18.

10K 892 5
                                    

Destiny
Ep_18

ကျွန်တော် စင်ပေါ်မှာဖျော်ဖြေနေစဉ် ရှိန်း က ကျွန်တော့်ကို သေချာကြည့်နေခဲ့သည်မို့ သီချင်းရပ်တာနဲ့ ဝမ်းသာအားရ ရှိန်းရှိတဲ့နေရာဆီ ပြေးသွားမိသည် ။
သို့ပေမယ့် စောင့်ကြိုနေသည်မြင်ကွင်းက ရင်ဝကိုစောင့်ကန်လိုက်သလိုပင် ။

ရှိန်းက ကောင်မလေးတစ်ယောက်နဲ့ ပြုံးပြီး စကားပြောနေသည် ။ တိတိကျကျပြောရရင် အတော်လှတဲ့ကောင်မလေး ...။

ဖြူဝင်းသောအသားအရည်.... နက်မှောင်ရှည်လျားသော ဆံနွယ်....
ထူထဲသော မျက်ခုံး....
ဝိုင်းစက်နေသော မျက်ဝန်း ...
ရှည်ပြီးကော့နေသော မျက်တောင်များ....
ညီညာနေသော သွားများ ...
လှပသော နှုတ်ခမ်းလွှာ...
ကျော့ရှင်းသော လည်တိုင် ....
အချိုးအဆစ်ကျသော ခန္ဓာကိုယ် ...
အင်တာနေရှင်နယ် အရပ် ....။

တစ်ခါကြည့်မိတိုင်း ၂ ခါပြန် ငေးရလောက်အောင်လှသည် ။
ထိုင်းမင်းသမီးတွေနဲ့ မှားရလောက်အောင်လှသည် ။
ကျွန်တော်ကိုယ်တိုင် အကြည့်မလွှဲမိလောက်အောင်ကိုလှသည် ။
အေးမြတဲ့ အလှပိုင်ရှင်မျိုးဖြစ်သည် ။

"ရှိန်း "
"ဩော် ညီ ပြီးပြီလား "
"အင်း ဒီက မမက ? "
"မ ကို မသိဘူးလား ဒီကျောင်းမှာ သွေးရောင်ခြယ်ကို မသိတဲ့သူ ခပ်ရှားရှားကို တကယ်မသိဘူးလား ညီ "
"ဗျာ ဟုတ် "
"Chem final yr က လေ "
" အော် "
"ပြီးတော့ ကိုယ့်ရဲ့အရင်ချစ်သူ ရည်းစားဟောင်း လက်ရှိကိုယ့်ဖက်က တစ်ဖက်သက် ကြိုက်နေတဲ့သူ "

စကားတစ်ခွန်းကလည်း ရင်ဖက်တစ်ခုလုံး
စုတ်ပြတ်သတ်သွားသလို ခံစားရစေတယ်လား ....။
ကျွန်တော်ချစ်ရသူရဲ့ ချစ်ရသူတဲ့ ...
ကမ္ဘာပေါ်မှာ ရင်နာဖို့အကောင်းဆုံးစကားပါလား ....။

"မောင် ကလည်း တည့်တိုးတွေမပြောစမ်းနဲ့"
"မ က ကိုယ့်ကိုယ်မှအဖြေပြန်မပေးတာ"
"ကျွတ်စ် မောင် ရာ ခက်လိုက်တာ "
"မရယ် မောင့်ကို မသနားဘူးလားဟင်"
"မ အတွက်တော့ မောင်က  မ တွဲလာခဲ့တဲ့ ex  တွေထဲက တစ်ယောက်ထက် မပိုဘူး"
"မောင် က မ ကို ချစ်တယ်လေ "
"မောင် မ ကို တကယ်မချစ်ပါဘူး အချစ်နဲ့တွေ့မှ နောင်တမရနဲ့ "
"မောင့် အချစ်ကို ဘယ်လိုသက်သေပြမှ မ ယုံမှာလဲ "

Destiny Opowieści tętniące życiem. Odkryj je teraz