35.

8.8K 772 12
                                    

Destiny
Ep_35

အိပ်ကောင်းနေသည့်အချိန် စောစောစီးစီး ဖုန်းလာလို့  ညီမင်းယံ နာရီကြည့်လိုက်တော့ ၅ နာရီ ။

"ဟယ်လို "
"မင်းယံ မင်း တိုက်ကွမ်ဒို တတ်မလား "
"ဘာလဲကွာ စောစောစီးစီး အိပ်နေတယ် လဒရဲ့ ဘောမို့ ဖုန်းခေါ်တာလား "
"ငါတစ်ယောက်တည်း ပျင်းလို့ လုပ်ပါ တတ်ပါလား ဦးသာ သင်ပေးမယ်တဲ့ "
"သန့်စင် ! ငါအိပ်နေတယ်လို့ပြောနေတယ်လေ မင်းငါ့အကြောင်း သိတယ်နော် ဟေ့ကောင် "
"အင်းပါ ထားတော့ မတတ်နေပေါ့ ပြီးမှ မင်းကို ကိုင်ပေါက်ပစ်မယ် "
"ဒါဘဲ "
"နေပါဦး ဒီနေ့ မင်းအိမ်မှာ အားလုံးချိန်းထားတာ မမေ့နဲ့ဦနော် စားချင်တာတွေရှိရင် လိုအပ်တဲ့ ပစ္စည်းတွေဝယ်ထား ငါချက်ကျွေးမယ် "
"အေးပါ သန့်စင်ရာ မင်း မနက် ၅ နာရီကို ညနေ ၅ နာရီ ထင်နေလား အိပ်ချင်ရတဲ့ကြားထဲကွာ "
"ကျွတ်စ် ဒါဘဲ အကောင်းနဲ့လည်း ဘလ်အကုန်ခံပြီး ဖုန်းဆက်ရသေးတယ် "
"တီ "

ဒီအကောင် ဒီလောက် အိပ်ရေးမက်နေတာ အိမ်ပြိုရင်တောင် နိုးမှာ မဟုတ်ဘူး ။

"ချာတိတ် သွားမယ် ခွီးး "

တိုက်ကွမ်ဒို အင်္ကျီက ကြီးနေပြီး အပေါ်အောက် အဖြူကြားထဲ လူကပျောက်နေသည် ။ ဘိုးတော်လိုလို ဘာလိုလိုနှင့် ချာတိတ်ပုံစံက တော်တော်လေးရယ်ရသည် ။

"မရီနဲ့ "

၂ ယောက်သား အောင်ဆန်းကွင်းအထိ လမ်းလျှောက်သွားကြသည် ။

"ချာတိတ် သတိထား "
"ကျွီ "

ကျွန်တော့်ကို ဦးသာ လှမ်းဆွဲလိုက်တာ မြန်ပေလို့ပေါ့ မဟုတ်ရင် မတွေးရဲစရာ ။

"တောက် သူတောင်းဇားတွေ ဘယ်လိုမောင်းနေလဲမသိဘူး တိုက်သွားရင် ဖြစ်လာတဲ့ အကျိုးဆက်တွေတော့ တာဝန်မယူနိုင်ဘဲနဲ့ ဒင်းတို့ အမှတ်တမဲ့ စည်းမရှိ ကမ်းမရှိမောင်း ပြီးရင် ထိခိုက်တဲ့သူက ဘယ်လောက်ခံစားရလည်း နားမလည်ဘူး လျှော်ကြေးလာပေး တောင်းပန်တယ် ပြောရုံနဲ့ ပြီးသွားမယ့်ဟာတွေ ! ခံရသူဖက်က နည်းနည်းလေးတောင် ကိုယ်ချင်းစာမယ့်ဟာတွေ မဟုတ်ဘူး "

အကွေ့လမ်းကြောကို အဝေးပြေးလမ်းမှာ မောင်းနေသည်ထင်နေလားမသိ ။ သူ့ကိုသူ ဒုံးပျံမောင်းနေသည် ထင်နေပုံရသည် ။

Destiny Where stories live. Discover now