Destiny
Ep_38
အိပ်ယာနိုးတာနဲ့ ပြင်ဆင်ပြီး အသာလေး အိမ်ကထွက်မည်အလုပ် မွေးသမိခင်၏အသံကို ကြားလိုက်ရသည် ။
"ညီမင်းယံ ဒါကဘယ်လဲ "
"ဟာ အိုမား အလုပ်မသွားသေးဘူးလား "
"ခဏနေမှသွားမှာ "
"ဟီး မေဂျာ လေ့လာရေးခရီးအတွက် လိုအပ်တာလေးတွေ ထွက်ဝယ်မလို့ပါ "
"ကျောင်းပိတ်တာ သင်တန်းလေးဘာလေး တတ်ဖို့ စိတ်မကူးဘူးလား လက်ယားလက်ယားလျှောက်သွားနေတာဘဲ "
"အိုမားကလည်း ခရီးတွေလည်း သွားရဦးမှာကို "
"ပြောကို မပြောချင်တော့ဘူး "
"ဟီး သွားပြီနော် "
တကယ်တမ်းက ရှိန်း နဲ့ ၂ ယောက်တည်း ချိန်းထားလို့ စောစောစီးစီး ထွက်လာခြင်းဖြစ်သည်။
ဒီနေ့တော့ ၂ ယောက်တည်း date မလို့ ကြံစည်ထားခြင်း ။ သို့ပေမယ့် ညီမင်းယံဆိုတာက နေပူနည်းနည်းလေးထိရင်ကို လူက သေမလိုတွေခေါင်းကိုက် နှာတွေစီးလာတော့ ဘယ်မှမသွားချင် ။
ဆိုတော့ကာ ရှိန်း အိမ်မှာဘဲ date ဖြစ်ကြသည် ။
ကျွန်တော့်အတွက်ကတော့ ချစ်သူနဲ့ date တယ်တို့ ဘာတို့ဆိုတာတွေက အပြင်တွေလျှောက်သွားရတာမျိုး သိပ်မကြိုက်ဘူး ။ နဂိုအပျင်းကြီးတဲ့သူမို့ အပြင်တစ်ခါတစ်ခါထွက်ဖို့ သိပ်ရှားသည် ။
ပိုဆိုးတာက နေပူတာ မုန်းပါတယ်ဆို မြန်မာနိုင်ငံမှာက အချိန်ပြည့် နေပူနေတာမို့ အပြင်သိပ်မထွက်ချင် ။
ကျောင်းတောင် မကောင်းတတ်လို့ တာဝန်အရ သွားတတ်နေရခြင်း ။ ဒါတောင် စောင်သူငယ်ချင်းတွေကပိတ်ရက်တွေဆို အတင်းလာခေါ်ကြသည် ။ သူတို့ကျေးဇူးနဲ့ အပြင်ထွက်ရမှာ မုန်းတဲ့သူက အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားတဲ့အလား အိမ်မှာကို ကောင်းကောင်းမနေရ ။
"တင်းတောင် "
ပွင့်သွားသော တံခါးချပ်တွေရဲ့ အနောက်မှာ လွမ်းနေရသော မျက်နှာလေးတစ်ခု ပေါ်လာသည် ။ ကျွန်တော့်ရဲ့ နှလုံးသားလေးဟာလေး ရင်ခုန်သံတွေ ရပ်တံ့မရနိုင် ။ ကျွန်တော့်ကို မြင်သည်နှင့် ပြုံးပြလိုက်သော နွေးထွေးသည့်အပြုံးတစ်ခု က ကျွန်တော့်အတွက် ပြီးပြည့်စုံတဲ့ မနက်ခင်းတစ်ခုဖြစ်စေသည် ။
"လာလေ ညီ "
"ခုမှနိုးတာလား "
"အင်း ညီဘာစားပြီးပြီလဲ "
"ဟင့်အင်း ရေချိုးပြီး တန်းထွက်လာတာ "
"လာထိုင် "
ထိုင်လို့ ပြောလိုက်သော ရှိန်းရဲ့စကားကို ဝုန်းခနဲ ရှိန်း ရင်ခွင်ပြေးဝင်ခြင်းဖြင့် လိုက်နာသည် ။ ဆောရီး ... ရှိန်း ကျွန်တော်လွမ်းနေလို့ ။
"လွမ်းနေတာ ရှိန်းရဲ့ "
"ကိုယ်လည်း လွမ်းနေတာ ညီ "
တင်းကြပ်စွာ ပြန်ပွေ့ဖက်လိုက်တဲ့ ရှိန်းကြောင့် ကြည်နူးမိရသည် ။
"အချွဲလေး လွှတ်တော့ ကိုယ်မင်းလေး စားဖို့ တစ်ခုခုလုပ်ပေးမယ် "
"ကျွန်တော်ကူလုပ်ပေးရဦးမလား "
"တော် တော် ငြိမ်ငြိမ်လေးထိုင်နေတာက ကူညီတာနဲ့ တူတူဘဲ ညီ ကိုယ် မီးသတ်ကားခေါ်ဖို့ ပိုက်ဆံမရှိသေးဘူး "
"အာ ရှိန်းရာ "
မျက်နှာတွေ ရဲသွားသည့် ညီ့ပုံစံလေးကို တစ်ဝကြီးထိုင်ကြည့်ချင်သေးသော်လည်း မီးဖိုခန်းထဲသွားပြီး ထမင်းနဲ့ အသီးရွက်ကြော်ကို ကိုယ်တော်လေးစားဖို့ ပြင်ဆင်ရသည် ။ ဒီကလေးက မနက်ဆို ထမင်းဘဲ စားသည် ။ ကော်ဖီတွေ မုန့်တွေ မစား ။
မနက်အစောကြီးလည်း ဘာမှစားလေ့မရှိဘူးတဲ့လေ ။ အနည်းဆုံး ၁၁ လောက်မှ ထမင်းစားဖြစ်သည်တဲ့ ။
ခုလည်း အိမ်ကနေဘာမှစားမလာဘူး ။
ဘယ်လိုဟာလေးမှန်းကို မသိဘူး ။
မီးဖိုပေါ်က ထမင်းကြော်အိုးကို မွှေနေရင်း အနောက်ကနေ ခါးကိုသိုင်းဖက်လိုက်တဲ့ လက်ကလေးတွေ ။ ဒီကောင်လေးနှယ် လူကို ရင်ခုန်အောင်လုပ်နေပြန်ပြီ ။
"မွှေးလိုက်တာ "
"ဗိုက်ဆာနေပြီလား "
"ဟင့်အင်း ရှိန်းရဲ့ ကိုယ်သင်းရနံ့လေးကိုပြောတာ "
"ဒီလောက် စကားတတ်တဲ့ ဟာလေး စိတ်ရှိလက်ရှိ ဆွဲဖက်ပြီး ရင်ခွင်ထဲကောက်ထည့်ပလိုက်ရ "
"ဟီး "
တကယ်တော့ ထမင်းကြော်နံ့က ဆွဲဆောင်မှုအားကောင်းလွန်းလို့ ညီမင်းယံ နောက်ဖေးရောက်လာခြင်း ။ ဗိုက်ဆာတာမှ ဗိုက်ထဲမှာ world war ဖြစ်နေသလား မှတ်ရတယ် ဆူညံနေရော ။ ဒီလိုဘဲ ပြောတတ်ရတာပေါ့ ဟိဟိ ။
"ရှိန်း "
"ပြော"
"ဒီလိုမျိုးလေး နေ့တိုင်း ရှိန်းမျက်နှာလေးကြည့်နေရင်း မနက်စာ တူတူစားချင်လိုက်တာ "
"ညီ အဲ့လိုဖြစ်ချင်ရင် ဖြစ်ရမှာပေါ့ ညီရယ် "
"ကျွန်တော်ကလေး ခများကြီးကို မြင်နေရရင်ကို စိတ်ထဲမှာ ကြည်နူးပြီး ပြောမပြတတ်အောင် ပျော်နေမိတာ "
"ကိုယ်ကတော့ မင်းလေးကို မြင်ရင် ပြောမပြတတ်အောင် အသည်းတွေယားတယ် ဘာတွေနဲ့ ဖမ်းစားထားတာလဲ မှော်ဆရာလေး "
"ဟားဟား ဒီလိုဘဲ ပြုစားတတ်ရတာပေါ့ "
တစ်ယောက်နဲ့ တစ်ယောက်ကြည်ကြည်နူးနူးကြည့်ပြီး ရယ်သံလေးတွေနဲ့ မနက်ခင်း ထမင်းဝိုင်းဟာ အသက်ဝင်လှုပ်ရှားလျက်ရှိသည် ။
ကျွန်တော့်အတွက်တော့ ထူးထူးခြားခြား date တွေ suprise တွေ မလိုဘူး ချစ်ရသူနဲ့ အတူရှိနေရတာကိုက အကြီးမားဆုံး ပျော်ရွှင်မှုဖြစ်နေပြီ ။
"ဘာကားကြည့်မလဲ "
"ကာတွန်းကား "
"ကလေးလည်းမဟုတ်ဘဲ ညီရာ "
"ကလေးမှ ကာတွန်းကားကြည့်ရတယ်လို့ ဘယ်ပညာရှိကမိန့်ထားလဲ "
"မနိုင်ဘူး တကယ် "
နေ့လည်နေ့ခင်း အပြင်မှာ နေတွေပူနေတဲ့အချိန် ကျွန်တော်ကတော့ ရှိန်းရင်ခွင်ထဲဝင်ပြီး အေးအေးဆေးဆေး ကာတွန်းကားထိုင်ကြည့်နေသည် ။ အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေကို နေပူထဲသွားပြီး ကြည့်ရမှာထက် အိမ်မှာဘဲ အေးအေးဆေးဆေး ချစ်ရသူရင်ခွင်ထဲ ခိုနားပြီး သာသာယာယာကြည့်ရတာမျိုး
ပိုကြိုက်သည်။
"ညီ "
"...."
"ညီ "
"....."
အိပ်ပျော်နေတဲ့ ကောင်လေး ။ အသည်းယားစရာကောင်းအောင် ညီ့အပြုအမူတိုင်းက ချစ်ဖို့ကောင်းသည် ။ ဘာမှမလုပ်ဘဲ ဒီတိုင်းလေး အိပ်နေသည်ကိုက ဖြူစင်လွန်းတဲ့ ကလေးငယ်အလား အပူပင်ကင်းပြီး ချစ်ဖို့ကောင်းသည် ။
ကာတွန်းကား အသံကိုတိုးရင်း
အိပ်ပျော်နေတဲ့ ညီ့ရဲ့ ပါးလေးကို နှာခေါင်းလေးနစ်ဝင်သည်အထိ
မွှေးလိုက်ကာ ရင်ခွင်ထဲ
အပြည့်အဝသွင်းထားလိုက်သည် ။
》》》》》》》》》
"ဟယ်လို အေးပြော ခြည် "
"ဟဲ့ မသာ သေပြီလား ဘယ်မှာလဲ "
"အိမ်မှာ "
"Freedom ကိုလာခဲ့ ငါတို့ မြို့ထဲရောက်နေလို့ "
"ဟာကွာ ငါခုမှ ဆေးရုံဆင်းတာကို "
"ဆေးရုံ ? ဘယ်သူဘာဖြစ်လို့လဲ "
"ငါ့အကြောင်းနဲ့ငါပါ အင်းပါ လာခဲ့မယ် "
"ပြီးရော မြန်မြန်လာ "
"အေး "
ဖုန်းချပြီး အင်္ကျီလဲဖို့ ချွတ်ကာရှိသေး လူကို စူးစိုက်ကြည့်နေသော ဦးသာကြောင့် ကြက်သီးတောင်ထသွားသည် ။
"ဘယ်လဲ "
"သူငယ်ချင်းနဲ့ ချိန်းထားလို့ "
"ငါလည်းလိုက်မယ် "
"အာ ဦးသာရာ ဘာလိုက်လုပ်မှာလဲ "
"ဘာလဲ မင်းကမလိုက်စေချင်ဘူးလား "
"အင်း မရဘူး မလိုက်နဲ့ "
လိုက်လို့မရပါဘူး ဦးသာကိုမြင်ရင် ပစ်ကြွေကြမယ့် စောင် bff မ တွေရန်ကြောက်ရသေးသည် ။
ဦးသာ ရုပ်ရည် ၊ အရပ်အမောင်း ၊ ဘော်ဒီ ...အင်း ... မဖြစ်ပါဘူး သဝန်တိုတာရယ်လို့တော့ မဟုတ်ပေးမယ့်လည်း မဒီတွေ ကြွေရင် ဒီဦးလေးကြီး ဘဝင်မြင့်သွားမှာစိုးလို့ ။
"ဝုန်း "
"အင့်...သေပါပြီ "
ရုတ်တရက်ကြီး နံရံကိုဆောင့်တွန်းလိုက်ပြီး ဦးသာ လက်က နံရံမှာထောက်ထားသည် ။
" သာ ...ဦးသာ ...ဘာ ..လုပ်..တာ...လဲ "
"ဘာလုပ်မယ်ထင်လဲ ချာတိတ် "
"သာ အရင်ကနဲ့ မတူတော့ဘူး "
"မင်းကတော့ အရင်လိုဆိုးတုန်းဘဲ "
"သာ ဖယ်ဗျာ "
"ခုမှ သာ တွေ ဘာတွေလာလုပ်မနေနဲ့ မရတော့ဘူး "
"ဦးသာ ! ဖယ်ဗျာ ကျွန်တော်နောက်ကျနေပြီ"
ရုတ်တရက်ကြီး အနားကပ်လာပြီး နှုတ်ခမ်းကို စိုက်ကြည့်နေသည့် လူကြီးကြောင့် မျက်လုံးမှိတ်ထားလိုက်မိသည်။
သို့သော် နူးညံ့မှုက နှုတ်ခမ်းထက်ကိုရောက်မလာ။
မျက်လုံးအသာယာဖွင့်ကြည့်တော့ နှုတ်ခမ်းစွန်းတစ်ဖက် ကော့တတ်သွားအောင် ပြုံးနေသည့် ဦးလေးကြီး ။
"ဖယ် "
မျက်နှာတွေ နီရဲလာပြီး ရှက်သွားတဲ့ ချာတိတ်က အတင်းရုန်းကာ တွန်းထုတ်နေသည် ။ ချာတိတ် လက်တွေကိုချုပ်လိုက်ပြီး လည်တိုင်ဖြူဖြူလေးတွေဆီ ဦးတည်လိုက်သည် ။ မိန်းမောသွားလောက်အောင် ချိုမြိန်မှုကြောင့် အသွေးအသားတွေကို ပိုပြီးဆာလောင်စေသည် ။
"ချစ်တယ် ချာတိတ် မြန်မြန်ပြန်လာခဲ့ "
မျက်လုံးလေး မှေးစင်းနေကာ နှုတ်ခမ်းလေးကိုက်ထားသော ကောင်လေးက ကျွန်တော့်အပြောကြောင့် မျက်လုံးအဝိုင်းသားလေးဖြင့် ပြန်ကြည့်သည် ။ အိပ်မက်မက်နေဆဲ လူသားလေးအလား ။
"အမ် အင်းအင်း သွားပြီ "
ကြောင်ကြည့်နေရာမှ အတော်လေးရှက်သွားပုံရသည် ။ ပါးတွေရဲတတ်လာပြီး တွေ့ရာအင်္ကျီကောက်ဝတ်ပြီး ပြေးထွက်သွားသည့် ချာတိတ် ပုံစံလေးကချစ်စရာ ။ ဒီလိုကောင်မျိုးလေးက မိန်းကလေးတွေ အသည်းကို ကစားခဲ့တဲ့ playboy လို့ ပြောရင် ယုံရက်စရာတောင်မရှိဘူး ။
》》》》》》》》》
ညီမင်းယံ freedom ရောက်သည်နှင့် လူစုံတတ်စုံ မြင်လိုက်ရသည် ။ အဲ့ဟာတွေ သိပ်တော့မကြည် ။ ဘယ်နှယ့် ရှိန်းနဲ့ ၂ ယောက်တည်း ကြည်နူးနေသည်ဆိုကာမှ ရုတ်တရက် ထွက်လာခိုင်းကြသည် ။
အဖျက်သမား FA တွေ !
တစ်သက်လုံး စောင် FA ဘဝက မကျွတ်ပါစေနဲ့ !
"မင်းယံရယ် မျက်မှောင်ကုတ်နေတာကြီး လျော့စမ်း "
"ကျွတ်စ် ဘာလဲဟာ ဘာလို့ခေါ်တာလဲ "
"ဟဲ့ ခရီးသွားဖို့ ကိစ္စတွေ လိုအပ်တာလေးတွေ စီစဉ်ရအောင်လေ "
"အင်း အင်း ပြီးရော "
သန့်စင်တစ်ယောက်ကျန်သေးတာမို့ စောင့်ရင်းမုန့်တွေထိုင်စားနေလိုက်သည် ။
နောက်ဆုံးမှ ရောက်လာသော သန့်စင်ကို ကြည့်ရင်း ခြည်က တအံ့တဩ မေးသည် ။
"ဟဲ့ ဟဲ့ နင် ... နင် ..ဘယ်ကလာတာလဲ "
"အိမ်ကပေါ့ နင်ခေါ်လို့ ကမမ်းကတမ်းပြေးလာရတာလေ "
"အိမ်မှာ ဘယ်က ကောင်မလေးရှိလဲ "
"ဘာတွေလာမေးနေတာလဲဟာ မောရတဲ့အထဲ "
"ဒါဆို လည်ပင်းက marking အရာက ဘယ်သူ့လက်ချက်လဲ "
"ဘာ "
အလန့်တကြား ဖုန်းမှန်ကို ဖွင့်ကြည့်မိတော့
လည်တိုင်မှာ နီရဲနေသည့် အမှတ်အသား ။
အားးး ဦးသာ ! ကျွတ်စ် နေမင်းထက်သာ ဆိုတဲ့ ဦးလေးကြီး လူကိုအရှက်ခွဲတယ် တွေ့မယ် ဒင်းတော့ ။
"နေပါဦး အိမ်မှာဆို အစ်ကိုတစ်ယောက်ဘဲ ရှိတာ မဟုတ်ဘူးလား "
စောင်အလိုက်မသိတဲ့ ညီမင်းယံ တော်တော်မွှေတဲ့အကောင် ! ဒီလိုအချိန်မျိုးမှ ဆေးထိုးရသလား ။
သန့်စင်လေးရေ ခံဟ ။ ဒါဝဋ်လည်တာဘဲ ။
"ဘာ အစ်ကိုဟုတ်လား ပြောစမ်း မင်းယံ ဒီအကောင် ငါ့ကို ဘာတွေလျှိုထားတာလဲ "
ညီမင်းယံ သိပ်မပြောပြချင်ဘူးထင်သည် ။ စတွေ့သည့်အကြောင်းကစပြီး အကုန်ကို ထိုင်ပြီး ဖောက်သည်ချနေသည် ။
"အား ငါသေပြီ ငါသေပြီ အိုမိုနား သန့်စင်လေးက ဒီလောက် မိုက်တဲ့ ကိုကိုရှိတာတောင် ငါနဲ့မိတ်ဆက်မပေးဘူး အိုမိုအိုမို ပြောစမ်း ဘယ်အခြေနေတွေ ရောက်နေလို့ လည်ပင်းက .... အာ ... တစ်ခန်းတည်း နေတာဆိုတော့ ....အားးး "
"စောင်ဝက်မ လျှောက်မတွေးနဲ့စမ်း နင်ထင်သလိုထိမဟုတ်သေးဘူး "
"မဟုတ်သေးဘူးဆိုတော့ ...ဟိဟိ ဟုတ်လာနိုင်တယ်ပေါ့ "
"မသာမ ! "
"အိုရ် အိုရ် ခြည်လေး ကံကောင်းချက်များ အုကဲ ၂ ကောင်ကို သူငယ်ချင်းတော်ထားရတယ်လို့ ဟိဟိ အရှင်လတ်လတ် နှာခေါင်းသွေးလျှံစရာတွေ မြင်ရတော့မယ် "
"စောင်အထန်မ "
အပေါ်ထပ်မှာထိုင်ကြသည်မို့ လူရှင်းသည် ။
ပြောရရင် ကိုယ်တွေတစ်ဖွဲ့သာရှိသည် ။
စကားပြောရ ဆွေးနွေးရ အတော်လေး အဆင်ပြေသည် ။ ခရီးအတွက် လိုအပ်တဲ့ စာရင်းတွေ ချရေးနေတုန်း တခြားသူတွေ ရောက်လာကြသည် ။
အဲ့အထဲက တစ်ယောက်က ညီမင်းယံ ကိုမြင်တာနဲ့ ပြေးလာပြီး အလွန်တရာချွဲပစ်သောအသံဖြင့် နှုတ်ဆက်လေသည် ။
"မင်းယံ တို့ကို မှတ်မိလား "
"ဗျာ .. အယ် မသိ ..."
"အာ ...... မင်းယံလေးကလည်း တို့ကလေ မင်းယံလေးနဲ့ တစ်ခါတွေ့ဖူးတယ်လေ အန်တီ့ဆီလာရင်းနဲ့ "
"ဩော် အင်း ဟုတ်လား မသိဘူး "
"အင် ! "
ကျွန်တော် အမှန်တိုင်းပြောလိုက်ခြင်းသာ ဖြစ်သည် ။ တကယ်လည်း ကျွန်တော်က လူတွေကို တစ်ခါမြင်ဖူးရုံနဲ့ မမှတ်မိ ။ ၃ ၄ ခါ မြင်ရင်တောင် ဝေဝါးဝါးလေး မှတ်မိရုံ ။
အမေ့ အသိတွေဆိုပိုဆိုး အမေက မိတ်ဆတ်ပေးလိုက် ကျွန်တော်က မမှတ်မိလိုက်နှင့် ။
ရှိန်း ကသာ ကျွန်တော့်ရဲ့ ချွင်းချက် ။
တစ်ခါမြင်ဖူးရုံနဲ့ နှလုံးသားထဲ စွဲထင်နေခဲ့သည် ။ ရင်ခုန်သံတွေ အဆမတန်မြန်စေခဲ့သည် ။
"မင်းယံက dancer ဆို တို့ကို အကသင်ပေးပါလား "
"ဗျာ "
ခြည် ဒီလောက် ချွဲပစ်ပြီး အော်ဂလီဆန်စရာကောင်းတဲ့ အသံကို ဆက်နားမထောင်နိုင်တော့ ။ မိတ်ကပ်ဗူး မျက်နှာပေါ် မှောက်ကျထားသလား ထင်ရအောင် လိမ်းထားတဲ့ တစ်ယောက်အနား သွားထိုင်လိုက်ပြီး အလွန်တရာမှ ရွံစရာကောင်းသည့် အသံမျိုးဖြင့် စကားစလိုက်သည် ။
"ညီမလေးက အကသင်ချင်လို့လား တို့သင်ပေးမှာပေါ့ တို့က အကသင်ပေးရတာ တအားစိတ်ဝင်စားတာ ညီမလေးက ကိတ်တယ်နော် အဟင်းဟင်း အကသာ ကလိုက်ရင် အတော်လေး ကြည့်ကောင်းမှာဘဲ "
ထိုမိန်းကလေးတော့ မပြောတတ် သန့်စင်တော့သောက်နေတဲ့ အအေးပြန်ထွက်လောက်အောင်ထိ ရွံစရာကောင်းတဲ့ အသံမျိုး ။ ခြည်မှ ဟုတ်ရဲ့လား ပြန်ကြည့်တော့လည်း ခြည်စစ်စစ် ။
"ရှင် အမ "
"ညီမလေးဘဲ အကသင်ချင်လို့ဆို "
ရုတ်တရက် ခြည့်လက်က ထိုမိန်းကလေးရဲ့ ပေါင်ကိုပွတ်လိုက်ရင်း ညုတုတုအသံဖြင့် ပြောလေသည် ။ ထိုမိန်းကလေးတော့ မသိ ညီမင်းယံတော့ စားထားတာတွေတောင် အန်ထွက်ချင်လာသည် ။
"အ... အမ "
"Aigooo ချစ်ဖို့ကောင်းလိုက်တာ ... ဒီက ညီမလေးက မိန်းကလေးတွေ စိတ်ဝင်စားလားဟင် "
"ရှင် "
"ဟင်းဟင်း အမက ၂ ယောက်တည်း သေချာကို အမ အိမ်မှာ အကသင်ပေးမယ်လေ "
"ဟို အမ ! ရတယ် အဲ့လောက်ထိ အရေးမကြီးပါဘူး ညီမ သွားစရာရှိတာ ခုမှသတိရလို့ ဟို သွားလိုက်ဦးမယ်နော် မင်းယံ "
ပေါင်ပေါ်က လက်ကို အမြန်ဖယ်ထုတ်ရင်း ကမမ်းကတမ်း ထပြေးသွားသည် ။ ကိုယ်တွေတောင် ဒီလောက်ထိ ဖြတ်ရိုက်ချင်နေတာ ထိုမိန်းခလေးဆို ပိုတောင်ဆိုးလိမ့်ဦးမည် ။
"အံ့ဩဘ ! ငါ့ကလေးတွေကို လာကြောင်ချင်နေသေးတယ် ပါးဆွဲရိုက်ချင်စိတ်တွေ မနည်းထိန်းလိုက်ရတယ် ဖာခ့် ကျက်သရေကိုမရှိဘူး "
ခုမှ နဂို ခြည့်ပုံစံ ပြန်မြင်ရလို့ ကျွန်တော်နှင့် သန့်စင် သက်ပြင်းပြိုင်တူချမိသည် ။
"ဟူး ... "
"ခုနက ငါတော်တော်လေး ရွံစရာကောင်းသွားလား "
အရမ်းကို အော်ဂလီဆန်ဖို့ကောင်းကြောင်းတော့ ထည့်မပြောတော့ ။ ဘာပဲဖြစ်ဖြစ် ခုနက ကောင်မလေး ကြောက်ပြီး ပြန်ပြေးသွားအောင် လုပ်ပေးတာဘဲ အင်မတန် ကျေးဇူးတင်ဖို့ကောင်းနေပြီလေ။
တစ်ခါလေတော့လည်း ကျွန်တော့် သူငယ်ချင်းတွေက အားကိုးရသည် ။
》》》》》》》》