22.

9.9K 991 43
                                    

Destiny
Ep_22

"ကျွန်တော် ရှိန်းကို သေမလောက်ချစ်တယ် ကျွန်တော့်အသက်ထက်ချစ်တယ် ကျွန်တော် ရှိန်းကို အရမ်းမြတ်နိုးတယ် ရှိန်း"

ကျွန်တော်ဟော့ပေါ့စားနေရင်း သီးသွားတော့  ညီက ရေဗူးထဲက ရေတွေ ခွက်တစ်ခွက်ထဲထည့်ပြီး ကျွန်တော့်ကို ကမ်းပေးသည် ။

"ကိုယ် .... ကိုယ့်မှာ "

ကျွန်တော့်စကားပင်မဆုံးလိုက် ညီက ဆက်တိုက်ဆက်ပြောသည် ။

"ရှုးးး ရှိန်း ကျွန်တော့်ကို ဘာမှပြန်မပြောပါနဲ့
ကျွန်တော့်ကို ပြန်ဖြေစရာမလိုဘူး ရှိန်း အစ်မသွေးကို ကြိုက်နေတယ်ဆိုတာလည်း ကျွန်တော်သိတယ် ပြီးတော့ ... "

မျက်နှာတွေ နီရဲပြီး ခေါင်းငုံ့သွားကာ ဆက်ပြောသည် .....

"ကျွန်တော်  ဘာမှမမျှော်လင့်ပါဘူး ...
ရှိန်းဖက်က ပြန်ချစ်လာဖို့လည်း မမျှော်လင့်ဘူး ဒီအတိုင်း... ကျွန်တော် ဒီအတိုင်းလေးဘဲ ချစ်သွားခွင့်တော့ ရှိတယ်မှတ်လား ... ကျွန်တော် ချစ်နေတယ်ဆိုတာ သိစေချင်ရုံလေးပါ "

မျက်နှာပြန်မမော့လာဘဲ ပြောနေတဲ့ ညီ့အသံက အနည်းငယ် တိုးလျသည် ။

"......"

ရှိန်း တစ်ယောက် အိပ်မက် မက်နေတဲ့ လူတစ်ယောက်က်လို မှင်သေနေသည် ။
ကျွန်တော့်ကို အူကြောင်ကြောင်လေး ငေးကြည့်နေသည် .....

"တောင်းပန်ပါတယ် ကျွန်တော့်ဖက်က မရိုးသားခဲ့လို့ ..မရည်ရွယ်ပါဘူး .... ချစ်မိသွားမယ်လို့ "

ရှိန်းဘက်က တိတ်ဆိတ်စွာ ဟော့ပေါ့ကိုသာ ဆက်စားနေသည် ။
အစကတည်းက အပေါ်ထပ်က အခန်းကို ယူထားခဲ့တာမို့ လူတစ်ယောက်မှမရှိ ။
ဟော့ပေါ့အိုး ဆူပွက်သံရယ် အငွေ့တစ်ထောင်းထောင်းရယ် တစ်ခါတစ်ခါ ဇွန်းသံလေးတွေရယ် ...။

ကျွန်တော် ဟော့ပေါ့ကိုသာ ဆက်တိုက်ငုံ့စားနေသည် ။
ဘယ်လိုအရသာရှိမှန်းတောင်သတိမထားမိ။
ရှိန်း ကလည်း အစားပေါ်မှာဘဲ အာရုံပြောင်းထားရပုံပေါ်သည် ။

"ရှိန်း ကျွန်တော့်ကို အရင်လိုဘဲ ဆက်ဆံပေးပါနော် ရှိန်းကို အနေခက်အောင်လုပ်မိလို့ တောင်းပန်ပါတယ် ...ဒါပေမယ့် ကျွန်တော် ချစ်တယ်ဆိုတာလေးတော ဖွင့်ပြောချင်မိလို့ ....ကျွန်တော် ရှိန်းကို မြင်နေရရင် ... ရှိန်းရဲ့ အပြုံးတွေကို မြင်နေရရင်ဘဲ ကျွန်တော်ကျေနပ်ပါပြီ ကျေးဇူးပြုပြီး ကျွန်တော့်ကို ရှောင်မနေပါနဲ့နော် ကျွန်တော်လွမ်းလို့သေသွားလိမ့်မယ် "

Destiny Where stories live. Discover now