လူစားထိုး သရုပ်ဆောင် (transla...

By LoveULou

872K 116K 5.5K

(Zawgyi versionလည္း ရွိပါတယ္၊ Profile မွာ ၀င္ရွာၾကည့္ပါ) ကျိုရှီအန်း ဒုတိယအကြိမ် ရှင်သန်ခွင့်ရခြင်းဟာ ဘုရားသခ... More

အခန်း ၁ - နိုးထခြင်း
အခန်း ၁ အဆက်
အခန်း ၂ - ချိုင်ဝေနှင့် ပြန်လည်တွေ့ဆုံခြင်း
အခန်း ၃ - အကြွေး ဘယ်လောက်ရှိလဲ
အခန်း ၄ - ဓါတ်လှေကား၌ တွေ့ဆုံခြင်း
အခန်း ၅ - လွန်ခဲ့သော သုံးနှစ်ကို နောက်ကြောင်းပြန်ခြင်း
အခန်း ၆ - မိတ်ဆက်ခြင်း၊ ကျွန်တော့်နာမည်က...
အခန်း ၇ - ခင်ဗျားအိမ်ကို သွားမယ်
အခန်း ၈ - နှစ်ယောက်လုံးက....
အခန်း ၉ - ကျိုရှီအန်းအိမ်မှာ တည်းခိုခြင်း
အခန်း ၁၀ - ချိန်းပြီး ညစာစားခြင်း
အခန်း ၁၁ - 0 ဖြစ်ခြင်း (M)
အခန်း ၁၂ - မိသားစုတစ်ခု လိုချင်မိခြင်း
အခန်း ၁၃ - ရုပ်ရှင်ရိုက်ကွင်း
အခန်း ၁၄ - ကျိုရှီအန်းကို ပိုင်ဆိုင်စိတ်
အခန်း ၁၅ - မနေချင်တဲ့ မိသားစုတွေ့ဆုံပွဲ
အခန်း ၁၆ - ယန်မင်ရှုကို သူနဲ့အတူနေဖို့ ဖိတ်ခေါ်ခြင်း
အခန်း ၁၇ - အိမ်ပြောင်းလာခြင်း
အခန်း ၁၈ - လန်ရှီးရောင်ကို ကြိုဆိုပွဲ
အခန်း ၁၉ - ယန်မင်ရှု သဝန်တိုနေသည်
အခန်း ၂၀ - မင်းကို ပိုးလို့ရမလား
အခန်း ၂၁ - ကျဉ်းထဲကြပ်ထဲရောက်ခြင်း
အခန်း ၂၂ - ယန်မင်ရှုချက်တဲ့ ဂဏန်းဟင်း
အခန်း ၂၃ - ရိုက်ကွင်းပေါ်က တင်းမာမှုများ
အခန်း ၂၄ - ဝမ်ယုတုန် မိသွားခြင်း
အခန်း ၂၅ - ပထမဆုံးအကြိမ် စကားများခြင်း
အခန်း ၂၆ - ငါက ဘာမှမဟုတ်တဲ့ကောင်
အခန်း ၂၈ - တောင်းပန်ခြင်း
အခန်း ၂၉ - ယန်မင်ရှု မိသားစုအကြောင်း သိရှိခြင်း
အခန်း ၃၀ - ကျိုရှီအန်းအပေါ် အမြင်ပြောင်းလာခြင်း
အခန်း ၃၁ - ဝမ်နှစ်ယောက် (ဂျို)ဝှေ့ကြသောအခါ
အခန်း ၃၂ - ဝမ်ယုတုန်ကို အပြစ်လုပ်မိခြင်း
အခန်း ၃၃ - ဝမ်ယုတုန်ရဲ့ အစားထိုးဖြစ်ကြောင်း သိရခြင်း
အခန်း ၃၄ - ကျိုရှီအန်းကို မလွှတ်ပေးချင်ဘူး
အပိုင်း ၃၅ - အဆုံးမသတ်သေးဘူး
အခန်း ၃၆ - ရန်ပွဲ... ဝမ်ယုတုန်ရဲ့ တောင်းဆိုမှု
အပိုင်း ၃၇ - အိမ်မှာ
အခန်း ၃၈ - မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားခြင်း
အခန်း ၃၉ - နောက်ဆုံးဖုန်းcall
Extra 1: ယန်မင်ရှုဘက်က အမြင်
အခန်း ၄၀ - ချိုင်ဝေရဲ့ သတိပေးစကား
အခန်း ၄၁ - အတိတ်ကို ပြန်ရှာဖွေခြင်း
အခန်း ၄၂ - အလုပ် ပိုလိုအပ်ခြင်း
အခန်း ၄၃ - Game Video Clip လူရွေးပွဲ
အခန်း ၄၄ - ကျွန်တော့်နာမည် ကျိုရှီအန်း
အခန်း ၄၅ - အမွှာအကြောင်း သူဘယ်လိုသိလဲ
အခန်း ၄၆ - လန်ရှီရောင်နဲ့ ပြန်တွေ့ခြင်း
အခန်း ၄၇ - ယန်မင်ရှုနဲ့ ကြော်ငြာ
အခန်း ၄၈ - ကျိုရှီအန်း မသေသေးဘူး
အခန်း ၄၉ - ကိုယ့်အိမ်ကို ကိုယ်ပြန်ခိုးဝင်ခြင်း
အခန်း ၅၀ - လူမိခါနီး
အခန်း ၅၁ - ဖောက်ထွင်းမှုအကြောင်း ကျိုရှီအန်းကို ပြောပြခြင်း
အခန်း ၅၂ - ဝမ်ယုတုန်ရဲ့ စတန့်သမား ထပ်လုပ်ရန်
အခန်း ၅၃ - ဇာတ်ကားမှာပါရန် ယန်မင်ရှု တောင်းဆိုခြင်း
အခန်း ၅၄ - မင်းက gay လား
အခန်း ၅၅ - မူးနေတဲ့ ယန်မင်ရှုဆီက အနမ်း
အခန်း ၅၆ - သူ့ကို ဘယ်သူ ကူညီနိုင်မလဲ
အခန်း ၅၇ - အသည်းအသန် ငွေလိုအပ်ခြင်း
အခန်း ၅၈ - ယန်မင်ရှုနဲ့ သွားတွေ့ခြင်း
အခန်း ၅၉ - ကမ်းလှမ်းချက်
အခန်း ၆၀ - ချန်ယင်းကို အယုံသွင်းခြင်း
အခန်း ၆၁ - အိမ်အသစ်ရှာခြင်း
အခန်း ၆၂ - စိတ်လှုပ်ရှားနေတဲ့ ကျိုရှီအန်း
အခန်း ၆၃ - နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့ ရှားပါးညတစ်ည
အခန်း ၆၄ - အံ့သြတုန်လှုပ်စရာကောင်းတဲ့ တိုက်ဆိုင်မှုတွေ

အခန်း ၂၇ - လက်မလျှော့ချင်သေးဘူး

9.5K 1.5K 15
By LoveULou

ကျိုရှီအန်း မနေနိုင်တော့ဘဲ ဟော်တယ်တစ်ခုရှာပြီး ညအိပ်လိုက်သည်။ သူ႔အိမ်ကနေ သူက ကန်ထုပ်ခံလိုက်ရသလိုမျိုး ဖြစ်နေသည်။

နောက်နေ့ နေ့လည်အထိအိပ်ပြီးတော့ နိုးလာတော့ ဗိုက်ဆာနေပြီ။

အိပ်ရာက နိုးပြီးတော့ မရင်းနှီးတဲ့ ဟော်တယ်အိပ်ရာပေါ်မှာ အကြာကြီးထိုင်ပြီး မနေ့ကအကြောင်းကို ပြန်စဉ်းစားဖြစ်သည်။ စဉ်းစားလေ ခေါင်းကိုက်လေဖြစ်သည်။

သူ ခြေလက်သန့်စင်ပြီးတော့ အောက်ထပ်ကိုဆင်းလာပြီး check out လုပ်သည်။ အချိန်က နေ့လည်ပိုင်း လူအစည်ဆုံး အချိန်ဖြစ်သည်။ သူ ဟော်တယ်ကနေ ထွက်လာတော့ နေရောင်က သူ့မျက်လုံးထဲကို ဝင်လာသည်။ ရာသီဥတုက သာယာနေပေမယ့် သူ့စိတ်ထဲမှာတော့ အုံ့ဆိုင်းနေသည်။

သူ ကားပေါ်မှာ အကြာကြီးထိုင်နေပြီးတော့ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

သူအိမ်ကို မပြန်ဘဲ နေလို့မရ၊ ဘာပဲဖြစ်ဖြစ် ရှောင်နေတာက အကျိုးမရှိ။

သူ မနေ့က ယန်မင်ရှုနဲ့ ရန်ဖြစ်ခဲ့တာကို နောင်တရသည်။ ယန်မင်ရှု ဒေါသကြီးတာကို သိရဲ့သားနဲ့ သူကပါ လိုက်ပြီး ဒေါသထွက်မိခဲ့သည်။ ဒါပေမယ် သူ မနေ့က တကယ် စိတ်မထိန်းနိုင်ခဲ့။ ပြီးတော့ ယန်မင်ရှု နောက်ပိုင်းပြောတဲ့စကားတွေက သူ့ကို ပိုပြီး ဒေါသထွက်စေသည်။

သူ အရမ်းဒေါသထွက်ရုံသာမက အရမ်းလည်း ဝမ်းနည်းသည်။

ဒါပေမယ့် သူ စိတ်တည်ငြိမ်သွားတဲ့အချိန်မှာ ပြန်တွေးကြည့်လိုက်တော့ သူ့ဘက်ကစပြီး ယန်မင်ရှုနဲ့ လမ်းမခွဲချင်သေးဘူး။ ဒီ relationship မှာ သူအများကြီး ပုံအောထားတာ။ ဘယ်လိုလုပ်ပြီး သူ့ဘက်က ဒီလောက်လွယ်လွယ်ကူကူနဲ့ နောက်ဆုတ်နိုင်မှာလဲ။ ယန်မင်ရှုက သူ့ကို မချစ်ဖူးဆိုရင်တောင် သူ့ဘက်က ယန်မင်ရှုကို ချစ်နေတာကို မရပ်တန့်နိုင်။

ဒါကြောင့် သူအိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။ ယန်မင်ရှု အိမ်မှာရှိရင် သူ ယန်မင်ရှုနဲ့ အေးအေးဆေးဆေး စကားပြောမည်။ သူတို့နှစ်ယောက်ကြားမှာ အထင်လွဲနေတာ တစ်ခုရှိတာကို သူသိသည်။ သူတို့စကားပြောပြီးရင်တော့ အဲဒီ့အထင်လွဲနေတာ ပြေပျောက်သွားနိုင်လောက်သည်။

သူကားကို အိမ်ဘက်ပြန်မောင်းလာသည်။ ဒါပေမယ့် ယန်မင်ရှုက အိမ်မှာမရှိ။

သူ အိမ်ထဲကို ဝင်ဝင်ချင်း ကြမ်းပြင်ပေါ်ကျနေတဲ့ ဖုန်းကို လှမ်းမြင်ရသည်။ သူ ဖုန်းဆီကို လျှောက်သွားပြီး ကောက်လိုက်သည်။ screen ကွဲနေပေမယ့် စက်ကတော့ ကောင်းသေးတယ်။ screen က အက်ရာတွေများလွန်းလို့ သေချာမမြင်ရတော့ပေမယ့် missed call တွေ အများကြီးဝင်ထားတာကိုတော့ မြင်နေရသေးသည်။

ကျိုရှီအန်း သူ့ဖုန်းကို အားသွင်းပြီး လန်ရှီရောင်ကို ဖုန်းခေါ်ဖို့လုပ်သည်။ ဖုန်းခေါ်နေရင်းနဲ့မှ လန်ရှီရောင်ဖုန်းက သူ့လက်ထဲမှာရှိနေတာကို သတိရသွားသည်။

သူ လန်ရှီရောင်ရဲ့ဖုန်းကို ဒီတိုင်းပဲ အိမ်ကိုယူလာခဲ့မိတာ။ လန်ရှီရောင်လို အလုပ်များတဲ့လူတစ်ယောက်ဆီကို ဖုန်းcall တွေများကြီးဝင်ပြီး အဲဒီ့ထဲမှာ အရေးကြီးတဲ့ ကိစ္စတွေလည်း အများကြီးပါမှာ သေချာသည်။ သူ့ကြောင့် အလုပ်တွေ ဘယ်လောက်တောင် နှောင့်နှေးသွားမလဲ မသိ။

သူ ချိုင်ဝေ့ကို မြန်မြန်ဖုန်းခေါ်ပြီး လန်ရှီရောင်ရဲ့ assistant ဖုန်းနံပါတ်ကို မေးသည်။ assistant ကနေတစ်ဆင့် လန်ရှီရောင်ကို ဖုန်းခေါ်သည်။

"ဟဲလို၊ အကိုရှီအန်းလား။" လန်ရှီရောင်အသံက နည်းနည်း အံ့သြနေပုံပေါက်သည်။

"ရှီရောင်၊ ဆောရီးကွာ။ မင်းရဲ့ဖုန်း ကိုယ့်ဆီမှာ။"

"အမ်။"

"ကိုယ်မင်းကို မနေ့က ပြန်လိုက်ပို့တော့ မင်းဖုန်း ကြမ်းပြင်ပေါ်ကျနေတာကို၊ တို့နှစ်ယောက်ကိုင်တဲ့ ဖုန်းအမျိုးအစားကတူနေတော့၊ ကိုယ့်ဖုန်းလို့ထင်ပြီး ယူလာမိတာ။ ကိုယ်သေချာ ဂရုမစိုက်မိလို့ ဖုန်းကွဲသွားတယ်။"

လန်ရှီရောင် စိတ်သက်သာရာ ရသွားပုံရသည်။ "အော်၊ တော်သေးတာပေါ့။ ဖုန်းက အရေးမကြီးဘူး၊ ဖုန်းထဲက နံပါတ်တွေနဲ့ အချက်အလက်တွေကပဲ အရေးကြီးတာ။ တစ်ယောက်ယောက်သာ ကောက်ရသွားရင် ပြဿနာ တက်ပြီပဲ။"

"ဆောရီး။ ကိုယ်မနေ့က ခေါင်းရှုပ်သွားတယ်။ မင်းဘယ်မှာလဲ၊ ကိုယ် ဖုန်းအသစ်တစ်လုံးဝယ်ပြီး ပို့ပေးလိုက်မယ်။"

"မလိုပါဘူး၊ အကိုရှီအန်း။ ကျွန်တော် ဖုန်းကို ချက်ချင်းပြန်မရလည်း အဆင်ပြေတယ်။ ကျွန်တော် အကို့အိမ်ကို လာယူလိုက်မယ်.... ဒါမှမဟုတ် ကျွန်တော်တို့ တစ်နေရာမှာ တွေ့ပြီးပေးလို့ကော အဆင်ပြေလား။ အကို ကျွန်တော့်ကို အသစ်ဝယ်ပေးစရာမလိုဘူး။ ကျွန်တော့်မှာ ပရိတ်သတ်တွေပေးထားတဲ့ ဖုန်းတွေ အများကြီးရှိတယ်။ သုံးလို့တောင် မကုန်ဘူး။"

ကျိုရှီအန်း အားနာနေသည်။ "ဒါပေမယ့် ကိုယ့်ကြောင့် ကွဲသွားတာကို။"

"ကျွန်တော် တကယ်မလိုဘူး အကိုရှီအန်း။ ကျွန်တော့်အိမ်မှာ ဖုန်းတွေ အများကြီးမှ အများကြီးရှိတယ်။ ကျွန်တော့်အတွက် ဖုန်းဝယ်ပေးလည်း အပိုပဲ။ ကျွန်တော် အထဲက ကဒ်ပဲ ပြန်လိုတာ။ အဲ့ဒါကြောင့်၊ ကျွန်တော်တို့ အရင်က သွားနေကျ ကော်ဖီဆိုင်မှာ တွေ့ကြမလား။"

"ဟုတ်ပြီလေ၊ အဲ့မှာတွေ့ကြမယ်။"

ကျိုရှီအန်း ရေချိုးပြီး တစ်ခုခုစားပြီးတော့ သူ့အိမ်နဲ့ သိပ်မဝေးတဲ့ ကော်ဖီဆိုင်ကို ကားမောင်းသွားသည်။ သူ အချိန်မှီပဲ ရောက်သွားသည်။

သူ ထိုင်ပြီး မကြာခင်ပဲ လန်ရှီရောင် ရောက်လာသည်။ လန်ရှီရောင်က မနေ့က တွေ့ခဲ့တဲ့ အဝတ်အစားအတိုင်းပဲ ရှိသေးသည်။ နေကာမျက်မှန်အမဲကြီးနဲ့ လည်စည်းကို ပါးစပ်ပါအုပ်အောင် စည်းထားပြီး သူ့မျက်နှာကို သေချာမမြင်ရ။ သေချာ အနားကပ်မကြည့်ရင် ဘယ်သူလဲ သိမှာမဟုတ်။

အဲဒီ့အချိန် ကော်ဖီဆိုင်ထဲမှာ လူနည်းနည်းပဲရှိသည်။ သူတို့နှစ်ယောက် လူရှင်းတဲ့ ထောင့်တစ်ထောင့်မှာ ထိုင်သည်။ လန်ရှီရောင်က ထိုင်ပြီးတော့ သူ့မျက်မှန်နဲ့ လည်စည်းကို ချွတ်သည်။ ပတ်ဝန်းကျင်ကို သက်တောင့်သက်သာ ကြည့်ပြီးတော့ သက်ပြင်းချသည်။ "ဒီနေရာက ဘာမှ မပြောင်းလဲသေးဘူး။"

"အင်း။" လန်ရှီရောင် အရင်တုန်းက ဒီဆိုင်နဲ့ သိပ်မဝေးတဲ့နေရာမှာ နေသည်။ သူငှားနေတဲ့အိမ်က အင်တာနက်မရှိလို့ အင်တာနက်သုံးဖို့ ဒီကော်ဖီဆိုင်ကို ခဏခဏလာလေ့ရှိသည်။ ကျိုရှီအန်းလည်း သူနဲ့အတူတူ ဒီမှာ လာယောင်နေတတ်သည်။ အခုတော့ သူနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ လန်ရှီရောင်က အရမ်းနာမည်ကြီးနေပြီ၊ လူတွေ သူ့ကို မှတ်မိသွားမှာကို ကျိုရှီအန်း စိုးရိမ်သည်။

ကျိုရှီအန်း သူ့ကို ဖုန်းလှမ်းပေးပြီးတော့ ထပ်တောင်းပန်သည်။ "ကိုယ် တောင်းပန်ပါတယ်။ ဖုန်းက ဒီပုံစံဖြစ်အောင်ကို ကွဲသွားတာ။ ကိုယ် မနေ့က တော်တော်မူးသွားလို့ပါ။"

လန်ရှီရောင် ရီသည်။ "ရပါတယ်၊ အကိုရှီအန်း။ ဒီနေ့မနက် ကျွန်တော်နိုးတော့ ဖုန်းကို ရှာလို့မတွေ့လို့ တော်တော် စိတ်ပူသွားတာ။ ဖုန််းက အကို့ဆီမှာမို့လို့ တော်သေးတယ်။ တခြားတစ်ယောက်သာ ကောက်ရသွားရင် သေချာပေါက် ပြဿနာ တက်မှာ။"

ကျိုရှီအန်း သူ့ကို စသည်။ "ဘယ်လိုတက်မှာလဲ၊ အဖော်အချွတ် ဓါတ်ပုံတွေ ရှိလို့လား။"

"အဲ့ဒါမျိုး မရှိပါဘူး။ ဒါပေမယ့် အတင်းအဖျင်းတွေ အများကြီးရှိတယ်။"

ကျိုရှီအန်း နှမြောတဲ့ ပုံလုပ်လိုက်သည်။ "ဖုန်း screen က တော်တော်ကွဲနေလို့ ကိုယ်မကြည့်လိုက်ရဘူး၊ နှမြောစရာကွာ။"

လန်ရှီရောင် ရီသည်။ "အကိုရှီအန်း၊ အကိုကြည့်လည်း ဘာမှမဖြစ်ဘူး။ အကိုက ယုံကြည်ရတဲ့လူဆိုတာ ကျွန်တော် ပြောရဲတယ်။"

ကျိုရှီအန်း ပြုံးသည်။ "ကိုယ့်ကြောင့် မင်းအလုပ်တွေ အရမ်းနှောင့်နှေးသွားတာမျိုးတော့ မရှိဘူးမှတ်လား။"

"မရှိဘူး။ ကျွန်တော့် assistant က ဒီနေ့ ကျွန်တော့်ကို ဆက်သွယ်လို့မရလို့ အိမ်ကို လိုက်လာပြီး နှိုးတယ်။ အကိုရှီအန်း၊ အကို တော်တော်ရက်စက်တယ်၊ မနေ့က ကျွန်တော့်ကို ကြမ်းပြင်ပေါ်မှာ ပစ်ထားခဲ့တယ်။"

"မင်းက မူးမှ မမူးတာ။"

"ဒါပေမယ့်လည်း ကျွန်တော့်ကို ကြမ်းပြင်ပေါ်တော့ ပစ်ချမထားခဲ့နဲ့လေ၊ ဆိုဖာပေါ်လောက်တော့ တင်ပေးခဲ့ပေါ့။"

ကျိုရှီအန်း စကားပြောဖို့ ပါးစပ်ဟလိုက်ချိန်မှာပဲ စားပွဲထိုးနှစ်ယောက် ရောက်လာပြီး တိုးတိုးလေးမေးသည်။ "လန်ရှီရောင်လား မသိဘူး။"

လန်ရှီရောင် သူတို့ကို မော့ကြည့်ပြီးတော့ ပြုံးပြသည်။

မိန်းကလေးနှစ်ယောက် မျက်နှာရဲသွားပြီး စကားတွေတောင် ထစ်ကုန်သည်။ "တကယ်၊ တကယ်။ ညီမတို့ကို auto ထိုးပေးပါ။"

လန်ရှီရောင် သူတို့ပေးတဲ့ စာအုပ်ကိုယူပြီး လက်မှတ်မြန်မြန်ထိုးပေးလိုက်ပြီးတော့ နူးနူးညံ့ညံ့ပြုံးပြသည်။ "အချောလေးတွေ၊ ကိုယ် ကိုယ့်သူငယ်ချင်းနဲ့ ခဏလောက် စကားပြောချင်လို့ ကိုယ်တို့ကို ထပ်မနှောင့်ယှက်ပါနဲ့နော်။"

"ဟုတ်ကဲ့။ ကျေးဇူးပါ။" သူတို့နှစ်ယောက် မြန်မြန်ပြန်သွားကြသည်။

ကျိုရှီအန်း ရီသည်။ "မင်း ဒီလိုနေ့မျိုးရှိလာလိမ့်မယ်လို့ ကိုယ် မထင်ထားဘူး။"

လန်ရှီရောင်လည်း ရီသည်။ "ကျွန်တော်လည်း တစ်နှစ်ကျော်လောက်တုန်းက ပိုက်ဆံထောင့်ငါးရာထဲနဲ့ လေယဉ်ပေါ်တက်သွားတုန်းက ဒီလိုဖြစ်လာမယ်လို့ မထင်ထားဘူး။ အဲဒီ့အချိန်တွေတုန်းက အကိုရှိလို့တော်သေးတယ်။ မဟုတ်ရင် ကျွန်တော်တစ်ယောက်ထဲ ဘေဂျင်းမှာ ဘယ်လောက်တောင် အဆင်မပြေဖြစ်လိုက်မလဲ။"

သူတို့နှစ်ယောက် ကော်ဖီမွှေးမွှေးကို သောက်ရင်းနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေကို အေးဆေးပြောကြသည်။ တစ်ချက်တစ်ချက် ထရီကြပြီး တစ်ခါတစ်လေ စိတ်မကောင်းဖြစ်ရသည်။ ဒီတစ်ခေါက်က သူတို့နှစ်ယောက် ပြန်တွေ့ပြီးကတည်းက ပထမဆုံးအကြိမ် သင့်သင့်မြတ်မြတ်နဲ့ ထိုင်ပြီး စကားပြောဖြစ်ခြင်းဖြစ်သည်။ တောင်းပန်တာလည်းမပါ၊ ကြိုးစား၊ဟန်ဆောင်တာလည်းမပါ၊ ရန်ဖြစ်တာလည်း မပါဘဲနဲ့ မိတ်ဆွေဟောင်းတွေလို စိတ်အေးလက်အေးနဲ့ စကားတွေချည်းပဲ ပြောဖြစ်သည်။

သူတို့နှစ်ယောက် သုံးနာရီနီးပါးလောက် စကားပြောပြီးတော့ လန်ရှီရောင်ရဲ့ဖုန်း မြည်လာသည်။ သူက ဖျော်ဖြေရေးအစီအစဉ်တွေပါတဲ့ ညစာစားပွဲတစ်ခုကို သွားဖို့ရှိတယ်လို့ ပြောသည်။ ဒါပေမယ့် သူ ကျိုရှီအန်းကို နှုတ်မဆက်ချင်သေးဘူးဖြစ်နေသည်။ ကျိုရှီအန်းကို ညစာစားပွဲကို လိုက်ခဲ့ဖို့တောင် ပြောသည်။

ကျိုရှီအန်း စိတ်ထဲမှာ အကြောင်းအရာတွေအများကြီး ရှိနေသေးသည်။ အပျော်အပါးလုပ်ချင်စိတ် မရှိတာကြောင့် ငြင်းပြီး သူတို့နှစ်ယောက် လမ်းခွဲလိုက်သည်။

ကျိုရှီအန်း အိမ်ပြန်ရောက်တော့ ယန်မင်ရှု ပြန်မရောက်သေးတာကို တွေ့ရသည်။ သူ ချီတုံချတုံအကြိမ်ကြိမ်ဖြစ်ပြီးတော့မှ ယန်မင်ရှုကို ဖုန်းခေါ်လိုက်သည်။ ဒါပေမယ့် မထင်ထားဘဲ ယန်မင်ရှုရဲ့ဖုန်းက ပိတ်ထားသည်။

သူ စိတ်ရှုပ်ရှုပ်နဲ့ ဖုန်းကို ဘေးကို ပစ်ချလိုက်သည်။ သူကြိုးစားတာတွေ အရာမထင်ဘူးလို့ ခံစားရပေမယ့်လည်း သူစိတ်တော့ ပူနေသေးသည်။ မနေ့ကကိစ္စကြောင့် ယန်မင်ရှု သူနဲ့လမ်းခွဲသွားမှာကို သူစိတ်ပူသည်။ သူ ဒီလောက်လွယ်လွယ်နဲ့ လက်မလျှော့ချင်။

Continue Reading

You'll Also Like

217K 33K 83
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
380K 9.3K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
2.5M 178K 66
ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ...
227K 37.2K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .