4.

13K 1.2K 58
                                    

Destiny
Ep_4

ရှိန်းထက်နိုင် အိမ်ရောက်တော့ လိုင်းဖွင့်ပြီး  ညီမင်းယံ ဆိုတဲ့ နာမည်ကိုရှာကြည့်မိသည်။

"ငါ့ကို add ထားတာပဲ "

ကိုယ့်ကိုယ် add ထားမှန်းသိတောင်မသိ ...
ရှိန်းထက်နိုင်ဆိုသည်မှာလည်း fri request တက်ရင် ကြည့်တောင်မကြည့် !

"ဒီကောင်လေး wall ထဲဝင်ကြည့်မိတာ မသောက်ဘဲမူးသွားတာဘဲကွာ "

Wall တစ်ခုလုံး ရုပ်ရှင်အကြောင်း သီချင်းအကြောင်း စာအုပ်တွေ အကြောင်းနဲ့ပြည့်နေရော ။

ရုပ်ရှင်မှ နိုင်ငံကိုစုံတာ... တရုတ် ဂျပန် ကိုရီးယား အင်္ဂလိပ် ထိုင်း ဖိလစ်ပိုင် အကုန်ပါသည့် အပြင် ကာတွန်းတွေရော ။

တင်ထားလိုက်တဲ့ ကိုရီးယားမင်းသမီးပုံတွေကလည်း မနည်းမနော ။ သူ့ပုံအောက်မှာလည်း ကောင်မလေးတွေ ဝင် ment ထားတာ ဘာသာကိုစုံနေတာပဲ ။ oppa ခေါ်တဲ့သူနဲ့ gege ခေါ်တဲ့သူနဲ့ P' ခေါ်တဲ့သူနဲ့ Senpai  ခေါ်တာတွေက ရှိသေး ။

ရှုပ်ယှက်တွေခက်နေမှု ။ သိချင်လို့ ဝင်ကြည့်မိတဲ့ ရှိန်းထက်နိုင်အမှား ။

"ရှိန်းက တော်တော်ထန်တာဘဲကွာ
ထန်တာမှ ပေါ်တင်ကြီးကို ထန်တာ ပါ့ပလစ်နဲ့ထန်တာ "

>>>>>>>>>

ညီမင်းယံ တကယ်အံ့ဩမိသည် ။
ဘယ့်နှယ့် ရှိန်း wall တစ်ခုလုံးက အကိတ်မတွေ ထိုင်းမချောချောလေးတွေ sexy မင်းသမီးပုံတွေနဲ့ ပြည့်နေသည်လေ ။

"စောင်ကျိုးနည်း ဘာပုံတွေလဲ "

ဟိုးအရင်က သူ့ပုံတွေက တော်တော်လေးကိုရယ်ရသည် ။ စိတ်ကုန်ဖို့လည်းကောင်းသည် ။

My day ဝင်ကြည့်မိတော့ လန့်ပြီး ဖုန်းတောင် လွှတ်ချမိသည် အထိ ။

"အမလေးး လခွမ်း ဘာပုံကြီးလဲကွာ ဒီလူကြီး ရူးနေတာများလား "

တကယ်ပါ မျက်နှာအနီးကပ်ပုံကြီးကို မဲ့ရွဲ့ပြီး ရိုက်ထားတော့ တော်တော်လေး စိတ်ကုန်ဖို့ကောင်းသည် ။

"ငါရူးနေလို့ ဒီလောက်ရုပ်ဆိုးတဲ့သူကို ချစ်မိသွားရတာလား "

Destiny Where stories live. Discover now