21.

10.2K 939 46
                                    

Destiny
Ep_21

မေဂျာသင်္ကြန် .......
တကယ်ပျော်ဖို့ကောင်းတဲ့အချိန်လေး ...

အဝင်ဝမှာ အုန်းလက်တွေနဲ့ အလှဆင်ထားသည် ။
ဆရာဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေ ဝိုင်းဝန်းပူးပေါင်းပြီး စည်းစည်းလုံးလုံးနဲ့ ပွဲလေးတစ်ခုဖြစ်မြောက်သွားအောင် အားတတ်သရော ကြိုးစားကြသည် ။

SoundBox ကနေ သင်္ကြန်သီချင်းမျိုးစုံဖွင့်ထားသည်မှာ ကြားရသူအပေါင်းစိတ်ချမ်းမြေ့စရာ ....
အားလုံးအတူတူပါဝင်ပြီး မုန့်လုံးရေပေါ်တွေ လုံးနေသည်မှာလည် ကြည်နူးစရာ .....
ရွှေရင်အေးလည်း လုပ်သည်မို့ စားပွဲပေါ်တွင် ရွှေရင်အေးခွက်လေးတွေ အစီအရီတင်ထားသည် ။

ကန်တစ်ခုထဲမှာ ရေခဲတုံးထည့်ထားပြီး ရေပိုက်က ရေတွေဖွင့်ထားသဖြင့် အလွယ်တကူ ရေဆော့လို့ရသည် ။
ရေသန့်ဗူးတွေနဲ့ရော ရေခွက်ကလေးတွေနဲ့ပါ ရေတွေခပ်ပြီး အချင်းချင်း ရေပက်ကြ လောင်းကြနဲ့ အတော်လေး အေးချမ်းလှသည် ။

တစ်ချို့ဆို ရွှေပြည်နန်း သနပ်ခါးဗူးတွေ ယူလာကြပြီး တစ်ယောက်နဲ့တစ်ယောက် သနပ်ခါးလိမ်းပေးကြသည်မှာ ချစ်စရာကောင်းသည့် အပြုအမူတစ်ခုဖြစ်သည် ။
ကျောင်းသားရယ် ဆရာရယ် ခွဲခြားမှုမရှိဘဲ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ မေဂျာသင်္ကြန်မှာ အတူတကွပါဝင်ဆင်နွှဲကြသည် ။

ကျွန်တော့်ရဲ့ ရှိန်း က စောစောစီးစီး တစ်ကိုယ်လုံးရွှဲနေသည် ။
မိန်းကလေးအများစုလည်း ရှိန်းရဲ့ အနားမှာ
ရေကစားနေကြသည် ။ တစ်ချို့ကောင်မလေးတွေဆို ရှိန်းရဲ့ ပါးပြင်ကို သနပ်ခါးတွေလိမ်းပေးကြသည် ။

သနပ်ခါးပါးကွက်တွေနဲ့ သူ့ပုံစံက သိပ်ချစ်ဖို့ကောင်းသည် ။
တစ်ကိုယ်လုံးရွှဲနေတာမို့ ကြွက်စုတ်နဲ့ပိုတူသည် ။

"ဟဲ့ မင်းယံ နင့်လင်ကို ရေသွားလောင်းလေ"
"တော်စမ်းပါ အဲ့အကောင်က စကီတွေနဲ့သာယာနေတာ အမြင်ကတ်တယ်"
"ကောင်လေးတစ်ယောက် ဂျယ်လီတွေနင်နေတယ် ဟဟ "
"ခြည် အစုတ်ပလုတ်မ ဝက်မ ! "

ရှိန်း က မုန့်လုံးရေပေါ် အိုးနားမှာ ရစ်သီရစ်သီလုပ်နေသည် ။
စားလို့ရပြီဆိုတာနဲ့ သူတစ်ယောက်တည်း အများကြီးယူပြီး တစ်လုံးပြီးတစ်လုံးပါးစပ်ထဲပစ်သွင်းသည် ။

Destiny Where stories live. Discover now