29.

10K 809 10
                                    

Destiny
Ep_29

ဟိုဦးလေးကြီး !

"အန်ကယ်လေး "
"သန့်စင် မင်းကွာ ဘယ်သွားနေတာလဲ ငါရောက်နေတာကြာပြီကို "
"ဟိုလဒကောင်ပေါ့ ရေခဲမုန့်ဝယ်ခိုင်းလို့ "
"ဟားဟား ဟုတ်ပါပြီ "

ခုနက ကျွန်တော်နဲ့ ပြသနာဖြစ်ခဲ့တဲ့ ချာတိတ် ! ဂျေဂျေဘောင်းဘီနှင့် ကြေမွနေသော တီရှပ်အဝါရောင်ကိုဝတ်ထားသည် ။
ရှုပ်ပွနေသော ဆံပင်တွေ ....
စူးရဲတဲ့ မျက်ဝန်းတစ်စုံ ...
ထူထဲသော မျက်ခုံး ..
ပါးလွှာသော နှုတ်ခမ်း ....

လည်တိုင်ကအစ ဖြူဖွေးနေသည် ။
အရပ်ကလေးရှည်နေ၍သာတော်တော့သည် မဟုတ်ရင် ရုတ်တရက်ကြည့်လိုက်ရင် ကလေးသာသာဘဲ ရှိသည် ။
ဒါတောင် ကျွန်တော့်ထက် ခေါင်းတစ်လုံးစာလောက်ပုသေးသည် ။

"မိတ်ဆက်ပေးရဦးမယ် ဒါက အန်ကယ်လေးရဲ့ အသိညီလေး နေမင်းထက်သာတဲ့ "

တစ်ချက်သာ မျက်လုံးလှန်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တဲ့ ချာတိတ် ။

" မင်းထက် ဒါက ငါ့တူ သန့်စင်တဲ့ နောက်လည်း အတူနေရမှာဆိုတော့ ဒီကောင်ဆိုးရင် ဆုံးမပေးကွာ "
"စိတ်ချ အစ်ကို "

လူယုတ်မာ အပြုံးနဲ့ နှုတ်ခမ်းထောင့်လေး ကွေးသွားရုံပြုံးပြပြီး ကျွန်တော့်ဆီကို မင်းသတိထား ဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်တဲ့ ဦးလေးကြီး !

"ဘာ! ဘာကို တူတူနေရမှာလဲ "
"မင်းကိုပြောမထားကြဘူးလား မင်းထက်က မြန်မာနိုင်ငံကို ပြန်လာတာ တော်တော်ကြာမှာ အဲ့တာ ငါတို့အိမ်မှာတည်းမှာလေ မင်းထက်သွားချင်တဲ့နေရာတွေ မင်းလိုက်ပို့လိုက် သန့်စင် "
"ဗျာ ! အန်ကယ်လေး ဘာတွေပြောနေတာလဲ အခန်းပိုမှမရှိတာ "
"မင်းအခန်းမှာဘဲ ထားလိုက်လေ ရပါတယ် စိတ်မပူနဲ့ ငါ့ညီက နေတတ်ပါတယ် "

ဘယ်သူက အဲ့ဦးလေးကြီးကို စိတ်ပူနေလို့တုန်း ။ ကျွန်တော်က သီးသန့်နေတတ်တဲ့သူမျိုး ။ ဘယ်သူနဲ့မှလည်း စကားပြောချင်တာမဟုတ်ဘူး ။ ကုတင်ကလည်း တစ်လုံးတည်းရှိတာကို ။
ရှုပ်ရှုပ်ယှက်ယှက်တွေ ။ ပြီးတော့ ဒီဦးလေးကြီးကို သိပ်ပြီး ကြည့်လို့ရတာမဟုတ်ဘူး ။

"အန်ကယ်လေးရာ ကုတင်က ၁ လုံးတည်းရှိတာလေ "
" ၂ ယောက်အိပ်ကုတင်ဘဲကွာ ဆံ့ပါတယ် မင်းက ပိန်တာဘဲ "
"ကျွတ်စ် အန်ကယ်လေးရာ ကျွန်တော် သူစိမ်းနဲ့ မနေတတ်တာ သိရဲ့သားနဲ့ "
"သဘောလေ ! ကြိုက်တာရွေး ဒီလ မုန့်ဖိုး အဖြတ်ခံမလား စကားနားထောင်မလား "
"အန်ကယ်လေး !!! "

Destiny Where stories live. Discover now