© ကျွန်တော့်မိန်းမကကျွန်တော်သ...

By xena-bb

1.1M 187K 6.1K

Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozh... More

Story Intro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13.1
Chapter 13.2
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25.1
Chapter 25.2
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34 - 1
Chapter 34 - 2
Chapter 35
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38
Chapter 39
Chapter 40.1
Chapter 40.2
Chapter 41
Chapter 42.1
Chapter 42.2
Chapter 42.3
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63.1
Chapter 63.2
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70 (Ending)
ကျေးဇူးတင်လွှာ

Chapter 18

16.2K 2.7K 31
By xena-bb

[Unicode]

ကျိုးတုဆုံးဖြတ်ချက်တစ်ခုချလိုက်သည်


အခန်းထဲကိုပြန်ဝင်သွားပြီးနောက် ကျိုးတုက ရှယောင်ခုံနားကဖြတ်သွားသည့်အချိန် ရှယောင်ဘက်သို့အကြည့်တစ်ချက်လှမ်း၍ပို့လိုက်သေးသည်။

ကျောင်းဆင်းတော့ ဝမ်ဟောင်ကကျိုးတုဆီသို့တန်းလာပြီး ပြောလိုက်တယ် " ငါ့အမေကငါ့ကိုအသေအချာမှာလိုက်တယ် ကျောင်းဆင်းရင်မင်းကိုအိမ်ရောက်အောင်ပြန်ပို့ပေးလိုက်တဲ့ ဒါပေမယ့် ကျန်းရှီဝမ်အခုပဲပြောသွားတာ ကျောင်းဆင်းရင်မင်းကိုလာရှာမယ်ဆို အဲ့တော့ငါဘာလုပ်ရမလဲ "

ကျိုးတုရဲ့အာရုံတွေအားလုံးကသူ့ရှေ့က ရှယောင်တစ်ယောက်ထဲဆီသာအလုံးစုံကျရောက်နေခဲ့သည် သူ့ရှေ့တွင် ရှယောင်နှင့်အန်းဖန်ဖန် နှစ်ယောက်အတူတူရပ်ပြီး တစ်ချိန်ထဲနှစ်ယောက်အတူတူထွက်သွားသည်ကိုသူမြင်နေရသည်။

" ဒီနေ့မင်းလေ့ကျင်းရေးဆင်းဖို့မရှိဘူးလား " ကျိုးတုကခေါင်းမော့လိုက်ပြီး သူ့ဘေးတွင်မတ်တပ်ရပ်နေတဲ့ ဝမ်ဟောင်ကိုမေးလိုက်သည်။

" ရှိတယ် ဒါပေမယ့်မင်းကိုအိမ်အရင်ပြန်ပို့ပြီးမှ ကျောင်းကိုပြန်လာဖို့စီစဥ်ထားတာ ဒါရိုက်ဘာကိုခေါ်ပြီးကျောင်းလာခေါ်ခိုင်းတာကိုမင်းအဖေကမကြိုက်ဘူးမလား ငါပဲအလုပ်နည်းနည်းပိုလုပ်ပေးရမှာပေါ့ "

" မလိုဘူး ငါလည်းမင်းနဲ့လေ့ကျင့်ရေးကွင်းထဲလိုက်ခဲ့မယ် " ကျိုးတုကပြန်လှည့်ပြီးပြောလိုက်သည်။

" မရဘူး မင်းကဒီလိုပုံစံနဲ့တောင်အခုထိလေ့ကျင့်ချင်နေတုန်းပဲလား " ဝမ်ဟောင်အံ့သြတကြီးမေးလိုက်သည်။

ကျိုးတုကသူ့ကိုငတုံးဟူသောအကြည့်တစ်ချက်ပေးလိုက်ပြီး " ငါကမင်းလေ့ကျင့်ပြီးတဲ့အချိန်ထိစောင့်မှာလေ ပြီးမှအိမ်အတူပြန်မယ် "

ဝမ်ဟောင်ကရယ်လိုက်သည် " မင်းက ငါ့ကိုစောင့်ချင်တယ်သာပြောတာ အမှန်တော့ ကျန်းရှီဝမ်ကိုစောင့်ချင်တာမလား "

ကျိုးတုမျက်နှာကပိုမှောင်မဲလာခဲ့ပြီး သတိပေးသံနှင့်ဝမ်ဟောင်ကိုပြောလိုက်သည် " ကျန်းရှီဝမ်ကိုငါစိတ်မဝင်စားဘူး နောက်တစ်ကြိမ် မဟုတ်တာတွေထပ်ပြောရဲပြောကြည့် မင်းကိုငါမထိုးဘူးလို့မထင်နဲ့ "

" ဟုတ်ပါပြီ ဟုတ်ပါပြီ " ဝမ်ဟောင်က ကျိုးတုခြေထောက်တွေကိုကူညီပေးလိုက်ရင်း " ဒါကသက်သက်နောက်ရုံလေးပါပဲကွာ "

ကျိုးတုကသူ့ကိုလုံးဝဂရုမစိုက်တော့ပဲ နှစ်ယောက်သားလေ့ကျင့်ရေးကွင်းထဲသို့သာထွက်သွားလိုက်ကြသည်။

ရှယောင်နှင့်အန်းဖန်ဖန်သည်လည်းလေ့ကျင့်ရေးကွင်းထဲအတူတူရှိနေကြသည်။ မနေ့ကရှယောင်တာဝန်ကျတော့ အန်းဖန်ဖန်ကကူညီပေးသည် ဒီနေ့ကျောင်းပြီးတော့လည်း သူတို့နှစ်ယောက်ကိုအတူတူတွေ့ရပြန်သည် ကျိုးတုသိသည် ဒီနေ့ကရှယောင် အန်းဖန်ဖန်ကိုလိုက်ကူညီပေးတာဖြစ်လိမ့်မည်။

ကျိုးတုကကွင်းထဲကပွဲကြည့်စင်ပေါ်ကခုံတစ်ခုမှာထိုင်လိုက်ပြီး ရှယောင်နဲ့အန်းဖန်ဖန်တို့နှစ်ယောက်ရေဘူးတွေဝေပေးနေတာကိုကြည့်နေလိုက်သည် အန်းဖန်ဖန်ကချိုမြိန်သောအပြုံးလေးဖြင့် ရှယောင်ကိုရေဘူးကမ်းပေးလိုက်သည် ရှယောင်ကလည်းပြန်ပြုံးပြပြီး ခေါင်းလေးကိုညိတ်ပြလျှက်ရေဘူးကိုလက်ခံလိုက်ပြီး ပုလင်းအဖုံးကိုဖွင့်သည်။

ကျိုးတုမျက်ခုံးရိုးတွေကိုကြုံ့ထားလိုက်ပြီး သူ့လွယ်အိတ်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည် သူ့ဘေးနားရောက်လာသည့် ကျန်းရှီဝမ် ကိုတောင်အာရုံမစိုက်နိုင်ခဲ့ပေ။

" နင့်ဆီကသဝန်တိုတဲ့အခိုးအငွေ့တွေဟိုးအဝေးကြီးကတောင်ရတယ် အဲ့ကောင်မလေးကနင်ကြိုက်နေတဲ့သူပဲဖြစ်ရမယ် " ကျန်းရှီဝမ်က ကျိုးတုဘေးကခုံကိုချလိုက်ပြီး ထိုင်လိုက်သည်။

ကျန်းရှီဝမ်ရုတ်တရက်ရောက်လာမှုက ကျိုးတုကိုလန့်သွားစေခဲ့သည် သူကဘေးနားကသူမကိုလှည့်ကြည့်ခြင်းမရှိပဲ သာမန်ကာလျှံကာဖြင့်ပြန်ပြောလိုက်သည် " နင်ဘာတွေပြောနေမှန်းငါမသိဘူး ဒီကိုဘာလာလုပ်တာလဲ "

ကျန်းရှီဝမ်ကသက်ပြင်းချလိုက်ပြီး " ငါပြောခဲ့တယ်လေ ငါတို့ရဲ့နှင်းဆီခိုင်ကြီးကြိုက်တဲ့ကောင်မလေးကဘယ်သူလဲသိချင်ပါတယ်လို့ အခုတော့ငါရှာတွေ့ခဲ့ပြီလေ " သူက သူ့ရဲ့မေးစေ့ကိုမပြီး အန်းဖန်ဖန်ရှိရာနေရာသို့ညွှန်ပြလိုက်သည် " အဲ့ကောင်မလေးမလား "

" မဟုတ်ဘူး " ကျိုးတုကတစ်ခုခုကိုစိတ်အနှောင့်အယှက်ဖြစ်နေသည့်ပုံဖြင့်ပြောလိုက်သည်။

" နင့်မျက်နှာအမူအရာကနင့်ကိုသစ္စာဖောက်နေတယ်ကျိုးတု နင်သူတို့ကိုကြည့်တဲ့အချိန်မျက်လုံးကြီးကမီးဝင်းဝင်းတောက်နေတာ နင်မသိဘူးလား " ကျန်းရှီဝမ်ကပြုံးလိုက်ပြီး " တကယ်ပဲနင့်ကိုအဲ့လိုလူလို့မထင်ခဲ့ဘူးကျိုးတု တခြားသူတွေကိုနင်ဖွင့်မပြောနိုင်တာကိုကြည့်ရသလောက် တစ်ဖက်သက်အချစ်ပဲမလား ဟမ် "

ကျန်းရှီဝမ်က သူ့ရဲ့အဓိကအချက်ကိုပြောလိုက်တော့ကျိုးတုအမူအရာကစိတ်ဓာတ်ကျသွားသည့်ပုံဖြစ်သွားသည် သူအခုရှယောင်ကိုချစ်နေမိသော်လည်း သူ့အနေနဲ့ဘယ်လိုဖွင့်ပြောရမှန်းမသိဖြစ်နေရသည် အဘယ့်ကြောင့်ဆိုသော် ထိုလူသားကသူ့ကိုထပ်ပြီးမကြိုက်တော့ပါဘူးဟုရှင်းရှင်းလင်းလင်းကြီးကိုပြောထားခဲ့သည်မဟုတ်ပါလား

" ဝိုး အဓိကအချက်ကိုငါပြောမိသွားပြီလား " ကျန်းရှီဝမ်ကအံ့သြသွားခဲ့သည်။

ကျိုးတုကစိတ်ဆိုးမာန်ဆိုးဖြင့်ပြောလိုက်သည် " နင်ဘာမှနားမလည်ပဲ မပြောနဲ့ "

ထိုအကွာအဝေးမှာပဲ အန်းဖန်ဖန်ကသူ့ခေါင်းကိုလှည့်လိုက်သည့်အချိန် တစ်ယောက်ဘေးနားတစ်ယောက်ကပ်ရပ်ထိုင်နေသည့် ကျိုးတုနှင့်ကျန်းရှီဝမ်ကိုမြင်သွားခဲ့သည် သူမကမတတ်နိုင်စွာပဲပြောလိုက်သည် " သူတို့ကအရမ်းလိုက်တာပဲနော် "

ရှယောင်လည်းသူကြည့်နေသည့်နေရာလိုက်ကြည့်မိတော့ အကြည့်စူးစူးတစ်ခုကိုမြင်လိုက်ရသည် သူအထိန်တလန့်နဲ့သူ့ခေါင်းကိုပြန်ငုံ့လိုက်မိသည်။

" တစ်ခြားနေရာသွားရအောင် " ရှယောင်ကသူ့လက်မောင်းနဲ့ရေဘူးအနည်းငယ်ကိုပိုက်လိုက်သည်။

အန်းဖန်ဖန်ကနားထောင်လိုက်ပြီး ပြုံးလိုက်သည် " အိုခေ တတိယလူမဖြစ်ကြစို့ " သူမကရှယောင်နောက်ကလိုက်ပြီးတစ်ခြားနေရာသို့ထွက်သွားလိုက်သည်။

ကျိုးတုကသူတို့နှစ်ယောက်ကို စူပုတ်ပုတ်မျက်နှာနှင့်ကြည့်နေလိုက်သည်။

" အင်း ဒါကနင့်ပုံစံတော့မဟုတ်သေးဘူးနော် " ကျန်းရှီဝမ်လည်း ထွက်ခွာသွားသည့်အန်းဖန်ဖန်နှင့်ရှယောင်တို့ နောက်ကျောကိုကြည့်နေရင်းပြောလိုက်သည် " ဒီမှာပဲထိုင်နေပြီး လဒမှိုင်မှိုင်နေလို့ဘာထူးမှာလဲ ဘာလို့သူ့ကိုစကားသွားမပြောရတာတုန်း အငြင်းခံရမယ် နောက်ဆုတ်ပေးရမယ်ဆိုရင်တောင် နင်ဒီမှာဘာမှမလုပ်ပဲထိုင်နေတာထက်တော့ပိုကောင်းသေးတယ် "

" အသုံးမဝင်ဘူး " ကျိုးတုကစိတ်ပျက်အားလျော့စွာပြောလိုက်သည် " သူငါ့ကိုမကြိုက်ဘူးလို့ ပြောထားပြီးသား "

" အမ်? " ကျန်းရှီဝမ်ခေါင်းမူးသွားခဲ့သည် ထို့နောက်စိုက်ကြည့်လျှက် " အဲ့တော့နင်ကအငြင်းခံရပြီးတာတောင်ဒီနေ့ဒီကိုလာသေးတယ် "

ကျိုးတုကမျက်မှောင်ကြုတ်ထားလျှက် ကျန်းရှီဝမ်ကိုကြည့်လိုက်သည် နောက်ဆုံးတော့ သူ့အစာအိမ်ထဲကထွက်လာသည့်မေးခွန်းကိုမေးလိုက်တော့သည် " နင်စဥ်းစားကြည့်စမ်း လူတစ်ယောက်ကဒီနေ့ကျကြိုက်တယ်ပြောပြီး နောက်ရက်ကျမကြိုက်တော့ဘူးလို့ပြောတယ် အဲ့တာသူကဘာဖြစ်ချင်နေတာလဲ? သူတို့ကဘယ်လိုတောင်မြန်မြန်ပြောင်းလဲနိုင်ကြတာလဲ "

ကျန်းရှီဝမ်ထိုစကားကိုကြားပြီးနောက် ခဏလောက်တော့သူကျိုးတုကိုစိုက်ကြည့်နေလိုက်သည် " နင်တစ်ယောက်ယောက်ကိုများစိတ်ဆိုးအောင်လုပ်မိသေးလား? ကြည့်ရသလောက်ငါပြောနိုင်တာတော့ နင့်ကိုရန်စချင်လို့ပြောတာများလား "

" စိတ်ဆိုးတာ " ကျိုးတုကကျန်းရှီဝမ်ကိုကြည့်လိုက်ပြီး ငြင်းချက်ထုတ်လိုက်သည် " ဒါပေမယ့် ငါတောင်ဘာမှမလုပ်ရသေးဘူး သူကဘာကိုစိတ်ဆိုးနေတာလဲ "

ကျန်းရှီဝမ်မျက်လုံးကထူးဆန်းသည့်အရိပ်အရောင်များပြောင်းသွားသည် " စိတ်ဆိုးတာပေါ့ ဘာလို့ဆိုနင်ဘာမှမလုပ်လို့လေ ငါနင့်ကိုမေးပါရစေအုံး ကျောင်းဆင်းရင် နင်သူ့ကိုစောင့်ပြီးအိမ်ကိုအတူတူလမ်းလျှောက်ပြန်လား? အတန်းပြီးရင်ရော အတူတူထိုင်ပြီးစကားပြောပေးလား? အထူးနေ့တွေမှာတောင် လက်ဆောင်လေးတွေနင်မပေးဘူးလား? "

ကျိုးတုအလေးအနက်ဖြင့်ခေါင်းယမ်းပြသည်။

ကျန်းရှီဝမ်ကဆက်ပြောသည် " ဒါ့ကြောင့်ပဲနင့်ကိုတခြားသူကစိတ်ဆိုးတာပေါ့ နင်တစ်ယောက်ယောက်ကိုကြိုက်ရင် အဲ့တစ်ယောက်နဲ့အချိန်တိုင်းအတူမနေချင်ဘူးလား? နင့်ကိုရန်စဖို့အတွက်နဲ့ သူကနင့်ကိုမကြိုက်ဘူးလို့ပြောရတာပေါ့ ငါပြောတဲ့အတိုင်းသာလုပ် ဘာပြဿနာမှရှိလာမှာမဟုတ်ဘူး "

ကျိုးတုကသူ့ခေါင်းလေးကိုငုံ့ပြီးစဥ်းစားလိုက်သည် ရှယောင်နဲ့နေ့တိုင်းအိမ်အတူပြန်ဖို့ဆိုတာကမဖြစ်နိုင် ဘာလို့လဲဆိုတော့သူ့ခြေထောက်ကထိခိုက်ထားတယ်လေ အတန်းပြီးရင်သူနဲ့စကားပြောရမယ် ဒါပေမယ့်သူကအတန်းပြီးတိုင်းစာဖတ် ဒါမှမဟုတ်လည်း အိမ်စာလုပ်နေတာလေ အနှောင့်အယှက်သွားပေးသလိုဖြစ်နေမှာပေါ့ လက်ဆောင်သေးသေးလေးတွေဆိုရင်ရော ကျိုးတုအတွက်ပိုတောင်ခက်ခဲသေးသည် ဘာပေးလို့ပေးရမှန်းသူမှမသိပဲလေ။

သူကသူစဥ်းစားရသမျှကျန်းရှီဝမ်ကိုပြောပြလိုက်သည်။

ကျန်းရှီဝမ်ကပြန်မဖြေခင်နည်းနည်းလောက်စဥ်းစားလိုက်ပြီး " သူ့အဆင့်ကတော့နင့်လောက်ကောင်းမှာမဟုတ်ဘူး ဟုတ်တယ်မလား? ငါမှတ်မိသလောက်နင်က နင်တို့အခန်းထဲမှာပထမပဲလေ "

ကျိုးတုကခေါင်းညိတ်ပြသည်။

" ဒါဆိုအဆင်ပြေပြီ အတန်းပြီးတာနဲ့နင်ကသူ့ကို အိမ်စာတွေကူလုပ်ပေးလိုက် ဒါဆိုရင်အနှောင့်အယှက်ပေးတာမဖြစ်တော့ဘူး လက်ဆောင်အတွက်ကကျတော့ " ကျန်းရှီဝမ်ကခဏလောက်ရပ်လိုက်ပြီး " ဒါတော့ငါကူညီမပေးနိုင်တော့ဘူး လူတိုင်းကအကြိုက်တစ်မျိုးစီရှိကြတာလေ နင်သူ့သူငယ်ချင်ကို သူဘာတွေကြိုက်တတ်လဲမေးခိုင်းကြည့်ပါလား သေချာပေါက်နင်မေးခိုင်းတယ်ဆိုတာတော့မသိစေနဲ့ပေါ့ "

ကျိုးတုစိတ်ရှုပ်လာခဲ့သည်။

ကျန်းရှီဝမ်ကသက်ပြင်းချလိုက်ပြီးပြောသည် " လက်ဆောင်ဆိုတာနှလုံးသားကလာတာ သူဘာကြိုက်လဲနင်မသိရင်တောင် နင်တိတ်တိတ်လေးစုံစမ်းသင့်တယ် မဟုတ်ရင် သူသိသွားတာနဲ့နင့်ကိုစိတ်ဆိုးလိမ့်မယ် "

" အဲ့တာကတကယ်ပဲရန်စကားဟုတ်ပါ့မလား " ကျိုးတုအခုထိမယုံနိုင်သေး အဘယ့်ကြောင့်ဆိုသော် သူရှယောင်နှင့်အချိန်တိုင်းနီးကပ်နေခဲ့သည် ရှယောင်ကြည့်ရတာအရမ်းကိုအဆင်ပြေနေသည့်ပုံပင် သူ့ကိုအလွန်မုန်းတီးနေသည့်ပုံလည်းမပေါ်

" ငါပြောတာသာအရင်လုပ်လိုက်စမ်းပါ " ကျန်းရှီဝမ်ပုံစံကအလွန်ကယုံကြည်ချက်ရှိနေသည့်ပုံပင် " ဘယ်လိုလုပ်လူတစ်ယောက်ကတစ်ရက်ပြီးနောက်နေ့မကြိုက်တော့ဘူးဆိုတာဖြစ်နိုင်မှာလဲ အချစ်ကအဲ့လိုအရှုံးပေးလွယ်တဲ့ဟာဆိုရင်လေ ဒီကမ္ဘာပေါ်မှာအချစ်ကြောင့်ဒုက္ခရောက်နေတဲ့အရူးတွေဘာလို့ရှိနေတော့မှာလဲ "

ကျိုးတုကတော့သူမပြောတာနည်းနည်းအဓိပ္ပါယ်ရှိသည်ဟုခံစားလိုက်ရသည်။

ရှယောင်က အန်းဖန်ဖန်နှင့်အကွာအဝေးတစ်ခုခြားပြီးမတ်တပ်ရပ်နေသည် ကျိုးတုကသူ့မျက်လုံးကိုပင့်ပြီး ထိုနှစ်ယောက်ကိုကြည့်လိုက်သည် ထို့နောက် သူ့နှလုံးသားလေးကနေလျို့ဝှက်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တော့သည်။



♥_______________________________♥





[Zawgyi]





















































♥_______________________________♥













Continue Reading

You'll Also Like

218K 36K 63
||Completed|| novelတော်တော်များများမှာဆို Mlကmcရဲ့ ပုံစံအမှန်ကိုပဲ အရင်တွေ့ကြတာများပြီး ဒီတစ်ခါတော့ mlအထင်မှား ကောက်ချက်ချတဲ့ဟာလေးပါ🤣 novelတော်တော်မ...
33.6K 3.4K 6
အရမ်း​ဖြောင့်​တယ်​။ အရမ်းဖြောင့်တယ်။
345K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
440K 10.6K 86
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."