36.

8.5K 698 5
                                    

Destiny
Ep_ 36

အိပ်ယာပေါ်တွင် ပါးစပ်လေးဟပြီး အိပ်ပျော်နေသော ချာတိတ် ။
ချာတိတ် ဖုန်းက အဆက်မပြတ်လာနေသည် ။

"ဟယ်လို "
"လဒ ! မနက်ကကျ ဖုန်းဆက်နှိုးပြီး ခုကျ ဘောမို့မလာသေးတာလား "

ဖုန်းကိုင်လိုက်သည်နှင့် ဆဲသံအရင်ကြားလိုက်ရသည် ။ အတော်လေး စိတ်တိုနေပုံရသည် ။

"ချာတိတ် အိပ်နေတယ် "
"ဗျာ ဟာ အစ်ကိုလား "
"အင်း ဟုတ်တယ် "
"အော် အင်း ကျွန်တော်တို့ ချိန်းထားလို့ "
"သူလာနိုင်မထင်တော့ဘူး"
"အာ ရတယ်ရတယ် အရေးမကြီးဘူး အဲ့တာဆို ဒါဘဲနော် အစ်ကို "
"အိုခေ အိုခေ "

ဖုန်းချလိုက်ပြီး ကုတင်ဘေး အသာယာဝင်ထိုင်မိသည် ။
ဖြူစင်လွန်းသည့် အိပ်ပျော်နေတဲ့ ကောင်လေးကို ငေးကြည့်နေမိသည် ။

"သာ ကျွန်တော် ပုစွန်မစားချင်ဘူး အပြင်မှာ မုန့်လိုက်ကျွေး "

ရယ်မောနေသော ကောင်လေးငယ်၏ ပုံရိပ်.....

"သာ ကျွန်တော်ကြီးလာရင် သာနဲ့ဘဲ နေမှာနော် သာ မိန်းမ မယူရဘူး သာ ဘယ်သူ့ကိုမှလည်း မချစ်ရဘူး "

ဘယ်သူမှမခေါ်တဲ့ နာမည်နောက်ဆုံးလုံးကို အပိုင်သိမ်းထားပြီး အသက် ကိုယ့်ထက် ၅ နှစ်ငယ်သော်လည်း အစ်ကိုတတ်မခေါ်သည့် ကောင်လေး .....

"အစ်ကို မခေါ်ချင်ပါဘူး သာ့ ကို သာ လို့ ခေါ်ရတာဘဲ ကြိုက်တယ် ကမ္ဘာပေါ်မှာ ကျွန်တော်တစ်ယောက်တည်း ခေါ်မှာနော် "

အလိုလိုက်ထားလွန်းလို့ ကျွန်တော့်အပေါ် သိပ်နိုင်တဲ့ ကောင်လေးငယ် ....

"သာ ကျွန်တော်နဲ့ကစား သာ က ကျွန်တော့်အပိုင် ဘယ်သူ့မှမပေးနိုင်ဘူး သာ ကျွန်တော့်နားမှာဘဲနေ ကျွန်တော့်ကိုဘဲ ချစ်ရမယ် "

ကိုယ်မင်းကိုဘဲ ချစ်တာပါလို့ မပြောခဲ့ရ ...
ခဏတာ ခွဲခွာရခြင်းအတွက် စိတ်မကောင်းပေမယ့် ကိုယ်ကတိတည်မှာပါ ကောင်လေး....

" သာ မသွားရဘူးနော် အီးဟီးးး သာ ကျွန်တော့်ကို ထားခဲ့ပြီး ဘယ်မှမသွားရဘူး ဘယ်နိုင်ငံခြားမှ မသွားရဘူး သာ ကျွန်တော်နဲ့ဘဲ နေရမယ် သာ ကတိမတည်ဘူး သာ့ ကို မုန်းတယ် "

Destiny Where stories live. Discover now