10.

11.3K 1K 6
                                    

Destiny
Ep_10

"ညီ "

"ဟင် "

ရှိန်း ... အချစ်ဆိုတာ မထင်မှတ်ထားတဲ့ အချိန်မှာ တွေ့တတ်တာမျိုး ...။
ချစ်ရသူဆိုတာလည်း ထင်မထားတဲ့အချိန်မျိုးဆို ရုတ်တရက် ပေါ်လာတတ်တာမျိုး ...။

"အကို ကိုသူရ မရောက်သေးဘူးလား "

"အင်း ညီမ ရောက်ခါနီးပြီပြောတယ် "

"ဟုတ်ကဲ့ "

ခြည်က ရှိန်း ကို မေးလိုက်ခြင်းဖြစ်သည် ။
ကျွန်တော်လည်း သိချင်နေသဖြင့် မနေနိုင်ဘဲ ....

"ခြည် ဘယ်လိုတွေဖြစ်ကုန်တာလဲ ငါ့ကို ဘာမှလည်းကြိုမပြောဘူး "

"မနေ့ညကမှ ကိုသူရကိုဖုန်းဆက်ပြောလိုက်တာလေ welcome activity ပါတဲ့သူတွေ စုပြီးလျှောက်လည်ရအောင်ဆိုပြီး "

"အော် "

ဒီကောင်လေးသူ့သူငယ်ချင်းကိုခုမှ မေးနေပုံထောက်ရင် ဘာမှမသိထားဘူးလား?

ရှိန်းထက်နိုင်တွေးရင်း ...

ညီမင်းယံကိုကြည့်လိုက်တော့ ရေချိုးပြီး ထွက်လာပုံရသည် ။ ဆံပင်က ရေစက်လေးတွေ တွဲခိုနေပြီး စိုစွတ်နေတဲ့ ဆံနွယ်လေးတွေက နဖူးပေါ်မှာ ဝဲကျနေသည် ။ တီရှပ် မိုးပြာရောင်လေးနဲ့ ဘောင်းဘီတို ဒူးအောက်လောက်လေးကို တွဲဝတ်ထားသည်က ကလေးတစ်ယောက်နဲ့ပင် တူနေသည် ။

"မင်းယံ ဘာမှမစားရသေးဘူးမှတ်လား "

"ကျွတ်စ် အိပ်နေတာကို အမေအတင်းနှိုးပြီး ရေချိုးခိုင်းနေတုန်း မင်းတို့ရောက်လာတာလေ ဈေးတောင် မလိုက်သွားရဘူးကို "

"အပိုတွေမပြောစမ်းနဲ့ မင်းဘယ်တုန်းက အစောကြီး မနက်စာတွေဘာတွေစားဖူးလို့လဲ "

"သိရင်လည်း ဘာလို့မေးနေသေးလဲ "

"ခုဟာက ကိုသူရတို့က ကြာမလားမသိတော့ ရင်ပြင်ရောက်မှဆို မင်းဗိုက်ဆာနေမှာစိုးလို့ လဒရဲ့ ! "

"မဆာဘူး မစားချင်ဘူး "

"အေး ပြီးတာပဲ ကားပေါ်ရောက်မှ ဗိုက်ဆာတယ် သန့်စင်ရာ လာပြောကြည့် နားရင်းပိတ်အုပ်မှာ "

Destiny Where stories live. Discover now