34.

8.8K 710 5
                                    

Destiny
Ep_34

ကျွန်တော် အအေးမှာပြီးထွက်လာတော့ ပြုံးပျော်ပြီး စကားတွေပြောနေကြသည့်
လူ ၂ ဦး ။

"လဲ့လဲ့ ရော့ အအေး "
"အင်း "

ထူးတော့ထူးသည် ကျွန်တော့်ကို အင်း တစ်လုံးသာ ပြန်ဖြေရင်း ချာတိတ်နဲ့ စကားဆက်ပြောနေသည် ။ အဖက်မလုပ်သော လူ ၂ ယောက်ကြား ကျွန်တော်က လူပိုလိုဖြစ်နေသည် ။ အတ်ာလေး စိတ်တိုလာသည် ။

"အာ ဦးသာ ပျင်းနေပြီလား ဆောရီးဗျာ ဒီမှာ စကားကောင်းနေတာနဲ့ "

မျက်မှောင်ကြုံ့ပြီး ချာတိတ်ကို ကြည့်လိုက်တော့ တမင်တကာ လူယုတ်မာအပြုံးဖြင့်ပြုံးပြကာ ပြောနေသည့် ပုံစံက ပြေးရိုက်ချင်စရာ ။

"အဟမ်း ပြီးရင် ပြန်ကြမယ်လေ "
"အင်း ဟုတ်သား လဲ့လဲ့လည်း သွားစရာရှိသေးလို့ ခွင့်ပြုပါဦး "
"အင်း ကောင်းကောင်းသွားနော် "

လဲ့လဲ့က ချာတိတ်ကိုပါ လှည့်ပြီး နှုတ်ဆက်လိုက်သေးသည် ။

"မောင်လေး တို့သွားပြီနော် ညမှ ဖုန်းဆက်လိုက်မယ် "
"မြန်မြန်စဉ်းစားပေးနော် မ "
"အင်းပါ မောင်လေးကလည်း "

ခေါင်းငုံ့ကာ လှည့်ထွက်သွားသော လဲ့လဲ့က ပြုံးနေသည် ။ ချာတိတ်ကလည်း သွားကြီးဖြီးနေသည်မှာ အတော်လေးပျော်နေပုံရသည် ။

"ဘာတွေလဲ "
"ဩော် ဘာမှမဟုတ်ပါဘူး အဖြေတောင်းထားတာ "
"ဘာ ! "
"ဟဟ သွားမယ်လေ ဦးသာ "
"အင်းအင်း "

မျက်နှာကြီးမဲ့နေသော ဦးသာကြည့်ရတာ အရသာရှိလိုက်တာ ။
ခံစမ်း သန့်စင်အကြောင်း ကောင်းကောင်းသိစေရမယ် ။ ဦးသာ မအီမသာမျက်နှာကြီးကို ကျေကျေနပ်နပ်ကြီး ကြည့်ရင်း ပါးစပ်ပင် မစိနိုင်အောင် ရယ်နေမိသည် ။

ကျွန်တော်ကရယ်လေ ဦးလေးကြီးက ပိုမဲ့လေ ။

"တော့ပိုကီ ၄ပွဲ fish cake ၄ပွဲ "
"ဟမ် ငါမကြိုက်ဘူး "
"ဘယ်သူက ဦးသာအတွက်မှာနေလို့လဲ "
"အဲ့တာတွေအကုန် မင်းကုန်တယ်လား "
"ဟာဗျာ ဗူးသေးသေးလေးတွေနဲ့ကို ကုန်တာပေါ့ "
"အင်းပါ ဘယ်လောက်လဲ "
"၈ထောင် "
"ဗျာ "
"၁ ပွဲ ၁ ထောင်လေ ဦးသာ "

မကြည်မသာ တစ်ချက်သာကြည့်ရင်း ပိုက်ဆံထုတ်ပေးလိုက်ရသည့် ဦးလေးကြီး ။

Destiny Όπου ζουν οι ιστορίες. Ανακάλυψε τώρα