Destiny

By ShoonLaeYiNaing

1.7M 111K 4K

Cover by _ Colourful crafts ရှိန်းထက်နိုင် ညီမင်းယံ နေမင်းထက်သာ သန့်စင် More

Intro
Ep_1
Ep_2
Ep _ 3
Ep_4
Ep_5
Ep_6
Ep_7
Ep_8
Ep_9
Ep_10
Ep_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_21
Ep_22
Ep_23
Ep_24
Ep_25
Ep_26
Ep_ 27
Ep_28
Ep_29
Ep_30
Ep _31 (ဇာတ်သိမ်း )
Ep_32
Ep_33
Ep_34
Ep_35
Ep_36
Ep_37
Ep_38
Ep_39
Ep_40 (Final )
Extra_1
Extra_2
Meeting 😷
Trip Special - 1
Trip Special-2
Trip Special _ 3
Bonus Chapter _ 1
Bonus Chapter _ 2
✉✉
1.
3.
4.
5.
6.
7.
8.
9.
10.
11.
12.
13.
14.
15.
16.
17.
18.
19.
20.
21.
22.
23.
24.
25.
26.
27.
28.
29.
30.
31. ဇာတ်သိမ်း
32.
33.
34.
35.
36.
37.
38.
39.
40. Final
Eng translation!

2.

18.7K 1.4K 21
By ShoonLaeYiNaing

Destiny !
Ep_2

ကံတရား ဆိုတာ သိပ်ဆန်းကြယ်တယ်ဗျ ခင်များတို့ ယုံမလားတော့ မသိဖူး ။
အချစ်ဆိုတာက ပိုပြီး ဆန်းကြယ်တယ်လို့ ထင်တယ် ။

* ချစ်ခြင်းတရားတွေတိုင်းတော့ happy ending ဖြစ်ချင်မှဖြစ်လိမ့်မယ် *

ပြောရမယ်ဆိုရင် ကံတရားက
စီမံသလိုပေါ့ဗျာ သူ့သဘောပေါ့ .....။

ဒါပေမယ့် လူသားတိုင်းတော့ အချစ်နဲ့ထိတွေ့တတ်ကြတာပဲ ။ အဲ့အချစ်က ပျော်ရွှင်ရသည်ဖြစ်စေ နာကျင်ရသည်ဖြစ်စေ အနည်းဆုံးတော့ ကြည်နူးကြရတာဘဲ !

မြှားနတ်မောင်တို့ ဖူးစားရေးနတ်တို့ ရှိတယ်ဆိုတာတော့ ကျွန်တော် သိပ်မယုံချင်ဘူး ။

အချစ်ရေးမှာ ကံမကောင်းတဲ့သူတွေအတွက်ကျတော့ မြှားနတ်မောင်က ဘက်လိုက်သလို ဖြစ်နေမှာပေါ့ မဟုတ်ဘူးလား ??

>>>>>>>>>>>>>>>>>>>>>>>>

"ညီမင်းယံ ဟိုကောင်မလေးနဲ့မင်း အင်္ကျီအရောင်တူတယ် ကြည့်စမ်း soul mate တွေများလား "

"တော်စမ်းပါကွာ မင်းတို့ ငါ့ကို ဘာလို့ လူတိုင်းနဲ့ လိုက်ပေးစားနေကြတာလဲကွာ "

"မင်းကလည်း "

"မစကြပါနဲ့တော့ကွာ ငါ့မှာ ချစ်ရတဲ့သူရှိနေပြီကွ "

"ဘာ ! တကယ် ? ဘယ်သူလဲ ဘယ်ကလဲ "

"ဖြည်းဖြည်းအော်ပါကွ  မပြောပြဘူးကွာ လုံးဝပဲ "

"မင်းကွာ bff တွေမှ မပြောပြရင် ဘယ်သူ့သွားပြောပြမလဲ မပြောချင်နေပေါ့ကွာ ကိုယ့်ဘာသာ သိရတဲ့တစ်နေ့ မင်းသေဖို့သာပြင်ထား  "

"အဟက် မင်းတို့မသိစေရဘူး "

အဲ့ကောင်တွေက အဲ့လိုပဲ ။ ကျွန်တော့်ကိုဆို တွေ့သမျှ မိန်းကလေးတွေနဲ့ လိုက်ပေးစားနေတာ ။

အမြင်ကတ်လာလို့
ချစ်ရမည့် သူရှိပြီ ဘာညာပြောလိုက်တာ တကယ်တမ်းကတော့ .... အင်း... မရှိပါ ။

ကျွန်တော့်ကို ရင်ခုန်အောင် လုပ်နိုင်သည့် သူဆိုလို့ မရှိသလောက် ... အဲ...

အဲ့အကြည့်စူးစူးတွေ ဟာကွာ ရင်ခုန်ပြန်ပြီလား ကျွတ်စ် မဖြစ်နိုင်တာ !

* စင်ဒရဲလားက ဘာလို့ အဲ ရှိန်းက ဘာလို့ အတန်းရှေ့က ဖြတ်သွားတာလဲ *

အဲ ရှိန်း လို့ခေါ်လိုက်မိပြန်တာလား ?

ဟာ ကျွန်တော် ဘာတွေ ဖြစ်နေတာလဲ ။

* အဲ့တာ အထီးပါဆို စိတ်ထိန်းစမ်း ညီမင်းယံ ! *

ထူးဆန်းသည် ...  ရှိန်းထက်နိုင်ကို တွေ့တိုင်း မျက်လုံး အကြည့်က သူ့ဆီက ခွာလို့မရတော့ ။ မျက်လုံးချင်း ဆုံရင် သူ့အကြည့်တွေက သိပ်ကို အင်း တစ်မျိုးကြီး ... အဲ့တာကြောင့် ကြောက်လို့ ရင်ခုန်တာဖြစ်မှာပါ ။

"မင်း ... မင်း ဟေ့ကောင် ညီမင်းယံ မင်း ဟိုနေ့က စင်ဒရဲလားကို ကြွေသွားတာများလား ? "

"အာ သန့်စင် ! မင်းဘာတွေပြောနေတာလဲ
ပေါက်တကရတွေ ငါက straight ကွ သူတောင်းဇားရဲ့ "

"မင်းအဲ့အကိုကြီး အတန်းရှေ့က ဖြတ်သွားတာကို လိုက်ကြည့်နေတာ မျက်လုံးတောင် ကျွတ်ကျတာ့မယ်ကို "

"တော်စမ်းကွာ ဆရာမလာပြီ တိတ်တော့ "

"အေးပါကွာ လက်ပူးလက်ကြပ်မိလို့ကတော့ မင်းမလွယ်ဘူးမှတ် "

"ကျွတ်စ် "

ဟာ ဒုက္ခပါပဲ ... သန့်စင်ဆိုသည့် ကောင်က လူအကဲခတ် သိပ်တော်တာ ။

ချက်ချင်းကို ရိပ်မိတာ .... အဲ မဟုတ်သေးပါဘူး ။

ရိပ်မိတယ်ပြောရအောင် ကျွန်တော်က သူ့ကို ကြိုက် ...ကြိုက်.... ဟာကွာ ဖြစ်စရာလား !

ကျွန်တော် ဘာတွေ တွးမိနေတာပါလိမ့် ။ မဖြစ်နိုင်တာ ။ ကျွန်တော် ကြိုက်တာ Yoon Eun Hye လို type မျိုးပါ ။

" ငါ မမကိုပဲ ချစ်တာ သေချာတယ် !
ဆက်မတွေးနဲ့တော့ ညီမင်းယံ "

》》》》》》》》》》》》》》

ကန်တင်းမှာ စားသောက်ပြီး သကာလ ...

"ညီမင်းယံ မြန်မြန်စား paper ချိန်တတ်ရဦးမယ် "

"ခြည် ရာ ဖြေးဖြေးပေါ့ အေးဆေးမှဝင်ကြမယ်လေ တော်ကြာ စာတွေသင်နေရဦးမယ် "

"ကျမှာ နင်က "

"ငါကျရင် နင်လည်းမအောင်ဘူး "

"shit "

"အရိုင်းအစိုင်းမ "

ခြည် ဆိုတာကတော့ စိတ်ကုန်ဖို့ အကောင်းဆုံး bff တွေထဲက တစ်ယောက် ။

"ခြည် သိလား ဒီကောင် ချစ်နေတဲ့သူရှိပြီတဲ့"

သန့်စင် ဒီကောင် ဆေးထိုးပြီ ။

"အဟွတ် အဟွတ် "

ကျွန်တော့်မှာ ရေသောက်နေရင်း သီးတောင်သီးသွားရှာသည် ။

"ဟုတ်လား ဘယ်သူလဲ "

"မပြောဘူးကွ ဒီကောင်လျှိုထားတယ် "

"သိလို့ကတော့ သေဖို့သာပြင် "

"အေး ငါလည်းကြိမ်းထားတယ် "

ဒီ ၂ ကောင်နဲ့တော့ ခက်တယ် သိပ်စပ်စုကြတာပဲ ။

》》》》》》》》》》》》》》

"တီချယ် ဝင်ခွင့်ပြုပါ "

အုပ်စုလိုက်ကြီး အရှေ့ပေါက်ကနေဝင်ကြပြီး အနောက်ဆုံးတန်းမှာ နေရာယူကြသည် ။

ကျွန်တော်က အရှေ့တန်းတွေနဲ့ အလက်ဂျစ်ရှိသည်လေ .. ဒါကြောင့် ထိုင်ရင် နောက်ဆုံးတန်းပဲ အမြဲ ထိုင်သည် ။

"ဟေ့ကောင် မင်းယံ ထကွာ "

"သန့်စင်ရာ ငါခဏအိပ်ဦးမယ် "

"မသာရဲ့ ဆရာမ စာသင်နေတယ်ဟဲ့ "

"အင်း "

မှောက်အိပ်နေရာက မထချင်ထချင်နဲ့ ထပြီး စာအုပ်မှာ ပုံဆွဲနေလိုက်ရသည် ။
ဟုတ်တယ်လေ စာလိုက်ကြည့်နေရင် တော်ကြာ ထပ်အိပ်ချင်နေမှဖြင့် ။

ကျွန်တော်က စာနဲ့လည်း ဓာတ်မတည့်ပါ  အလက်ဂျစ်ရှိသည်  စာမြင်တာနဲ့ကို ငိုက်တာ ။

"ဟေ့ကောင် ရပ်စမ်း "

"မြန်မြန်လာကွာ ကြာတယ် တိုးတိုးတိတ်တိတ်နေဟ ဟိုမှာ စာသင်နေတယ် "

အသံတွေ ဆူညံနေလို့ ပြတင်းပေါက်ကနေ ကြည့်လိုက်တော့ ....

"ရှိန်း .... ရှိန်းထက်နိုင် ! "

ဩော် သူ ကန်တင်း သွားမလို့ ထင်ပါရဲ့ ။

်မျက်စိတစ်ဆုံး လိုက်ကြည့်မိတော့ ....

"အမလေး လန့်လိုက်တာ ! "

"မင်းဘယ်သူ့ကို လိုက်ကြည့်နေတာလဲ ညီမင်းယံ "

"အဟမ်း ... ကြည့်စရာလား ဘယ်သူ့ကြည့်ရမှာလဲ လျှောက်မတွေးနဲ့ "

"ဘယ်သူက ဘာပြောနေလို့လဲ "

"အာ စာကြည့် မစနဲ့ "

"ဟောဗျာ ငါဘာကို စလို့လဲ ရှက်ရမ်းရမ်းမနေနဲ့ "

"မပြောတော့ဘူး "

ကျွန်တော် ဘာလို့ သူ့ကို လိုက်ကြည့်မိနေတာပါလိမ့် ။

ရှိန်း က မိန်းကလေးလည်း မဟုတ်ပဲနဲ့ ။

ပြီးတော့ ကျွန်တော်က straight စစ်စစ်ပါ ။ မဖြစ်နိုင်တာ မဖြစ်သင့်တာ ။
မရဘူး ကျွန်တော်သူ့ကို ချစ်မိလို့မရဘူး
လုံးဝ မချစ်သင့်သည့် သူကို မချစ်ရဘူး ....

ဦးနှောက်က အမိန့်ပေးနေပေမယ့်
နှလုံးသား ဆိုတာကလည်း စကားနားထောင်သည့် အမျိုးမဟုတ်တော့ ရင်ခုန်သံတွေက အထိန်းအကွပ်မဲ့ နေပြန်ရော ။

* ရူးချင်လာပြီ  ညီမင်းယံရာ မင်းဘာတွေဖြစ်နေတာလဲကွာ *

》》》》》》》》》》》》》》》》》》

Continue Reading

You'll Also Like

146K 6K 31
#zawgyi ကောင်းသတင်းဆောင်နဲ့ ရှေးရိုးဖြူတို့ရဲ့သာယာအေးချမ်းလှတဲ့အိမ်ထောင်ရေးဘဝထဲကို တိတ်တဆိတ်ရောက်ရှိလာခဲ့တဲ့ ရိုးရောင်ဝါ .....နောက်ပိုင်းမာ ကောင်းသတင...
109K 6.3K 42
cover by Cohen အမုန်းတရားတွေကနေ ဖြစ်ပေါ်လာတဲ့ လက်စားချေမှုရဲ့ အဆုံးသတ်က ဘာများဖြစ်လေမလဲ...။ ကျေးဇူးတရားကနေ ဖြစ်ပေါ်လာတဲ့ ဂရုစိုက်၊စောင့်ရှောက်မှုရဲ့...
393K 15.2K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
307K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်