17.

10.1K 951 8
                                    

Destiny
Ep_17

"ညီ "

ရှိန်း ဆီက message တတ်လာတော့ အပျော်လွန်းပြီး ကုတင်ပေါ်၅ ခေါက်ခေါက် ထခုန်မိသည် ။ ခဏနေတော့မှ တည်တည်ငြိမ်ငြိမ်နဲ့ reply ပြန်လိုက်သည် ။

"ဗျာ "
"ပုံတွေတကယ်မိုက်တယ် ရိုက်ပေးတာ ကျေးဇူး"
"ဟီးး ဟုတ်လား ရပါတယ် ကျွန်တော့်ကိုစာရှင်းပြထားတာဘဲ"
"အင်း"
"ရှိန်း မအိပ်သေးဘူးလား "
"Imm "
"Welcome နီးနေပြီနော် "
"Omm"
"သီချင်းတိုက်တာ အဆင်ပြေလား "
"Innn "

ကျွန်တော်နည်းနည်းတော့ စိတ်တိုလာသည်။ အင်း နဲ့ အွန်း ကို version အမျိုးမျိုးနဲ့ပြောနေသော ဒင်းက သိပ်ချေလွန်းသည် ။ သူကစပြီး စကားလာပြောလို့ ပျော်မိပါတယ် ဘယ့်နှယ့် သူ့ပုံတွေကောင်းလို့လာပြောတာဘဲ ။

ပုံအောက်က comment တွေမှာလည်း ကောင်မလေးတွေနည်းနည်းနောနောလား !
နောက်ဆုံးအနေနဲ့ ပိတ်ရက်လာမှာလား မေးကြည့်ဦးမှပါ ....

"ရှိန်း ပိတ်ရက်ကျရင်လေ အိမ်မှာ စုပြီး အကတိုက်ကြမှာတဲ့ ရှိန်းရောလာမလား? "
"မအားဘူး "

စကားကို ခပ်ပြတ်ပြတ်ပြောတတ်သော အဲ့အကောင်ကြောင့် ထွက်လာတဲ့ ဒေါသတွေမြိုချရင်း Wifi ပိတ်လိုက်ရသည်။
ဆက်ပြောရင် ကျွန်တော့်စိတ်နဲ့ဆို  ဆဲမိတော့မည် ...။

》》》》》》》》》》》》》》》》

"ရှိန်းထက်နိုင် မင်းဟိုကောင်လေးကို စကားသွားပြောထားတာလား "
"ဟမ် အော် အင်း "
"ထူးဆန်းတယ် ဟေ့ကောင် မင်းခုတလောဘာတွေဖြစ်နေတာလဲ "
"ဘာလို့လဲ "
"မင်းလောက်ချေတာ မင်းဘဲ ဒါပေမယ့် ဒီကောင်လေးနဲ့မှ သဘောတွေကောင်းပြနေသလားလို့ "
"မဟုတ်တာ "
"မင်းခါတိုင်းဆို ဘယ်ဂျုနီယာနဲ့မှ ရင်းရင်းနှီးနှီးနေတာမဟုတ်ဘူး စီနီယာတွေတောင် မကောင်းတတ်လို့အလိုက်သင့်လေး နေတာလေ"
"ငါလည်း မသိတော့ဘူး ညီ က ခင်ဖို့ကောင်းလို့နေမှာ "
"မင်းအချေ image တွေပျောက်ဆုံးနေတာ မင်းကိုယ်တိုင်တောင် မသိဘူးမှတ်လား"
"အင်း "

ရှိန်းထက်နိုင်ဆိုတဲ့ ကျွန်တော်က ညီနဲ့တွေ့မှ အချေ image ပျောက်ဆုံးသွားတယ်တဲ့လား ?
မဖြစ်နိုင်တာ !

Destiny Where stories live. Discover now