္းခဲ့လဲဆိုတာ ပုံေဖာ္ၾကည့္ေနမိသည္ အက်ိဳးရလဒ္အေနနဲ႕ကေတာ့ သူ႕ႏႈတ္ခမ္းကို သူကိုယ္တိုင္ပဲ ေမ့ၿပီးဖြင့္ေပးလိုက္မိသည္။

ကြၽန္မတို႔ရဲ႕က်ိဳးတုေလးကေတာ့ နမ္းတယ္ဆိုတာ ႏႈတ္ခမ္းကိုပဲနမ္းရတာဟုသာသိေလတယ္ ပါးစပ္ဖြင့္ၿပီးနမ္းရမွန္း သူလုံးဝမသိေလဘူး စိတ္လႈပ္ရွားေနတာေၾကာင့္ သူကရွေယာင္ရဲ႕ ေအာက္ႏႈပ္ခမ္းေလးကိုစုပ္လိုက္ေတာ့တယ္။

က်ိဳးတုလုပ္လိုက္တဲ့ပုံက သူတို႔၂ေယာက္ၾကားမွာ ဓာတ္လိုက္သြားသလိုပဲ ဖိုးသိုးဖတ္သတ္ျဖစ္သြားေစတယ္ က်ိဳးတုဟာ သူ႕ရဲ႕ရင္ေတြခုန္လြန္းလို ေပါက္ထြက္သြားမလိုေတာင္ ခံစားေနရတယ္ ရွေယာင္လည္း အဲ့လိုပဲေနာက္ဆုံး သူတို႔ႏွစ္ေယာက္ လူခ်င္းခြာလိုက္တဲ့အခါ ႏွစ္ေယာက္လုံးဟာ ေလကို အသည္းအသန္ ရႉေနရေတာ့တယ္

" လႊတ္...လႊတ္ေတာ့ " ရွေယာင္ကေတာ့ စကားေျပာရင္းလွ်ာေတြေတာင္ခလုတ္တိုက္မိေနသည္။ က်ိဳးတုကဘာမွမေျပာ ရွေယာင္ကိုသာၾကည့္ေနေလသည္။

က်ိဳးတု ကအရွင္သည္းေနတဲ့ ရွေယာင္ကိုသာစိုက္ၾကည့္ေနသည္ ထို႔ေၾကာင့္ ေရဘူးေတြယူၿပီးျမန္ျမန္ထြက္သြားတာက လြတ္ေျမာက္ဖို႔တစ္ခုတည္းေသာလမ္းျဖစ္ေပသည္။

က်ိဳးတုလုပ္ေနတဲ့ပုံက ေခြးအႀကီးႀကီးတစ္ေကာင္ပုံေပါက္ေနသည္ ရွေယာင္သြားေလရာလိုက္ၿပီး ေမးခြန္းတစ္ခုတည္းကိုသာ ထပ္ခါ ထပ္ခါ ေမးေနေတာ့သည္
" မနက္ဖန္ေရာ ငါတို႔ထပ္နမ္းလို႔ရမလား "

" မနက္ဖန္ၿပီး ေနာက္ရက္ေရာ ငါတို႔ထပ္နမ္းလို႔ရမလား "

" ငါတို႔.... "

" ေတာ္ေတာ့ " ရွေယာင္ က်ိဳးတု၏စကားမ်ားကို ရွက္ရွက္ႏွင့္ျဖတ္ခ်ရေတာ့သည္ " အရင္ဆုံးေရဘူးေတြသယ္ၿပီးျပန္မယ္ သူမ်ားေတြေစာင့္ေနတယ္ "

" အိုေခ " က်ိဳးတုကဝမ္းနည္းစြာ ေျဖၾကားလိုက္သည္။ သူကေလ့က်င့္ေရးကြင္း ျပန္ဖို႔လမ္းေလွ်ာက္ေနသည့္အခ်ိန္မွာေတာင္မွ ထိုေမးခြန္းကိုဆက္ေမးေနေသး၏ " မနက္ဖန္တကယ္ပဲနမ္းလို႔မရဘူးလား "

ရွေယာင္ကစိတ္မရွည္ျဖစ္လာခဲ့ၿပီး မေရမရာျပန္ေျဖလိုက္၏ " မရဘူး "

မတရားဘူးဟုခံစားေနရၿပီး က်ိဳးတုကျပန္ေျပာလိုက္သည္ " ဒါေပမယ့္ ငါလိုခ်င္တယ္ "

ရွေယာင္က သူ႕ကိုယ္သူေျမႀကီးထဲဝင္ေနခ်င္လာမိသည္ " ေမးေနတာ ေတာ္ေတာ့ "

က်ိဳးတုကမေပ်ာ္မ႐ႊင္ျဖစ္လာသည္ သူကေရဘူးေတြကိုင္ထားသည့္ရွေယာင္လက္ကို ကိုင္လိုက္ၿပီး " ဘာလို႔ေမးလို႔မရတာလဲ ငါမင္းကိုႀကိဳက္တယ္ေလ အဲ့တာေၾကာင့္ ငါမင္းကိုမနက္ဖန္ နမ္းခ်င္တယ္ ၿပီးေတာ့ သဘက္ခါေရာ ငါမင္းကိုေန႕တိုင္းနမ္းခ်င္တယ္ ရွေယာင္ "

က်ိဳးတု၏ဇြဲေကာင္းမႈေၾကာင့္ ရွေယာင္လည္းျပန္ေျပာရေတာ့သည္ " နမ္းလို႔ကရတယ္ ဒါေပမယ့္ မနမ္းခင္ အနားမွာဘယ္သူမွမရွိတာေသခ်ာေအာင္လည္းလုပ္....... "

ရွေယာင္ကသူ႕စကားေတာင္အဆုံးမသတ္ရေသးခင္ က်ိဳးတုကသူ႕ႏႈတ္ခမ္းကို ေနာက္တစ္ႀကိမ္ထပ္နမ္းလိုက္သည္။ ထို႔ေနာက္ သူတစ္ခုခုကိုအနိုင္ရသြားသလိုမ်ိဳး ၿပဳံးၿဖဲၿဖဲမ်က္ႏွာျဖင့္ ေျပာလိုက္သည္ " အခုဒီေနရာမွာဘယ္သူမွမရွိဘူး "

" က်ိဳးတု အ႐ူးလုပ္ေနတာေတာ္ေတာ့ " ရွေယာင္က ရွက္ရွက္ႏွင့္ က်ိဳးတုရင္ဘက္ထဲေရဘူးနည္းနည္းထည့္ေပးလိုက္ၿပီး " ငါတို႔ဒီမွာေနတာၾကာေနၿပီ ေလ့က်င့္ေရးကြင္းထဲျပန္သြားမယ္ "

က်ိဳးတုကေပ်ာ္႐ႊင္စြာျပန္ေျပာလိုက္ၿပီး ရွေယာင္အေနာက္မွတံဆိပ္ကပ္ထားသလို ေနာက္ကလိုက္လာခဲ့သည္။ သူ၏အၿမီးကမိုးေကာင္ကင္အထိေထာင္ေနသလိုမ်ိဳး သူ႕ကိုယ္သူလည္းအရမ္းကိုဂုဏ္ယူေနခဲ့သည္။

(T/N: သူတို႔ႏွစ္ေယာက္ခ်စ္တာကို ဘာသာျပန္ေနရင္း ဒီကလည္းေသြးအန္ေနရၿပီ အားေပးစကားေလးေျပာသြားၾကအုန္း Commemt ေတြအမ်ားႀကီး အမ်ားႀကီး ေပးၾကပါ Translator ေလးအားရွိေအာင္လို႔ ပလိစ့္]


**********************************************



Pokračovat ve čtení

Mohlo by se ti líbit

232K 35K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
1.2M 62.1K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
32.9K 4.3K 13
Author(s) 曳萝 Status in COO 66 Chapters (Complete) Type Web Novel (CN) Genre Comedy ,Fantasy, Romance, Shounen Ai Associated Name Transmigrated as a S...
32.6K 2.5K 39
BOOK-2 #Eng tran-Kuaikan Comics #Credit to the origin #Translated by Daisy🌼🌼🌼