✉✉

8.9K 423 61
                                    


မင်္ဂလာပါ ❤

Destiny လေးကို ချစ်ပေးကြတဲ့ သူတွေကို အရမ်းကို ကျေးဇူးတင်ပါတယ် ... ကိုယ့်ရဲ့ ပထမဆုံး ဖန်တီးမှုလေး ...2nd year  တက်နေရင်း စရေးခဲ့တာ ... အဲ့တုန်းက ရေးခဲ့တာတော့ စာမေးပွဲ ဖြေနေရင်းတွေရော ဘာတွေရော ... update ဖို့ စိတ်စောနေတော့ ပြန်မစစ်ဘဲ ချက်ချင်းတွေ တင်ချလိုက်ခဲ့တာ ...typing error တွေလည်း အများကြီး ...သည်းခံပြီး ဖတ်ပေးကြတာကို တကယ် ကျေးဇူးတင်ပါတယ် .... (စာလုံးပေါင်းတွေ ပြင်မှာပါနော် .... ကိုယ့် wifi က သုံးစားမရတော့ တစ်ပိုင်း တင်ဖို့ကို တော်တော် ကြာတာ ၃ ခါလောက် ပြန်တင်ရတာ draft တွေဆိုလည်း အများကြီးဖြစ်နေပြီ ပြန်ဖျက်လို့ မရတာတွေနဲ့ T.T )

စာအုပ်လေး အဖြစ်လည်း အရမ်း မြင်ချင်ပေမယ့် (အမှတ်တရတွေ အများကြီး ပါနေတာကြောင့်ရယ် ... တခြားတခြားသော အကြောင်းတွေကြောင့် Destiny က ကိုယ့်အတွက် တကယ် တန်ဖိုး အထားရဆုံးလေး ) ...တကယ်တမ်းတော့ ကိုယ့်အခြေအနေနဲ့ စာအုပ်ဆိုတာမျိုးက မမှန်းရဲပါဘူး ...လွယ်လည်း မလွယ်ကူပါဘူး ။

လိုအပ်ချက်တွေ အများကြီး ရှိတဲ့ ဖန်တီးမှုလေးကို ဒီလောက်ထိ သဘောကျ ပေးကြတာနဲ့တင် တအားကို ကျေးဇူးတင်နေပါပြီ ...။

ဖတ်ပေးကြတဲ့ သူငယ်ချင်းတွေရဲ့ comment တစ်ခုချင်းစီကိုလည်း တအား မြတ်နိုးပါတယ် ... comment ဆိုတာထက် ကိုယ့်ကို ဆက်ရေးစေခဲ့တဲ့ အားအင်လေးတွေ ဖြစ်ခဲ့တာပါ ... commet လေးတွေ မြင်ရင် လူက ထခုန်မတတ်ပျော်သွားတာ ... ဖတ်ပေးတဲ့သူ ရှိတယ်ဆိုပြီး 🙈🙈
... update အတွက် စိတ်စောနေတာရော ကျောင်းတက်နေရင်းရောမို့ reply မပြန်နိုင်ခဲ့တာတွေ ရှိခဲ့တဲ့ အတွက်လည်း အနူးအညွတ်တောင်းပန်ပါတယ် (wifi ကြီးကလည်း သိတဲ့ အတိုင်း လိုင်းမကောင်းလို့ပါ တစ်ခါတစ်ခါဆို ဖုန်းကို ပစ်ပေါက်ချင်စိတ်တွေပါ ပေါက်တယ် )

ပုံမှန်ဆို ကိုယ်က စကား တအားများပါတယ်
သူငယ်ချင်းလည်း အရမ်းမက်တာ ..
တအားလည်း ခင်တတ်တာရယ် ။

ကိုယ်ရေးတာလေးတွေ ဖတ်ပြီး ထပ်တူ ခံစားပေးကြတဲ့ အတွက် အကုန်လုံးက ကိုယ့်မိသားစုတွေပါ ...

မိသားစုဝင်တွေ အကုန်လုံး အချစ်ရေးမှာ ကံကောင်းကြပါစေ 💛

♡Shoon♡

》》》》》》》》》

Destiny Where stories live. Discover now