Ep _ 3

28.2K 1.9K 76
                                    

Destiny
Ep_3

မနက်စောစော ကားဂိတ်ကို သွားသော်လည်း အတော်လေး နောက်ကျနေပြီမို့  အမြန် ပြေးရသည် ။

တကယ်ပါ မနက်မနက်ဆို လုံးဝအိပ်ယာက မထနိုင် ။ ညဖက် ဇာတ်ကားတွေ ကြည့်ပြီး အမြဲ ၁ နာရီ ၂ နာရီမှ အိပ်ဖြစ်တော့ ..
ပန်ဒါမျက်လုံးဖြစ်နေလို့ ကိုယ့်ကိုယ်ကိုတောင် စိတ်ပျက်မိသည် ။

"ညီမင်းယံ မင်းပေါ်လာသေးတယ်နော် သေသွားပြီထင်နေတာ "

"၃၆၂ နှစ်လောက်ကြာတယ် စောင့်ရတာ "

"မင်းစောရောက်တဲ့နေ့  အနောက်အရပ်ကနေထွက်မလားဘဲ "

လူကိုတွေ့တာနဲ့ တစ်ယောက်တစ်မျိုး မေတ္တာပို့ကြသော စောင်သူငယ်ချင်းတွေ ။

* ကောင်းကိုမကောင်းဘူး ! *

"မင်းယံ စာရပြီလား "

"ဟမ် စာ ? ဘာစာလဲ ? စာအကြောင်းပြောရင် ဘန်းမယ် "

"ကျမှာ မင်းက ! ဒီနေ့ tuto ဖြေရမှာလေ သူတောင်းဇားရဲ့ "

"တိတ်စမ်း ငါကျရင် မင်းတို့ကောင်တွေလည်း တစ်ကောင်မှမအောင်ဘူး tuto များ ညနေမှဖြေရမှာကို တစ်နေကုန်ကျက်ချိန်ရှိသေးတယ် အေးဆေး"

ညီမင်းယံ ဆိုသော ကျွန်တော်မှာ ထိုကဲ့သို့သော လူသားမျိုးပါ ။

* စာနဲ့ပတ်သက်ရင် လုံးဝ အလက်ဂျစ် ရှိတယ်ဗျ *

တင်စားပြီးပြောရမယ်ဆိုရင် ကျွန်တော်နဲ့စာက တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားလိုပေါ့ဗျာ ... ။

"ဟေ့ကောင် သေတော့မလို့လား "

"သိရဲ့သားနဲ့များ မင်းမို့လို့ ပါးစပ်အညောင်းခံမေးနေသေး "

ကားပေါ်ရောက်သည်နှင့် နားကြပ်တပ် သီချင်းဖွင့် ကိုယ့်အိမ်ကိုယ့်ရာရောက်နေသလို အိပ်တတ်သည်မှာ ကျွန်တော့်အကျင့် ။

"မင်းယံ ဟိုမှာ မင်းရဲ့စင်ဒရဲလား "

"ဟင် ဘယ်မှာလဲ "

"မှတ်တိုင်မှာ ရှာမနေနဲ့ မင်းယောက်ဖက ကားပေါ်တတ်လာပြီ "

"ရှိန်း ! "

"ဩော် ခေါ်တာကိုက ရှိန်း တဲ့လား "

"ဟေ့ကောင် မစနဲ့ကွာ "

Destiny Where stories live. Discover now