2.

18.4K 1.4K 21
                                    

Destiny !
Ep_2

ကံတရား ဆိုတာ သိပ်ဆန်းကြယ်တယ်ဗျ ခင်များတို့ ယုံမလားတော့ မသိဖူး ။
အချစ်ဆိုတာက ပိုပြီး ဆန်းကြယ်တယ်လို့ ထင်တယ် ။

* ချစ်ခြင်းတရားတွေတိုင်းတော့ happy ending ဖြစ်ချင်မှဖြစ်လိမ့်မယ် *

ပြောရမယ်ဆိုရင် ကံတရားက
စီမံသလိုပေါ့ဗျာ သူ့သဘောပေါ့ .....။

ဒါပေမယ့် လူသားတိုင်းတော့ အချစ်နဲ့ထိတွေ့တတ်ကြတာပဲ ။ အဲ့အချစ်က ပျော်ရွှင်ရသည်ဖြစ်စေ နာကျင်ရသည်ဖြစ်စေ အနည်းဆုံးတော့ ကြည်နူးကြရတာဘဲ !

မြှားနတ်မောင်တို့ ဖူးစားရေးနတ်တို့ ရှိတယ်ဆိုတာတော့ ကျွန်တော် သိပ်မယုံချင်ဘူး ။

အချစ်ရေးမှာ ကံမကောင်းတဲ့သူတွေအတွက်ကျတော့ မြှားနတ်မောင်က ဘက်လိုက်သလို ဖြစ်နေမှာပေါ့ မဟုတ်ဘူးလား ??

>>>>>>>>>>>>>>>>>>>>>>>>

"ညီမင်းယံ ဟိုကောင်မလေးနဲ့မင်း အင်္ကျီအရောင်တူတယ် ကြည့်စမ်း soul mate တွေများလား "

"တော်စမ်းပါကွာ မင်းတို့ ငါ့ကို ဘာလို့ လူတိုင်းနဲ့ လိုက်ပေးစားနေကြတာလဲကွာ "

"မင်းကလည်း "

"မစကြပါနဲ့တော့ကွာ ငါ့မှာ ချစ်ရတဲ့သူရှိနေပြီကွ "

"ဘာ ! တကယ် ? ဘယ်သူလဲ ဘယ်ကလဲ "

"ဖြည်းဖြည်းအော်ပါကွ  မပြောပြဘူးကွာ လုံးဝပဲ "

"မင်းကွာ bff တွေမှ မပြောပြရင် ဘယ်သူ့သွားပြောပြမလဲ မပြောချင်နေပေါ့ကွာ ကိုယ့်ဘာသာ သိရတဲ့တစ်နေ့ မင်းသေဖို့သာပြင်ထား  "

"အဟက် မင်းတို့မသိစေရဘူး "

အဲ့ကောင်တွေက အဲ့လိုပဲ ။ ကျွန်တော့်ကိုဆို တွေ့သမျှ မိန်းကလေးတွေနဲ့ လိုက်ပေးစားနေတာ ။

အမြင်ကတ်လာလို့
ချစ်ရမည့် သူရှိပြီ ဘာညာပြောလိုက်တာ တကယ်တမ်းကတော့ .... အင်း... မရှိပါ ။

ကျွန်တော့်ကို ရင်ခုန်အောင် လုပ်နိုင်သည့် သူဆိုလို့ မရှိသလောက် ... အဲ...

အဲ့အကြည့်စူးစူးတွေ ဟာကွာ ရင်ခုန်ပြန်ပြီလား ကျွတ်စ် မဖြစ်နိုင်တာ !

Destiny Kde žijí příběhy. Začni objevovat