39.

8.9K 687 3
                                    

Destiny
Ep_39

ဘာလိုလိုနဲ့ ကျောင်းခရီးသွားရမည့်အချိန်ကို ရောက်လာသည် ။ အချိန်တွေကုန်တာ အရမ်းမြန်သည် ။ အဲ့တာထက် ချစ်ရသူနဲ့ တွေ့ဖို့အခွင့်အရေးမရှိတော့မှာကို ပိုကြောက်သည် ။

အလွမ်းဆိုတာကြီးကို မခံစားချင်ပါ ။ လွမ်းရမှာကို မုန်းသည် ...ဖြစ်နိုင်ရင် လွမ်းစရာမလိုအောင် တစ်သက်လုံး အတူရှိနေချင်မိသည် ။

သို့သော် ....

"ချာတိတ် လမ်းခရီးမှာ သေချာဂရုစိုက်နော်"
"အင်း "
"ညဖက်တွေ သူငယ်ချင်းတွေစုပြီး ဘီယာတွေမသောက်ကြနဲ့နော် "
"အဲ့တာကတော့ ... "
"သောက်မယ်ဆိုရင်တောင် ငါနဲ့ဘဲသောက် မင်းကိုစိတ်မချဘူး ချာတိတ် "
"အင်း မသောက်တော့ဘူး "
"သွားလေ ကားပေါ်တတ်တော့ "
"ဒါဘဲလား "
"ဟမ် ဘာကိုလဲ "
"ကျွတ်စ် ဘာမှမဟုတ်ဘူး သွားပြီ ! "

မျက်နှာမဲ့ပြီး လှည့်ထွက်သွားတဲ့ ချာတိတ်ကို အမြန်လှမ်းပြောလိုက်ရသည် ။

"ငါမင်းကို လွမ်းနေမယ် ချာတိတ် ! "

ခြေလှမ်းတွေ တုံ့ခနဲရပ်သွားပြီး သန့်စင် နှုတ်ခမ်းထက်မှာ အပြုံးတစ်ပွင့်ဖြစ်ထွန်းခဲ့ပြီး ကားပေါ်တတ်လိုက်သည် ။

~ ကျွန်တော်က ပိုလွမ်းနေမှာကို သာ မှ မသိတာ ~

》》》》》》》

ကားပေါ်တတ်လိုက်သည်နှင့် မြင်လိုက်ရသည့်မြင်ကွင်းများကြောင့် ချက်ချင်းပြေးဆင်းချင်စိတ်ပေါက်မိသည် ။

ညီမင်းယံဆိုတဲ့ လဒ နှင့် သူ့ရဲ့ ရှိန်းက တူတူထိုင်ကာ သာယာနေကြသည် ။
ခြည်ရဲ့ ကိုသူရ ဆိုတဲ့ လူကြီးလည်း ပြောတော့မလိုက်ဖူးလေး ဘာလေးနဲ့ ခုတော့ နောက်ဆုံးတန်းမှာ မိန့်မိန့်ကြီး ။
ကိုယ့်သူငယ်ချင်းထဲက အတွဲတွေကလည်း ကားမထွက်သေးသဖြင့် အလွမ်းသယ်နေကြသည် ။ ခုံလေး တူတူမထိုင်ရတာကို ဖြစ်ပျက်နေကြတာ မပြောချင်ဘူး ။

ခရီးသွားနေတုန်း စောင် RS တွေ ငါ့ရှေ့လာ ro ပြလို့ကတော့ ပြေးရိုက်မှာ !

"သန့်စင် မင်းတော့သွားပြီ "
"ဟမ် ဘာလို့လဲ "
"မင်းနဲ့ တူတူထိုင်ရမယ့်သူက အစ်ကို မင်းခန့်ဇေ "
"Wtf !!!! "
"ဟီး ငါရှိန်းနဲ့ ထိုင်ချင်လို့ နေရာလဲထားတာ"
"သူတောင်းဇား "

Destiny Hikayelerin yaşadığı yer. Şimdi keşfedin