28.

10.6K 885 22
                                    

Destiny
Ep_28

ကလပ်ကနေပြန်လာတော့ ပင်ပန်းပြီး အိပ်ပျော်သွားတာ မနက် ၁၁ နာရီမှနိုးသည်။

"Stay with me ... "

အိပ်ချင်မူးတူးနဲ့ contact မကြည့်ဘဲ ဖုန်းကောက်ကိုင်လိုက်သည် ။

"အင်း "
"ဘာလဲဟ အိပ်နေတာလား "
"ဘယ်သူလဲ "

တိုးလျလျ ဖြေသံလေးနဲ့ မဖြေချင့်ဖြေချင်ဖြေနေသော ညီ့ကို စိတ်တိုလာသည် ။

"မင်းလင်ဟေ့ မင်းလင် ရှိန်းထက်နိုင် "
"ရှိန်းကလည်း အားကြီးနဲ့ "
"ဘယ်ချိန်ရှိပြီလဲ ခုထိမျက်နှာမသစ်သေးဘူးလား "
"ခုမှနိုးတာ "
"စာကျက်ဖို့စိတ်ကူးထား ! စာမေးပွဲက ဖြေရတော့မယ်ကို "
"ရှိန်းရာ စာအကြောင်းပြောရင်ဘန်းမှာနော် "
"အေး အဲ့ဆို နောက်နှစ်မှ 2nd yr ဖြေလေ"
"ဟာ ပါးစပ်ပုတ်ကြီးနဲ့ ကျွန်တော်ကအောင်မှာ "
"စာကျက်မှာလား မကျက်ဘူးလား ညီမင်းယံ "
"ကျက်ချင်စိတ်မရှိဘူး "
"အဟက် ပြောချင်တာက မိုတီးဗေးရှင်းလိုချင်တယ်ပေါ့ "
"အင်း "
"သေလိုက် ! မင်းခွေးဖြစ်လို့ကတော့နော် ငါကကန်လွှတ်မှာ ခွေးမချစ်တတ်ဘူး အဲ့ကျမှ အမြှီးလာနန့်မပြနဲ့ ပိတ်ကန်မှာ "
"အားးး ရှိန်းစုတ် အစုတ်ပလုတ် အရူးကြီး မီဝေါ့ နောက်ဖုန်းမဆက်နဲ့ ! ဒါဘဲ "
"တီ...."

ဖုန်းချသွားသော ညီမင်းယံ ခွေးပေါက်လေး ...

"ဟားဟားး ညီရာ စိတ်တိုနေတဲ့ အသံလေးကိုက ချစ်ဖို့ကောင်းလိုက်တာ "

ထိုကလေးစာကျက်ဖို့က အရေးကြီးမို့ မက်ဆေ့တစ်စောင် ကောက်ပို့လိုက်ရသည်။

"တီတီ "

ညီမင်းယံ ပြန်အိပ်နေတုန်း အလိုက်ကန်းဆိုးမသိတဲ့ဖုန်းက မက်ဆေ့သံထမြည်သည် ။
စိတ်တိုတိုနဲ့ ဖွင့်ဖတ်ကြည့်မိတော့ ...

"စာမေးပွဲပြီးရင် သွားချင်တဲ့နေရာသွား ! ကိုယ်ကလေးလိုက်ထိန်းပေးမှာမို့ ခုတော့စာကျက် ကြားလား စာမကျက်ရင် ခုချက်ချင်း စော်အကိတ်လေးတစ်ယောက်လောက် ထပ်တွဲလိုက်မယ် "

သွားချင်တဲ့နေရာလိုက်ပို့ပေးမယ်ပြောလို့ ထခုန်မတတ်ပျော်မိပေမယ့် နောက်ကဆက်ပြောတာတွေက ဖြတ်ရိုက်ချင်စရာ !

Destiny Where stories live. Discover now