25.

10.3K 882 10
                                    

Destiny
Ep_25

"တီတီတီတီ ..  တီတီတီတီ ! "

ဟင်းး မနက် ၅ နာရီ နှိုးစက်မြည်တော့ ထပိတ်ပြီး ပြန်အိပ်မလို့ ပြင်လိုက်သည် ။

"ဟမ် ! မဖြစ်ဘူး ဒီနေ့ ကျောင်းသင်္ကြန် ! "

အိပ်ယာက အမြန်ကုန်းရုန်းထလိုက်သော်လည်း တစ်ကိုယ်လုံး ကိုင်ရိုက်ထားသည့်အတိုင်းပင် ။

မနေ့က ကျောင်းကပြန်လာတော့ အမေ က သူသွားစရာရှိတာတွေ လိုက်ခဲ့ဆိုပြီး နေပူကြီးထဲခေါ်သွားသည် ။
နေကပူ ချွေးတွေကထွက် ခေါင်းတွေကိုက်ပြီး လူများတဲ့နေရာတွေဆိုတော့ ပိုဆိုးသည် ။
မူးမလဲရုံတမယ် ...။

အဲ့တာအပြင် ညကလည်း ၄ နာရီလောက်မှအိပ်ပျော်တော့ အိပ်ချင်က ၁ နာရီသာသာဘဲ ရှိသည် ။

"အံမယ် ထူးထူးဆန်းဆန်း ဒီနေ့နှိုးစက်သံတွေဘာတွေ ကြားလို့ပါလား "

ဟုတ်သည် ကျွန်တော့်အမေပြောတာအမှန်ပင် ။ ခါတိုင်းဆို နှိုးစက်ပေးထားရင် တစ်အိမ်လုံးသာ နိုးရင်နိုးသွားမယ် ကျွန်တော်ကတော့ အိပ်ကောင်းနေဆဲ ...

"အိုမား သားဖျားပြီထင်တယ် "
"အမလေးဟယ် နေပူထဲ တစ်ရက်လေးခေါ်သွားမိပါတယ် ဖြစ်ပြီ မှန်းစမ်း "
"ပြောသားဘဲ မလိုက်ဘူးဆိုတာကို "
"ဟဲ့ ကိုယ်တွေပူကျစ်တောက်နေတာဘဲ ဆေးခန်းသွားမလား တော်ပြီ ညီမင်းယံ ဒီနေ့ကျောင်းမသွားနဲ့တော့ "
"ဟာ အိုမားရာ Andwe !!!  ဒီနေ့ကျောင်းသင်္ကြန်ပါဆို "
"အေးလေ အဲ့တာကြောင့် မသွားခိုင်းတာ ဖျားနေတဲ့ဟာကို နေပူထဲ ရေတွေစိုရွှဲပြီး အပူတွေရှပ်ပြီးသေနေရင် အလကားနေရင် ငါအသုဘကိစ္စလုပ်ရဦးမယ် "
"အာ မသေပါဘူး အိုမားရာ ဒီလောက်လေးနဲ့ မင်းယံတို့က အေးဆေးဘဲ မသေဘူး စိတ်ချ"
"သွားချင်သွား တစ်ခုခုဖြစ်ရင် ကိုယ့်ဘာသာခံ "
"သွားမှာ ! "

အမေလေး ဒီတစ်ယောက်ရှိပါတယ် တကယ်ဘဲ ကိုယ့်သားကို အဲ့လောက်ချစ်ရလား !
စိတ်ထဲကဘဲ ပြောရဲသည် ...
တော်ကြာ နင်က အမေဘယ်နှယောက်
လိုချင်သေးလို့လဲဆိုပြီး မေးခံရဦးမည် ။

"သားကို ၇ သောင်း ပေးဦး "
"ဘာလုပ်မလို့လဲ "
"မေဂျာလေ့လာရေးခရီးလေး အဲ့တာ ပိုက်ဆံသွင်းမလို့ "
"လိုချင်လား ဆုတောင်းလေ "
"အိုမား !! "
"2nd sem လည်း ခရီးကသွားဦးမှာဆို ပြောတော့ "
"အဲ့တာက သူငယ်ချင်းတွေနဲ့ စုပြီးသွားမှာလေ "
"မပြီးတော့ဘူး ခရီးတွေသွားလိုက် ကျောင်းသွားလိုက်နဲ့  သားလေးတစ်ယောက်မွေးထားပါတယ် အိမ်ကိုမကပ်ဘူး "
"အိမ်စောင့်နတ်က သားကို ဘန်းထားတာတဲ့"
"အံ့ဩဘ ! "

Destiny Where stories live. Discover now