14.

10.7K 981 10
                                    

Destiny
Ep_14

"ရှိန်း က စာခိုးချတယ်ဆို "
"အင် ညီ ဘယ်လိုသိလဲ "
"အဟမ်း စီနီယာမမ တစ်ယောက်ပြောပြတာ "

ကျွန်တော်က တစ်မေဂျာလုံးနဲ့ ရင်းနှီးတဲ့သူဆိုတော့ ရှိန်း အကြောင်းတွေ စုံစမ်းရလွယ်ပါတယ် ။ ကျွန်တော်နဲ့ သိတဲ့ စီနီယာအမက အကုန်ပြောပြထားတယ် ။
ရှိန်း ဘယ်လောက်ထိဆိုးကြောင်းကို ....။
စောင် play boy ကောင် တွေးရင်း ဒေါသထွက်တယ် အားနေ ဘား သွားနေတယ် ။

"အဲ့တာက ကျက်ရမှာပျင်းလို့ပါ ညီရ "
"၂ ပုဒ်လောက် ခိုးချနိုင်တယ်ဆိုတော့ စကေးပေါ့ "
"ညီကအသေးစိတ်ကို သိနေတာဘဲ "
"ပြောပါဦး နာရီနဲ့ခိုးချတဲ့အကြောင်းလေး"
"ဟာ ညီရာ တော်ပါတော့ ခိုးချပေမယ့် ကိုယ်စာတွေနားလည်ပါတယ် ညီ့ကိုတော့ ရှင်းပြနိုင်ပါတယ်ကွာ "
"ဟဟ ဟုတ်ပါပြီ "

ကျွန်တော်ပြောလိုက်တော့ ရှိန်း က ရှက်ပြီး မျက်နှာကြီးငုံ့ပြီး ရယ်ရင်း ပြောနေသည် ။
ဟာ ခင်များကြီးက ရှက်တတ်တယ်လား ?
ချစ်ဖို့ကောင်းလိုက်တာဗျာ ရှိန်း.. ကျွန်တော့်ရဲ့ ရှိန်းလေးက ။
ခုနက ဒေါသထွက်သွားတာလေးတောင် ရှိန်း ရဲ့ အပြုံးတွေမြင်ပြီး ဘယ်ရောက်သွားမှန်းမသိ ။

ဩော် အချစ်ဆိုတာ သူဘယ်လောက်ဆိုးနေပါစေ သူ့အပြုံးကိုမြင်တာနဲ့ အရာရာခွင့်လွှတ်ပေးနိုင်တာမျိုး ။

"ညီ ဘာတွေတွေးနေတာလဲ "
"အာ ဘာမှမဟုတ်ဘူး ဟီး "
"ညီ ရော ခိုးမချဖူးဘူးလား "
"ကျွန်တော်က စာမေးပွဲမှာတော့ မလုပ်ရဲဘူးဗျ "
"ဒါဆို ကျုတို ? "
"ဟဲဟဲ ဟုတ်တယ် ခုံမှာစာရေးတယ် နံရံမှာရေးတယ် အင်း ပြီးတော့ ဖုန်းနဲ့ခိုးချတယ် "
"ဟာ "

ရှိန်းထက်နိုင် တကယ်အံ့ဩသွားသည် ။
ဒီကောင်လေးက သူ့လောက်ထက်မဆိုးရင်တောင် သူ့လောက်နီးနီးတော့ ဆိုးတာဘဲ ....

"ညီ ညနေအချိန်ရှိသေးလား "
"မရှိတော့ဘူးလေ "
"အဲ့တာဆို ကိုယ်လည်း ညနေအားနေတာဘဲ စာကြည့်တိုက်သွားမယ် ကိုယ်စာရှင်းပြမယ်"
"ဟုတ်"
"ညီ အကတိုက်ဖို့ ရှိသေးလား "
"ရတယ် ကျွန်တော့်ကို ခြည် train ထားတာ တော်တော်များနေပြီ မျက်စိမှိတ်ပြီးတောင် ကလို့ရနေပြီ "
"ဟားဟား ဟုတ်ပါပြီ ဒါဆို မြန်မြန်စား ပြီးရင်သွားမယ်"
"ဟုတ် "

Destiny Where stories live. Discover now