Ep_33

18.5K 1.3K 35
                                    

Destiny
Ep_33

"ဟယ်လို ရှိန်း ထတော့ အိပ်ပုတ်ကြီး "
"ဘာတွေလာပြောနေတာလဲ သိလို့လား "
"ရှိန်း ရာ စိတ်ဆိုးပြေပါတော့"
"ဒါဘဲ ဖုန်းထပ်မဆက်နဲ့ "
"တီ.... "

ညီမင်းယံ စောစောစီးစီး နှိုးစက်ပေးထားပြီး အစောကြီးနိုးနေသလိုနဲ့ ရှိန်းဆီ ဖုန်းဆက်နေခြင်း ။ လွယ်တော့မလွယ်ဖူး ရိုးသားရတာပေါ့ ။

"ဖုန်းထပ်မဆက်နဲ့တဲ့ အိုခေလေ ညီမင်းယံအကြောင်းကောင်းကောင်း
သိစေရမယ် "

ညစ်ကျယ်ကျယ် တစ်ချက်ပြုံးလိုက်ရင်း ....။

》》》》》》》》

"တင်းတောင် "
"ဒုန်း ဒုန်း ဒုန်း "

"ကျွတ်စ် လူအိပ်ချိန်ကြီး ဘယ်သူလဲကွာ စောစောစီးစီး "

ညက နောက်ကျမှ အိပ်ရလို့ အိပ်ရေးမဝရတဲ့ကြားထဲ ဘလ်သံကြောင့် စိတ်တိုသွားရသည် ။ ဝုန်းခနဲ တံခါးကို ဆွဲဖွင့်လိုက်တော့ ...

"ညီ ! "

အိပ်မက်မက်နေသည်ထင်နေသော်လည်း ကျွန်တော့်ကို ပြုံးပြကာ တစ်ချက်ဝင်တိုက်ပြီး
အထဲဝင်သွားသော ညီ ။

မိုးပြာရောင် တီရှပ်လေးနှင့် အသားရောင် ဘောင်းဘီလေးကြောင့် ပိုပြီး ချစ်ဖို့ကောင်းနေသည် ။

"ညီ ဘယ်ကနေ ဘယ်လို "
"အဟမ်း ရှိန်းဘဲ ဖုန်းထပ်မဆက်နဲ့ဆို "
"အင်းလေ "
"အဲ့တော့ ကျွန်တော်က အိမ်ကိုလိုက်လာရတာပေါ့ "
"မင်းကတော့ကွာ "

မနိုင်ဘူးပုံစံနဲ့ ခေါင်းရမ်းနေသော ရှိန်းပုံစုံက အတော်လေးရယ်ရသည် ။ ခုထိ အိပ်ယာကမထသေးကြောင်း ရှုပ်ပွနေသော ဆံပင်တွေက သက်သေ ။ ဂျေဂျေဘောင်းဘီတိုနှင့် အနည်းငယ် ပေါက်ပြဲနေသော စွပ်ကျယ်ကို တွဲဝတ်ထားသည် ။

"ဒီပုံစံကို ဓာတ်ပုံရိုက်ထားပြီး ရှိန်းကိုကြွေနေတဲ့ ကောင်မလေးတွေကို ပြချင်လိုက်တာ "
"ဘာ ! နေပါဦး မင်းနဲ့ငါနဲ့ ဘာဆိုင်လို့လဲ "
"ရှိန်းကလည်း ညီ့ကို သန့်စင် ခေါ်လို့ပါဗျာ ညီမချော့တတ်ဘူး ရှိန်းရာ စိတ်ဆိုးပြေတော့ဗျာ "

သူ့ကိုယ်သူ ညီလို့ပြောပြီး မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သနားစရာပုံစံလေးနဲ့ လာချွဲနေသော ညီ ။

Destiny Where stories live. Discover now